For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 12 June 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့၏ ၆၁ နှစ်အတွင်း ပထမ အကြိမ် ဘာသာစုံဂုဏ်ထူးရှင် မောင်ဥဂ္ဂါမြတ် (ခ) တာရာ အား ဂုဏ်ပြုပါ၏ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်မြင်သူများစာရင်းအား 7/6/2014ရက်နေ့ နံနက်ပိုင်း၌မြန်မာနိင်ငံတစ်ဝှ
မ်းလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။
  ထိုသို့ထုတ်ပြန်ကြေငြာခဲ့ရာ၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့၏ကျောင်းစတင်တည်ထောင်ဖွင့်လှစ်ခဲ့သော ၆၁ နှစ်အတွင်း ပထမ အကြိမ် ဘာသာစုံဂုဏ်ထူးရှင်တစ်ဦးပါဝင်လာခဲ့ကြောင်းသိရပါသည်။ အဆိုပါ ဘာသာစုံဂုဏ်ထူးရှင်  မောင်ဥဂ္ဂါမြတ် (ခ) တာရာ အား ဦးဇော်မင်း၊ဒေါ်အေးမြင့်ကြည် တို့မှ 26/3/1998 ခုနှစ် စနေ နေ့၌ မင်းကုန်းပိုင်းလမ်း ကန်ကြီးထောင့်မြို့၌ဖွားမြင်၍ ကန်ကြီးထောင့် အထက ကျောင်းတွင် ကျောင်းဝင်အမှတ် ၁၁၇၄၃ ဖြင့် ပညာသင်ကြားခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ အား ခုံနံပါတ် အဧ- ၃ ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ မြို့နှင့် အထက ကျောင်း၏ဂုဏ်ကို ဖော်ဆောင်၍ မော်ကွန်းသစ်ရေးထိုးပေးခဲ့သော မောင်ဥဂ္ဂါမြတ် အား ၄င်း၏ အနာဂါတ် ရည်ရွယ်ချက်ကိုမေးမြန်းခဲ့ရာ သာသနာဘောင်သို့ အပြီးအပိုင်ဝင်ရောက်လိုသော်လည်း မိဘနှင့်ဆွေမျိုးများ၏ဆန္ဒကိုလည်းမပစ်ပယ်လိုသဖြင့် ကျောင်းဆက်တက်ရန်ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါသည်။ ဤကဲ့သို့ ဘာသာစုံဂုဏ်ထူးရရှိရန် ထူးထူးခြားခြား မည်သို့ ဖတ်မှတ်ပါသလဲ ဟု မေးမြန်းရာ တစ်နေ့စာတစ်နေ့ အပြီး ဖြတ်၍ သင်ခန်းစာများပြီးဆုံးပါက အနည်းဆုံး  တစ်နေ့ တစ်နာရီ စိတ်တည်ငြိမ်စေရန်  တရား ထိုင်ပါကြောင်း ဖြေကြားပေးခဲ့ပါသည်။ ဤကဲ့သို့ ကျောင်း၏ဂုဏ်သိက္ခာနှင့် ဘာသာ သာသနာအပေါ် လူငယ်များ ပိုမိုစိတ်ဝင်စားကျင့်ကြံနိင်စေရန် နည်းပေးလမ်းပြ ဆောင်ကျဉ်းပေးခဲ့သော မောင်ဥဂ္ဂါမြတ် ခ တာရာ အားမြို့သူမြို့သားများနှင့်ထပ်တူ ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နိင်ငံသားကောင်းသာမက  သာသနာ၏အာဇာနည်သူရဲကောင်းဖြစ်ပါစေကြောင်း လေးနက်စွာဆုမွန်ကောင်းတောင်း၍ဖော်ပြအပ်ပါသည်။

ကန်ကြီးထောင့်သား
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment