For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Friday 13 June 2014
ဝန်းသိုမြို့ နယ်ကဆရာဆရာမများကြုံတွေ့ နေရတဲ့ ဒုက္ခ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကျွန်မတို့ ကတော့ ၀န်းသိုမြို့ နယ်မှ မူလတန်းပြဆရာဆရာမများဖြစ်ကြပါ
သည်။
ဝန်းသိုမြို့ နယ်ကဆရာဆရာမများကြုံတွေ့ နေရတဲ့ ဒုက္ခတွေကိုအများသိအောင်ပြောပြပါရစေ။ ၂၀၁၄ခုနှစ် ဇွန်လ အပြောင်းအရွေ့ နှင့် ရာထူးတိုးOrder ကိစ္စရဲ့ မတရားခံရတာကိုပြောမှာပါ။
အပြောင်းအရွေ့ ရာထူးတိုးအတွက်မြို့ နယ်ပညာရေးမှူးရုံးကတန်းစီဇယားစီစဉ်တာမှာ မသမာမှု၊ ခြစားလာဘ်စားမှုများ များစွာရှိနေပါတယ်။ မူလတန်းပြဆရာဆရာမများကို ရာထူးတိုးနှင့်ပြောင်းရွေ့ စီစဉ်တဲ့တန်းစီဇယား မှာ လုပ်သက်(၅)နှစ်ရှိတဲ့သူတွေကိုတန်းစီဇယားရဲ့ ထိပ်ဆုံးမှာထားပြီး လုပ်သက်(၁၀)နှစ်ရှိတဲ့သူတွေကိုတော့နောက်ဆုံးမှာထားပါတယ်။ဒါတရားပါသလား။  တန်းစီဇယားထိပ်ရောက်နေသောသူအချို့ ကိုလည်း အလုပ်ဝင်ရက် လိမ်လည်ပေးထားပါတယ်။ ၂၀၀၈ ခုနှစ်အလုပ်ဝင်ရက်ကို ၂၀၀၄ ခုနှစ်ဆိုပြီုး ၄နှစ်ကျော်၅နှစ် လုပ်သက်ပိုရအောင်လိမ်လည်ထားပါတယ်။ ဒါကိုဆရာဆရာမတွေရဲ့ မူရင်းလျှောက်လွှာနဲ့ ခရိုင်ရုံးကိုရောက်သွားတဲ့တန်းစီဇယားနဲ့ တိုက်ကြည့်ရင်အသိသာကြီးပါ။ ခရိုင်ရုံးကိုပို့ တဲ့ဆရာဆရာမတွေရဲ့ ပြောင်းရွေ့ ရာထူး တိုးမူရင်းလျှောက်လွှာတွေကိုမပို့ ဘဲမြို့ နယ်ပညာရေးမှူးရုံးမှစာရေးများစီစဉ်ပြီးသားကိုပို့ ပါတယ်။ ဒါကြောင့်ခရိုင်ပညာရေးမှူးရုံးကလည်း ဆရာဆရာမတွေရဲ့ လုပ်သက်နဲ့ အလုပ်ဝင်ရက်အမှန်ကိုမသိဘဲနဲ့ ရာထူးတိုးပြောင်းရွေ့ တွေကိုလုပ်သက်ငယ်တဲ့ သူတွေကိုပေးပြီးလုပ်သက်ရင့်တဲ့သူတွေကိုချန်ထားခဲ့တယ်။ လုပ်သက်ရင့်တဲ့သူတွေမှာ မျက်ရည်နဲ့ မျက်ခွက်ကျန်နေရပါတယ်။
ရာထူးတိုးနဲ့ ပြောင်းရွေ့ လျှောက်သူတွေရဲ့ လျှောက်လွှာတွေကိုလည်း အထက်ကိုတင်ချင်မှတင်တာပါ။ တစ်နှစ်လည်းမပါနှစ်နှစ်လည်းမပါလို့ ရုံးကိုသွားကြည့်။ အမှိုက်ပုံးထဲမှာထည့်ထားတာပဲ။ အကျိုးအကြောင်း သိချင်လို့ မေးကြည့်လည်းအဟိန်းအဟောက်ပဲခံရတယ်။ ပြဿနာလုပ်မှာစိုးလို့ ဆက်မမေးရဲကြဘူး။ မကင်းရာ မကင်းကြောင်းမို့ ဒီအတိုင်းနေခဲ့ရပေါင်းများလှပြီ။
ဒါတွေကိုအထက်ကလည်းမသိသလိုလုပ်နေပါတယ်။ မြို့ နယ်ပညာရေးမှူးကလည်းဘာမှမပြောဘူး။ စာရေးတွေလုပ်သမျှငြိမ်ခံနေတယ်။
ပြီးတော့ရာထူးတိုးတဲ့သူတွေကိုလည်းကြည့်လိုက်ပါအုံး။
မြို့ ပေါ်ကျောင်းကဆရာဆရာမကအဲ့ဒီကျောင်းမှာပဲ ပြန်ပြီးရာထူးတိုးသတဲ့။ လစ်လပ်ရှိလို့လို့ပြောအုံးမလား။ လစ်​လပ်​ရှိရင်​လည်းလုပ်​သက်​များတဲ့သူကိုဦးစား​ပေးရမှာပါပဲ။အဲ့ဒီလိုလစ်လပ်ရှိစတန်းဆိုရင် အဲ့ဒီလိုကျောင်းတွေအများကြီးပါ။ ဘယ်သူမှပြန်မတိုးဘူး။သူတို့ မကျေနပ်ရင်လျှောက်တဲ့အစီအစဉ်အတိုင်းမပေးဘူး။ ထည့်ချင်သလိုထည့်တာ။ ဦးစားပေးအစဉ်အစဉ်အတိုင်းမထည့်ပေးဘူး။ သူတို့ ထည့်ချင်ရာထည့်တာပဲ။
ခုတော့မြို့ နယ်ပညာရေးမှူးရုံးရဲ့ စီစဉ်တာတွေအားလုံးကိုလည်းအထက်ကဘာမှစစ်ဆေးခြင်းမရှိဘူး။ အားလုံးယုံနေတော့ လုပ်ချင်သလိုလုပ်နေကြတာပဲ။တာဝန်ရှိသူတွေအမြန်ဆုံးစစ်ဆေးအရေးယူသင့်ပါတယ်။
လုပ်သက်ငယ်တဲ့သူတွေရာထူးတိုးပြီးလုပ်သက်ရင့်တဲ့သူတွေရာထူးမတိုးရတဲ့အကြောင်းရင်းမှာ
လုပ်သက်လိမ်ထားတာတွေဘယ်လိုရှင်းပေးမှာလဲ။ နစ်နာတဲ့သူတွေကိုဘယ်လိုလုပ်ပေးမှာလဲ။ ၀န်းသိုမြို့ နယ်ကကောက်ကျစ်မှုတွေကိုဒီအတိုင်းပဲခံနေရတော့မှာလား။
                                         (​ဒေါ်​ဝေဆန်းကြည်
မူလတန်းပြ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment