For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 24 June 2014

ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ဆိုင်ကယ်အား စစ်ဆေးရန်တားစဉ် ထွက်ပြေးသဖြင့် မသင်္ကာ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါးတွေ့ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ တွင် ဇွန်လ(၂၃)ရက်နေ့ နေ့လည်(၁၂) နာရီ အချိန်က ကောလင်းမြို့မရဲစခန်းမှ ရဲအုပ် ဟုန်းထန်းသည် ခေတ္တရဲစခန်းမှူး တာဝန် ထမ်းဆောင်နေစဉ် ကောလင်း- ပင်လည်ဘူးသွား ကျော်ဇေယျာရပ်ကွက် လမ်းမကြီးပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ထိန်းသိမ်းရေးဆောင်ရွက်သူ ဒုတပ်ကြပ် မြသန်းလင်းနှင့် အဖွဲ့မှ ZON-GSHEN(110)ဆိုင်ကယ်အား စစ်ဆေးရန် တားစဉ် ထွက်ပြေးသွားကြောင်းနှင့် မသင်္ကာဖွယ်ရာတွေ့ရှိကြောင်း သတင်း ပို့ချချက်အရ ရဲအုပ်ဟုန်းထန်းနှင့် တာဝန် မှူး ဒုရဲအုပ်ကျော်လှဦးတို့ သွားရောက်ပြီး ဒုတပ်ကြပ် မြသန်းလင်း၊ တပ်သားထွန်း အောင်သူ၊ အရံမီးသတ် တပ်ခွဲမှူးဦးနိုင် ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစောထွန်းတို့နှင့်အတူ ရွှေဖုန်းပွင့်လမ်း မြောက်ဘက်လမ်းသွယ်တွင်ZONGSHEN (110)ဆိုင်ကယ်နှင့်ထွက်ပြေးသူ မြင့်ငွေ၊ (ဘ)ဦးသန်းအောင်၊ အသက်(၃၂)နှစ်၊ ဈေးရောင်း၊ မှော်ခါးကျေးရွာ၊ ဝန်းသိုမြို့ နယ်နေသူအား ရွှေဖုန်းပွင့်မြောက်ဘက် လမ်းသွယ် ဦးအောင်စိုးလင်း၏ အိမ်ရှေ့ လမ်းပေါ်တွင် ထိန်းသိန်းထားသည်ကို တွေ့ရှိရှာဖွေစစ်ဆေး ခဲ့ကြသည်။ ယင်းကဲ့သို့ မြင့်ငွေအား ရှာဖွေရာတွင် မြင့်ငွေထံမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါ ရောင်ရောရာ အလေးချိန်(၉.၆)ဂရမ် ထည့်ထားသော ပွင့်လန်းစာတန်းပါ အစိမ်းရောင်ပလပ်စတစ် ကွမ်းယာဘူး(၁) ဗူး၊ ဘိန်းဖြူဟုယူဆရသည့် အဖြူမှုန့် အနည်းငယ်ကပ်လျှက် အဖုံးပါ ပင်နယ် စလင်ပုလင်း(၃)လုံးတို့အား အနက်ရောင် ကျွတ်ကျွတ်အိတ်ဖြင့်ထည့်လျှက် ၎င်းဝတ် ဆင်ထားသော နီ/ဝါအနက်ခံပုဆိုး (၁) ထည်ဝတ်ဆင်ကာ ပုဆိုးခါပုံစတွင် ထည့်ထားသည်ကို သက်သေများနှင့် အတူ တွေ့ရှိသိမ်းဆည်းခဲ့ပြီး ကောလင်း မြို့မရဲစခန်းမှ မယ/(ပ)၁၈/၁၄၊ မူး/စိတ် ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရှိသည်။

 စိုင်းလူမင်း-မီဒီယာဂရု Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment