For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 12 June 2014
ဥပဒေ၏နောက်ကွယ်(အပိုင်း-၂၀-၂၁-၂၂) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
တာဝန်ရှိ ၀န်ထမ်းတွေက ငွေရလွယ်တဲ့ သစ်လောက
အသိုင်းအ၀ိုင်းထဲ ၀င်ပြီး ငွေနောက်ကိုလိုက်နေကြတော့
 မြို့ပေါ်နဲ့ နယ်တွေမှာ လောင်းကစားနဲ့ မူးရစ် အပါအ၀င်
 ခိုးမှုတွေလည်း ပေါလာခဲ့ပါတယ်။တစ်ရက် စာရေးသူ
 မိတ်ဆွေတစ်ယောက်နဲ့ တွေ့တော့ သူတို့အိမ်ခြံနား
လေးက ဆိုင်ကယ်တွေ ရောင်းနေတာ ဒီလအတွင်း
 ခြောက်စီးလောက်ရှိပြီဆိုပဲ တစ်ခါတစ်လေဟင်းတွေ
အသားတွေပါ ပါလာကြောင်းပြောပါတယ် ဈေးထဲကခိုးယူ
ခဲ့တာဖြစ်နိုင်ကြောင်းစူပါကပ်
တစ်စီးနဲ့ 125အမျိုးအစားက
 ၃စီးရှိပြီလို့ ပြောပါတယ်။ အဲ့ဒါ ဒီထက်ပိုမဆိုးလာခင်
ထိမ်းသိမ်းပေးပါဦးပြောတော့ စာရေးသူက ဘာလုပ်ရမှန်း
 မသိပါဘူး ကိုယ်က အဆင်ပြေအောင်ကြည့်လုပ်ပေးပါ့
မယ် ပြောလိုရပေမဲ့ ကိုယ့်အနေနဲ့က တာဝန်ရှိဝန်းထမ်း
လဲမဟုတ်တော့ အမှုကိစ္စအတွက် သက်ဆိုင်ရာ နယ်ထိန်း
ကို ပြောရမလား ရဲမှူးဆီဘဲ တိုက်ရိုက်တင်ပြရမလားဆို
တာ ဝေခွဲမရပါဘူး။ကိုယ့်အနေနဲ့က တာဝန်သိပြည်သူ
တစ်ဦးအနေနဲ့ တင်ပြတာ မှန်ပေမဲ့ သူတို့လုပ်ငန်းမှာ ၀င်ရှုပ်
တယ် ထင်ရင် ခက်ဦးမဲ့ အဖြစ်ပါ။
     တလောကပဲ မိတ်ဆွေတစ်ယောက်နဲ့ ဆုံတော့ အိပ်ရေးမဝ
တဲ့ ပုံပေါက်နေလို့ မေးတော့ ညက အိပ်ရေးပျက်တဲ့ အကြောင်း
ပြောပြါတယ်။ သူနေထိုင်နေရာက မြို့စွန်ပိုင်းဆိုတော့ ည ၉နာရီ
လောက်ဆို လူခြေတိတ်ပြီဆိုပါတော့  ၁နာရီလောက် အဲ့ဒီအချိန်
မှာဘေးအိမ်က မှုးရစ်သုံးစွဲသူတစ်ဦးက အချိန်မတော်တီဗွီကို
ဆောင့်ဆေင့်နဲ့တွန်းဖွင့်တော့ ရပ်ကွက်ထဲမှာဆူလို့ သူလည်း
ရာအိမ်မှူးကို အကြောင်းသွားကြားပါတယ်။ရာအိမ်မှူးကလဲ
အိမ်မှာ ဆီတွေလျှောင်ပြီးရောင်းနေသူဖြစ်တော့ သူများကို
 လက်ညိုးမထိုးရဲလို့ နယ်ထိန်းတစ်ဦးရဲ့ ဖုန်းနံပတ်ကိုပေးပါ
တယ်။ဆက်လိုက်တော့ မဟုတ်ပါဘူး ရာအိမ်မှူး အိမ်ရှေ့ကလည်း
လောင်းကစားလုပ်နေတဲ့ အိမ်တန်းဆိုတော့ ဘယ်သူမှ မစွပ်ဖက်
ကြပါဘူး ဒီကြားထဲမှာ စာရေးသူရဲ့မိတ်ဆွေ အိမ်ကညှပ်နေတော့
 ဒုက္ခများပြီပေါ့ ဒါတွေလဲပြင်ဆင်သင့်ပြီလို့ ပြောချင်ပါတယ် ။
အခြားမြို့နယ်တွေမှာ မှူးရစ်ကင်းစင်ရေးတွေ၊ လောင်းကစားပ
ပျောက်ရေးတွေ လုပ်နေချိန်မှာ စာရေးသူတို့ မြို့နယ်လည်း တစ်ခု
ခုတော့ အားကျမခံလုပ်သင့်ပါပြီ။
မှတ်ချက်။    ။အထက်ပါခိုးမှုကိစ္စအား တင်ရန် ရှိသော်လည်း ၉ရက်
ခန့် လုပ်ငန်းကိစ္စကြောင့် ကြန့်ကြာနေချိန်မှာ ထပ်မံသိရှိရသည်မှာ
 ပျောက်ဆုံးသူမှာ ၀က်သားနှင့်ကြက်သားရောရာတစ်သိန်းခွဲဘိုးခန့်
ရှိကြောင်း လာရောက်ပြောကြားပါသည်။
                                           နိုင်းမရ(ကောလင်း)
  ကိစ္စများမြောင် လူတို့ဆိုတဲ့အတိုင်းပဲ စာရေးသူ
 ကြုံတွေ့ရတဲ့ ငိုအားထက်ရယ်အားသန်ဆိုတဲ့ အကြောင်း
လေးကို တင်ပြပေးပါ့မယ်။ အချိန်က ၈.၆.၂၀၁၄ ညခင်း
 ၇နာရီခွဲ ၀န်းကျင်လောက်မှာပေါ့ အခင်းဖြစ်ပွားရာနေရာက
 မြို့နယ်လယ်ခေါင် လက်လ္ဘက်ရည်ဆိုင်ရှေ့မှာ ဖြစ်ခဲ့တဲ့
 အဖြစ်လေးပါ။
        အထက်ကပြောတဲ့ အချိန်လောက်မှာ အသက်၄၀
ဝန်းကျင်ရှိတဲ့လူကြီးတစ်အသက်၂၀ ၀န်းကျင် လူငယ်
တစ်ယောက်တို့ လက်လက်ဆိုင်ရှေ့မှာ ဆိုင်ကယ်တိုက်
မိကြပါတယ။် အဲ့ဒီအခါမှာ  အငြင်းအခုံဖြစ်ပြီး လူငယ်က
စပြီး လူကြီးကို လက်သီးနဲ့ထိုးပါတယ် ။လူကြီးလဲကျတဲ့
အချိန်မှာဆိုင်ကယ်ပါ ဖိမိလို့ လူငယ်ကို ကူညီပေးဖို့
အကူညီတောင်းပါတယ်။အဲ့ဒီအခါမှာ လူငယ်က ခင်ဗျားကို
ကူညီရင် ကျွန်တော်ကို ပြန်ထိုးမှာလားမေးတော့ မထိုး
ပါဘူး လို့ပြန်ပြောပြီး ကတိပြုတဲ့အတွက် လူကြီးဆိုင်ကယ်
ဖိနေတာကို လူငယ်က ကူညီပြီး ဖြေရှင်း ပေးပါတယ်။
      ဒါပေမဲ့ ဇာတ်လမ်းက အဲ့လိုမပြီးဘူး လူကြီးက အသင့်
ပါလာတဲ့ ဓါးကို ထုတ်ပြီး ရမ်းလို့ လူငယ်လဲထွက်ပြေးခဲ့ရပြီး
 လူကြီးက လူငယ်ရဲ့ ဆိုင်ကယ်ကို ဖျက်ဆီးလိုက်တာ
ရစရာမရှိပါဘူး။ ဒါဆို ကတိပျက်တဲ့ လူကြီးကို အရေးယူသင့်
တာပေါ့နော် သို့သော်လည်း တိုင်စရာ ရဲတပ်ဖွဲ့ဝင်က တစ်ဦး
မှ မရှိလို့ ဒီအတိုင်းဘဲ ပြီးသွားခဲ့ပါတယ် ဒီလိုကိစ္စတွေကို
အသေးဖွဲ့လို့ ပြောမှာလား လူသေတဲ့အထိရှိမှ ရဲတပ်ဖွဲ့က
လာပြီး အရေးယူမှာလား အခြားလုပ်ငန်းတွေမှာ ငွေလိုက်
တောင်းတတ်တဲ့ အခြားအဖွဲ့တွေကရော မရှိတော့ဘူးလား
 ငွေမရလို့လား ဆိုတော့ မေးခွန်းတွေများ သွားပါပြီ မြို့လည်
ခေါင်မှာဖြစ်တဲ့ကိစ္စ မျိုးမှာ တာဝန်ရှိ သူတစ်ဦးမှ မရှိဘူးဆိုတော့
 ကြည့်လဲလုပ်ကြပါဦးလို့ပဲ ပြည်သူတွေရဲ့ ရင်ထဲက အသံကို
ပြောချင်ပါတယ်။
                                          နိုင်းမရ(ကောလင်း)
 ၅.၆.၂၀၁၄ရက်နေ့က သစ်တောဦးစီးမှူး ဦးဆောင်တဲ့
ပူးပေါင်းအဖွဲ့ကနေပြီး တမလန်းသစ်ကားဖမ်းဆီးလိုက်တယ်
ဆိုတဲ့ သတင်းကိုကြားရပါတယ်။ သတင်းရဲ့နောက်ဆက်တွဲက
 အကြောင်းလေးတွေကိုလည်း ကြားရပါတယ်။
     သစ်ကားဖမ်းဆီးစဉ်မှာ ယာဉ်မောင်းထွက်ပြေးလို့ ပိုင်ရှင်မဲ့
သိမ်းဆည်းလိုက်ကြောင်း သိရပါတယ်။ ပြည်သူပိုင်ပစ္စည်း ကာ
ကွယ်စောင့်ရှောက်ရေး ပုဒ်မ ၆(၁)ဟာ အများပြည်သူနှင့်သတ်
ဆိုင်သော ပစ္စည်းတစ်စုံတစ်ရာကို ဖျက်ဆည်းသည်ဖြစ်စေ၊ခိုးယူ
သည်ဖြစ်စေ၊အမှုဖွင့်ရေးယူတဲ့ ရဲလက်စွဲပုဒ်မတစ်ခုဖြစ်ပေမဲ့ ကား
တစ်စီးလုံး ရပ်ခိုင်းပြီး ဖမ်းဆီးတာ ပိုင်ရှင်မဲ့ဆိုတော့ နဲနဲများလွန်
နေပြီလားလို့ ထင်မိပါတယ်။
နောက်ဆက်တွဲ ကြားရတာကတော့ ပစ္စည်းတစ်ဝက်ကို ပြန်ပေးဖို့
စ.ရ.ဖ သတင်းပေး ကိုဂေါ်ရာက ရဲမှူးကို တောင်းဆိုနေကြောင်း
သစ်တောဦးစီးကို ၀ိုင်းပြောပေးဖို့ပြောနေကြောင်း
ကို  ရဲတပ်ဖွဲ့နဲ့
သက်ဆိုင်တဲ့ အသိုင်းအ၀ိုင်းက ပြောခဲ့ပါတယ်။ရိုးရိုးသားသားပြော
ရရင်  စာရေးသူနဲနဲမျက်စိ လည်သွားတယ်။ပိုင်ရှင်မဲ့ဆိုပြီး သိမ်း
ဆည်းလာပြီး ပိုင်ရှင်ကပစ္စည်းတစ်ဝက်လောက်ပြန်ပေးပါဆိုတော့
 ဘယ်လိုကြီးလဲ
     ရေးချင်တာရေး၊ တိုင်ချင်တာတိုင် ဘာဖြစ်ရမှာလဲ ဆိုတဲ့စကား
တွေရဲ့ နောက်ဆက်တွဲမှာ ကျန်တဲ့ဝန်ထမ်းတွေပါ သူတို့တောင်
ဘာမှမဖြစ်တာ ငါတို့လဲလည်း လုပ်မှာဘဲ ဆိုတဲ့အသိနဲ့ ၀န်ထမ်း
လောကမှာ စရိုက်ဆိုးတွေဝင်လာခဲ့ပါတယ်။ လက်ရှိ သစ်နဲ့ မကင်း
သူတွေ လုပ်ကိုင်ဆောင်ရွက်နေသူတွေ(သို့မဟုတ်)အားပေးအား
မြောက်ပြုနေသူတွေက ၀န်ထမ်းအများစု ဖြစ်နေပါတယ်။
          တစ်ရက်က ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက်နဲ့တွေ့လို့
သူ့အနေနဲ့ ဒီလိုကိစ္စတွေကင်းကြောင်း အမှားနဲ့ပတ်သက်ပြီး သူတို့
ဘာမှမလုပ်သူတွေပါေ၇ာပြီး အမည်ပျက်ရတယ်ပြောလို့ စာရေးသ
ူ(ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်နေတာာ တစ်ကောင်နဲ့
ကတော့ ဘာမှမဖြစ်တော့ပါဘူးကွားလို့ နောက်ပြီးပြောလိုက်မိတယ်။
       ဘာဖြစ်လို့လဲ ဆိုတော့ အုပ်ချုပ်သူ အစိုးရ အသိုင်းအ၀ိုင်းကို
ပြည်သူလူထုက အကြည်ညိုပျက်အောင် တမင်များလုပ်နေကြတာ
လားလို့တွေးမိပါတယ် ။တစ်ချိန်က ခုလိုအောက်ခြေမှာ ဖြစ်ပျက်နေ
ခဲ့တာတွေ မသိလို့ မတားဆီးနိုင်ခဲ့လို့ နိုင်ငံတစ်ခုလုံး ရုန်းရင်းဆန်
ခတ်နဲ့ ပျက်စီးရလုနီးပါးဖြစ်ခဲ့ဘူးတာကို ပြန် သတိရခဲ့မယ်ဆိုရင်
 စာရေးသူတို့ အပင်ပန်းခံပြီး ရှာဖွေတင်ပြရတာ နိုင်ငံအတွက် လက်
လှမ်းမှီသလောက် ဆောင်ရွက်ပေးနေတာပါလားလို့ နဲနဲပေးတွေးနိုင်
ရင်..စာရေးသူတို့အနေနဲ့........(ဆက်လက်ဖော်ပြပါဦးမည်)
                                                 နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment