For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 22 June 2014

ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် လမ်းတံတားများ အဆင့်မြှင့်တင်ရန် ကျပ်သန်းငါးထောင်ကျော် ရခဲ့သော်လည်း လမ်းတံတားများ စံချိန်မမီဟု ဒေသခံများပြော ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရွှေဘို၊ ဇွန် ၁၅
ရွှေဘိုခရိုင် ကျွန်းလှမြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းများ အပါအဝင် လမ်းတံတားများ အဆင့်မြှင့်တင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းငါးထောင်ကျော် ချထားပေးခဲ့သော်လည်း လမ်းတံတားများ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် မပြည့်မီကြောင်း ကျွန်းလှမြို့နယ် ဒေသခံများက ပြောကြားသည်။
လမ်းတံတား ဆောက်လုပ်ခွင့်ရ ကုမ္ပဏီများနှင့် ယင်းလမ်းတံတားများကို စစ်ဆေးရန် တာဝန်ရှိ အဖွဲ့အစည်းတို့၏ အကျိုးစီးပွားအတွက် အသုံးပြုခဲ့သောကြောင့်သာ ယခုကဲ့သို့ လမ်းတံတားများမှာ သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ပြည့်မီမှု မရှိခြင်း ဖြစ်နိုင်ကြောင်း ကျွန်းလှမြို့ ဒေသခံ ဦးစိုးလှက ပြောကြားသည်။
“ကျေးရွာချင်းဆက် လမ်းတွေမှာ အုန်းသီးလောက် ရှိတဲ့ ကျောက်ပွတွေ ခင်းချင်သလို ခင်းသွားတာ။ ဒီဒေသမှာက နွားလှည်းတွေကို အဓိက အသုံးပြုပြီး ကုန်စည် သယ်ဆောင်ကြရတာ ဆိုတော့ တောင်သူတွေအတွက် အခက်အခဲ ဖြစ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။
အစိုးရက ချထားပေးသည့် ယင်းငွေကြေးများမှာ ကျွန်းလှမြို့အတွက် ၁၈ နှစ်အတွင်း ပထမဆုံး ချထားပေးသည့် ငွေကြေးဖြစ်ကြောင်း၊ ကျွန်းလှမြို့နှင့် အလှမ်းဝေးသည့် ဒေသများက ကျေးလက်လမ်းများကို အပြည့်အဝ ခင်းပေးခဲ့ခြင်း မရှိကြောင်း ရေယိမ်း-ညောင်ကိုင်း ကျောက်ကြမ်းလမ်းပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဟု ပြောဆိုသော်လည်း ၁၇ မိုင်သာ ရှိသည့် ယင်းလမ်းမှာ ရေယိမ်းကျေးရွာ၌ ခင်းပေးခဲ့ခြင်း မရှိကြောင်း ယင်းကျေးရွာဒေသခံ တစ်ဦးက ပြောကြားသည်။
ဒေသခံများက ယင်းသို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနကို မေးမြန်းခဲ့ရာ စံချိန်မမီသည့် လမ်းများကို ဌာနအနေနှင့် လက်ခံမည် မဟုတ်ကြောင်း၊ အချို့သော လမ်းပိုင်းများကို ပြင်ဆင်ခိုင်းထားပြီး အချို့သော လမ်းများမှာ ပြီးစီးခြင်း မရှိသေးကြောင်း ယင်းဌာန ဦးစီးမှူး ဦးကြည်စင်ဦးက ပြောကြားသည်။
၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းလှမြို့နယ်အတွင်း မြို့ပြလမ်း၊ ကျေးလက်လမ်း ၂၅ လမ်းအတွက် ၃၀၄၂ ဒသမ ၀၅ သန်း၊ ကျေးလက်တံတား ၁၇ စင်းအတွက် ၂၃၉၆ ဒသမ ၉၈ သန်း ချထားပေးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့သည့် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးခဲ့သော်လည်း ဒေသခံများအနေနှင့် နွားလှည်း မောင်းမရအောင် ဆိုးရွားလွန်းသောကြောင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ ဇွန်လ ၁၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

yemin htet <yeminhtet664@gmail.com>

The Voice Weekly
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment