For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 26 June 2014

မကွေးတိုင်းဒသကြီး မင်းဘူးခရိုင် စလင်းမြီု့ နယ် ဖောင်းလင်းကျေးရွာအုပ်စု နတ်စဉ်စုကျေးရွာမှ လယ်ပိုင်ဆိုင်မှုပြဿ နာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးတိုင်းဒသကြီး မင်းဘူးခရိုင် စလင်းမြီု့ နယ်
ဖောင်းလင်းကျေးရွာအုပ်စု
နတ်စဉ်စုကျေးရွာမှကျနော်မောင်စိ
ုးအောင်ဖြစ်ပါသည်။ကျနော်သည်လွန်ခဲ
့သောလေးနှစ်ခန့် က
ကျနော်၏ဇနီးမယားဖြစ်သူဒေါ်ကြည်နှင့်သဘောထားခြင်းမတိုက်ဆိုင်သဖြင့်ကွဲကွာခဲ
့ရပါသည်။ထိုသို့ လင်မယားကွဲစဉ်အခါကကျနော့်ဇနီးတွင်
သားသမီးခြောက်ယောက်ပါသွားခဲ့ ပါသည်။ရှိသည့်ပစ္စည်းများကိုလည်း ခွဲဝေပေးခဲ
့ပါသည်။ကျေးရွာမှရာအိမ်မှူးဂုဏ်ကျက်သရေရှိလူကြီးများမှ တရားဝင်ဖြစ်အောင်
စာချုပ်စာတန်းများနှင့်အပြီးအပြတ်လုပ်ဆောင်ပေးခဲ
့ပါသည်။ကျနော်သည်နောက်ထပ်အိမ်ထောင်ထပ်မယူပါ။တဦးတည်းဖြစ်သလိုနေဖြစ်သလိုစားဘ၀နှင့်လေးနှစ်ကျော်နေခဲ့ရပါသည်။ကျနော်ပိုင်ဆိုင်သောဦးပိုင်အမှတ်
(၆၇/၂)(၆၈/၃)ရှိမြေလေးဧကကို ၁၅နှစ်ကျော်လုပ်ကိုင်ခဲ့ ပြီး
ကျနော့်မိန်းမနှင့်ကွဲကွာသည့်နေ မှစ၍ယနေ့ ထိတိုင်လုပ်ကိုင်နေခဲ
့ပါသည်။ထိုမြေသည် မန်ကျီးပင်ပုကျေးရွာအုပ်စု ကွင်းအမှတ်
(၆၀၇)တည်ရှိပါသည်။ထိုကွင်းထဲမှမြေကိုမန်ကျီးပင်ပုအုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်မြေတိုင်းစာရေး
ဦးမြင့်ဇော်တို့ ထံ ၄င်းကွင်းနှင့်ပတ်သက်၍ကွင်းကျော် (ပုံစံ
၇)ရရှိရန်ပြောသောအခါ မန်ကျီးပင်ပုအုပ်စု
အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်မှ(ပုံစံ
၇)အတွက်ထောက်ခံမပေးနိုင်ကြောင်း ခင်ဗျား၏ဇနီးဒေါ်ကြည်၏သား
သိန်းထွန်းဝင်းသို
့ပေးရမည်ဖြစ်ကြောင်းပြောသောကြောင့်ကျနော်၏သဘောထားဆန္ဒမပါဘဲ
မန်ကျီးပင်ပုအုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်မှတဖက်သတ်ပြုလုပ်ခြင်းကိုကျေနပ်မှုမရှိ၍
၁၃-၅-၁၄ နှစ်တွင်အထက်အဖွဲ့ အစည်းသို့ တင်ပြခဲ
့ပြီးဖြစ်ပါသည်။ထိုတင်ပြချက်ကိုကျနော့်အားခေါ်ယူစစ်ဆေးခြင်းမရှိပါ။မန်ကျီးပင်ပုအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်ကွဲကွာနေသောကျနော့ဇနီးနှင့်ကျနော့သားတို
့ကိုခေါ်ယူစစ်ဆေးသည်ဟုသိရပါသည်။တင်ပြသူကျနော့ကိုလုံးဝစစ်ဆေးခြင်းမရှိပါ။မည်သို
့ဆုံးဖြတ်မည်ကိုလည်းကျနော်မသိတော့ပါ။အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်သည်ထင်တိုင်းလုပ်ထင်တိုင်းပြောအောက်ခြေမှကိစ္စအောက်ခြေအုပ်ချုပ်ရေးမှူး၏လုပ်ဆောင်ချက်သည်
မှန်သည်ဟုအထက်အကြီးအကဲမှယူဆလျှင်တရားမျှတမှုဖြစ်နိုင်ပါ
့မလား။ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ
အောက်ခြေပြည်သူလူထုအကျိုးဆောင်ရွက်ရာမှာ ခေါင်းပေါ်ရွက်ထားမည့်အစား
ဖင်ခုထိုင်မည်ဆိုပါက နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏သန်
့ရှင်းသောအစိုးရကောင်းမွန်သောအုပ်ချုပ်ရေးကို
ယုံမှားသံသယပြည်သူများမဖြစ်စေသင့်ပါဟုတင်ပြရင်း ရပ်ကွက်သို
့မဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို
ဆန်းစစ်သုံးသပ်ပြီးမကိုက်ညီတာဖယ်ပြီး အရေးယူဆောင်ရွက်သင့်ပြီးသန်
့စင်ပေးသင့်ပါကြောင်းအကြံပြုလိုက်ပါသည်။
        အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်ပြီး
လင်မယားခြင်းအပြီးအပိုင်အတိအလင်းကွဲကွာကြသောကာလကပင်
နှစ်ဦးပိုင်လက်ထက်ပွါးပစ္စည်းများကို ဥပဒေနှင့်အညီ ခွဲခြမ်းစိတ်ဖြာကာ
စာချုပ်စာတန်းများနှင့်ပေးအပ်ပြီးဖြစ်ပါသည်။ ယခုကျနော်ပိုင်လယ်အား(ပုံစံ
၇)ကျလာသောအခါ ကျနော့်၏လက်ဝယ်အပ်နှံခြင်းမရှိဘဲ
အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်မြေစာရင်းဦးမြင့်ဇော်တို
့မှသူတို့ ၏သဘောအတိုင်း ကျနော်နှင့်အပြီးအပိုင်ကွဲကွာခဲ
့သောမယား၏သားမောင်သိန်းထွန်းဝင်းထံသို့ လွှဲအပ်ပေးခဲ့ုခြင်းကို
နိုင်ငံတောသမ္မတကြီး၊မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပြည်ထဲရေးဝန်ကြီးဌာနမှတာဝန်၇ှိသူများသိရှိနိုင်ရန်ဖော်ပြပေးစေလိုပါသည်။နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့်ကာယကံရှင်၏သဘောထားဆန္ဒကိုအတည်ပြုခြင်းမရှိဘဲ
လုပ်ချင်ရာလုပ်သွားခြင်းသည် အင်မတန်အကျည်းတန်လှပါသဖြင့်
ထိုလုပ်ရပ်ကိုအမြန်ဆုံးပြင်ဆင်ပေးနိုင်ရန်တင်ပြအပ်ပါသည်။ ။ဦးစိုးအောင်
၈/စလန(နိုင်)၁၂၉၆၃၈ ဖောင်းလင်းနတ်စဉ်စုကျေးရွာ ဖုန်း၀၉၂၅၆၂၀၅၈၃၂
ဖုန်းနံပါတ်ဖော်ပြနိုင်ပါသည်။
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment