For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 5 August 2014

ကသာမြို့၊အလက၂၌သူငယ်တန်းကလေးငယ်အား စာမပြီး၍ ဆရာမက ဆံပင်ဆွဲလိုက်ရာမှ ဆံပင်များကျွတ်ကာ ကတုံး တုံး လိုက်ရ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ကသာမြို့ အ.လ.က(၂) မှ ဆရာမ တစ်ဦးက သူငယ်တန်းတွင် တက်ရောက် ပညာသင်ကြားနေသော ကလေးငယ် ကျောင်းသားလေး တစ်ဦးအား စာမပြီးသည့် အတွက်ကြောင့်ဟု ဆိုကာ ကလေးငယ် ၏ ဆံပင်အား ဆွဲလိုက်ရာ မည်မျှအားပြင်းသည်မသိ ကလေးငယ်၏ ဆံပင်များမှာ ကျွတ်ထွက်သွားပြီး ဦးခေါင်းမှာ တစ်လက်မပတ်လည်ခန့် အကွက်တစ်ကွက် ဖြစ်ပေါ်သွားခဲ့သည် ။ 30 - 7 - 2014 ရက်နေ့ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တာပါ ။ 
၎င်း ကလေးငယ်မှာ မိဘများကို မပြောပြရဲ၍ ပြန်မပြောခဲ့သော်လည်း ထိုညမှာပင် မိဘများက မြင်တွေ့ခဲ့သဖြင့် မေးမြန်းရာ အဖြစ်မှန်ကို သိရှိခဲ့ရသည် ။
ကသာမြို့ မှ အ.လ.က(၂) စာသင်ကျောင်းသည် ဆရာ ဆရာမ များ အသင်အပြကောင်းမှု အုပ်ချုပ်ပုံ စနစ်ကျမှု တို့ကြောင့် ပညာရည် ထူးချွန်သော ကျောင်းသား ကျောင်းသူများကို နှစ်စဉ် မွေးထုတ်ပေးနေသော ကသာမြို့ ဂုဏ်ဆောင် ကျောင်းတစ်ကျောင်း ဖြစ်သည်။ ယခုကဲ့သို့ ငါးနှစ်ကျော်အရွယ် ကလေးငယ်လေးအား စာမပြီးသဖြင့် ဆံပင်ကို လူကြီးအားဖြင့် ဆွဲရာ ဆံပင်များ ကျွတ်ပါသည်အထိ ဖြစ်ရသည်မှာ စိတ်မကောင်းစရာပင် ။
ယခုလို ပြုလုပ်ခဲ့သော ဆရာမ အား အ.လ.က(၂) ကျောင်းအုပ်ကြီး မှ ဆုံးမစကား ပြောကြားကာ ကျောင်းသားမိဘများ ကျေနပ်လောက်သည်အထိ တောင်းပန်ခြင်း မဟုတ်လျှင်တောင် အဆင်ပြေပြေ ပြောဆိုပေးဖို့ ကောင်းသည် ဟု ထင်မြင်မိပါတော့သည်။
ကြားသိရသောကျောင်းသားမိဘများ
မှာတောက်တခေါက်ခေါက်၊အံတကြိတ်ဖြင့်ဒေါသထွက်နေကြပြီးကလေးငယ်ကိုသနားနေကြကြောင်းသိရသည်။
ကျောင်းသားမိဘတစ်ဦးက
ဒါမဖြစ်သင့်တဲ့ကိစ္စပါ။ပညာရေးဌာနက
ဒီကိစ္စကိုထိထိရောက်ရောက်အရေးမ
ယူရင်ကျွန်တော်တို့တစ်ခုခုလုပ်ဖြစ်မယ်ထင်တယ်ဟုပြောခဲ့သည်။
                ကျောင်းသားမိဘတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment