For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 9 June 2014

ပဲခူးတိုင်းဒေသကြီး ( အနောက်ပိုင်း)ပြည်ခရိုင် ရွှေတောင်မြို့နယ် ပညာရေးမှူးရုံးရှိ လာဘ်စား ဖြတ်စား စာရေးမကြီး အရေးယူပေးပါ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ခေတ်မီ ဖွင့်ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကို ဦးတည်ရာတွင် လက်ရှိပညာရေးစနစ်အား ပြုပြင်ပြာင်းလဲမှုများ ပြုလုပ်လျက်ရှိပါသည်။ထို့ကြောင့် ပညာရေး ဝန်ထမ်းများအပေါ်တွင် "လစာတွေတိုးပေးထားတယ် အလုပ်ကို မခိုမကပ်ပဲ တက်တက်ကြွကြွ နဲ့ စိတ်ပါဝင်စားစွာလုပ်ကြပါ "စသည်ဖြင့် အစည်းအဝေးတိုင်းတွင်မှာကြားနေပါသည်။သို့သော် "အဆိုပါပညာရေးဝန်ထမ်းများတွင် ပညာရေးမှူးရုံးများမှ ဝန်ထမ်းများ ပါဝင်ခြင်း မရှိဘူးလား"  ဟု ပြန်လည်၍ မေးခွန်းထုတ်ချင်ပါသည်။
  လက်ရှိအချိန်တွင် ပညာတတ်ဘွဲ့ရ ဆရာ/မ များသည် ပညာရေးမှူးရုံးမှ ဝန်ထမ်းစာရေးမများ၏ ငေါက်ငမ်း ဆူပူခြင်းကို ခံနေရပါသည်။ပညာရေးမှူးရုံး ဟူသည်မှာ အထက်က ညွှန်ကြားသော လုပ်ငန်းများ လုပ်ငန်း ကိစ္စများ အပြောင်းရွှေ့ ရာထူးတိုး order များကို အချိန်နှင့် တပြေးညီ မိမိမြို့နယ်တွင်ရှိ ကျောင်းများသို့ အကြောင်းကြားပေးရန်  ထားရှိပါသည်ဟု ဆရာ/ မ များအားလုံးကနားလည်ထားကြပါသည်။ထိုကြောင့် ထိုကိစ္စများနှင့် ပတ်သတ်၍ သိရှိလိုသောအခါ ပညာရေးမှူးရုံးသို့ ဖုန်းဆက်မေးမြန်းသောအခါ ယင်းတို့နှင့်အပေးအကျွေး လုပ်ထားသော ဆရာ/မ များ မကင်းရာ မကင်းကြောင်း လူများမှတပါး အခြား ဆရာ/မများအား  မချေမငံအော်ဟစ်၍ ပြန်လည်ဖြေကြားသည်မှာ စာရေးများ၏ ထုံးစံပင် ဖြစ်နေသည်။
  ထို့အပြင် ရွှေတောင် မြို့နယ်ရှိ စာသင်ကျောင်းများသို့ အလုပ်ဝင်ရန် လာသော ဆရာ/မ များသည် မိမိ အလုပ်ဝင်ရမည့် ကျောင်းမှ ကျောင်းအုပ်နှင့် မတွေ့ခင် မြို့နယ်ရုံးမှ စာရေးမကြီးနှင် အရင်တွေ့ရပါသည်။အလုပ်ဝင်ကြောင်း ဖောင်များ ကိုယ်ရေးရာဇဝင်များ ဖြည့်စွက်ရာတွင် ယင်းစာရေးမကြီးအား သုံးထောင်ခန့်ပေးလိုက်ပါက အစစအရာရာ လျောလျောလျူလျူဖြင့် အလုပ်ဝင် နိုင်မည်ဖြစ်သည်။( ကိုယ်တိုင် အလုပ်ဝင်တုန်းကလည်း ပေးခဲ့ရပါသည်)တပြားမှ မပေးပါက မျက်နှာအချိုးပြောင်းကာ စတင် ရစ်ပါတော့သည်။အလုပ်ဝင်ခါစ အတွေ့အကြုံမရှိသေးသော ဆရာ/မ လေးများအနေဖြင့် ထိုအခြေအနေမျိုးတွင် TEO ထက် ထိုစာရေးမကို ပိုကြောင်နေရသည်မှာ အဆန်းမဟုတ်တော့ပေ။ပိုက်ဆံငါးရာခန့်ကို စာအိတိဖြင့် ထည့်ပေးပါက " ငါးရာ တစ်ထောင်လောက်နဲ့များ စာအိတ်နဲ့ လာထည့်ပေးမနေနဲ့ "ဟု ဆိုကာ စာအိတ်အား လွှင့်ပစ်ပါသည်။တော်တော်လေးကို စားပါးဝနေသော စာရေးမကြီးပင် ဖြစ်သည်။မြို့နယ်တွင်းရှိ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများသည်လည်း ၄င်းစာရေးမကိုပင် အဆင်ပြေအောင်ပေါင်းထားရသည်။၎င်းနှင့် အဆင်မပြေပါက အထက်မှ ညွှန်ကြားသည့် လုပ်ငန်းကိစ္စများကို အကြောင်းကြားပေးခြင်းမရှိပေ။အကြောင်းကြားပါကလည်း အခြားကျောင်းများထက် နောက်ကျမှ အကြောင်းကြားလေ့ရှိသည်။
၂၀၁၄ ခုနှစ် ဇွန်လတွင် ပညာရေးဝန်ထမ်းများ၏ အပြောင်းရွှေ့ ရာထူးတိုး order များကိုလည်း အခြားမြို့နယ်များနှင့် တန်းတူ ထုတ်ပေးခြင်းမရှိပါ။အချိန်မီဆက်သွယ်မှု မပြုလုပ်သည့် အတွက် ဆရာ/မ များမှာ အခြာမြို့နယ်ရုံးများရှိ ပညာရေးဝန်ထမ်း(သူငယ်ချင်း ဆရာ ဆရာ မများ )၏ order များမှတဆင့် မိမိ ဝင်ရောက်ရမည့် ကျောင်းများကို သိရှိရသော်လည်း မြို့နယ်ရုံးမှ အကြောင်းကြားခြင်းမရှိပါ။မြို့နယ် ရုံးသို့ ဖုန်းဆက်၍ စုံစမ်းပါကလည်း   "အလုပ်ရှုပ်ရတဲ့ကြားထဲ ကိုယ်သိချင်တာပဲ မေးနေကြတယ် သေချာချင်ရင် ကိုယ်တိုင်ရုံးကို လာကြည့်" ဟု ငေါက်ငမ်းပြောဆိုကာ ဖုန်းချပစ်ပါသည်။
ဤသည်မှာ စာရေးများ၏ အကျင့်ဖြစ်သည်။သူတို့လောက် အလုပ်များတဲ့သူ မရှိဘူးဟု ထင်နေပုံရသည်။
     ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စာသင်ကျောင်းများ၌ ဖုန်းကဒ် ခွဲတမ်းများ ချပေးရာ အခြားမြို့နယ်များတွင် လူစုံရရှိသော်လည်း ရွှေတောင်မြို့ရှိ ဝေးကွာသော ကျောင်း(ဝန်ထမ်း ၂၀ ကျော်ရှိသောကျောင်း)တွင် ၈ ဦးသာရရှိပြီး နောက်ထပ်မရရှိတော့ပါ။
ထို့ကြောင့် ရွှေတောင်မြို့နယ်ရှိ ပညာရေးဝန်ထမ်းများ၏ အခက်အခဲများကို အများပြည်သူသိရှိနိုင်စေရန် သတင်း ပေးပို့လိုက်ပါသည်။

ေေ ရွှေတောင်မြို့နယ်မှ ဆရာ/မ များ

 

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။


No comments:

Post a Comment