For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Tuesday 3 June 2014
ကသာမြို့မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ အစည်းအဝေးတွင် မြို့တော်ခန်းမ ဆောက်လုပ်ရန် ငွေကျပ်(၇) သိန်းလှူဒါန်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ငြိမ်းငြိမ်း(ကသာ)...
      စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ကသာမြို့
အမှတ်(၄)ရပ်ကွက် " ကြိုက် " ခန်းမ၌  ဇွန်(၁)ရက်နေ့
 (၀၉း၃၀) အချိန် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်
တကျပြေးဆွဲနိုင်ရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ ခုနှစ်
အတွက် နှစ်ပတ်လည်အစည်းအဝေးကို ကသာမြို့ ၊
အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း စာသင်
ခုံ(၂၅)ခုံအတွက် ငွေကျပ်(၆၇၀၀၀၀ိ/-)နှင့် မြို့တော်
ခန်းမဆောက်လုပ်ရန် ငွေကျပ်(၇)သိန်း လှူဒါန်းခဲ့
ကြောင်း သိရသည်။
       ကသာမြို့ ပုဂ္ဂလိက  မော်တော်ယာဉ်များ စနစ်
တကျပြေးဆွဲနိုင်ရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ ခုနှစ်
တွင် နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိ
 ဦးသိန်းမင်းအေး(ခရိုင်ပို့ဆော
င်ရေး စီမံကိန်း ဦးစီးမှူး)
 က ကော်မတီအနေဖြင့် မြို့မိမြို့ဖများ ၊ မြို့နယ်အထောက်
အကူပြုကော်မတီများနှင့် ပူးပေါင်း၍ ဒေသခံအကျိုးပြု
လုပ်ငန်း၊ဘာသာ/သာသနာရေးလုပ်ငန်း၊ လူမှူရေးလုပ်ငန်း
တို့တွင် ပါဝင်ကူညီခဲ့ကြောင်း၊ အမြတ်အပေါ် သတ်မှတ်
ရာခိုင်နှုန်းအတိုင်း မော်တော်ယာဉ်များအပေါ် ဆုငွေများ၊
ဝန်ထမ်းဆုများ ပေးမည့်အပြင် အလက (၁)ကျောင်းထိုင်ခုံ
 (၂၅)ခုံနှင့် မြို့တော်ခန်းမဆောက်လုပ်ရန် ငွေကျပ်(၇)
သိန်းလှူဒါန်းမည်ဖြစ်ကြောင်း ၊ အသင်းတိုးတက်ရန်အတွက်
ခဲ့သည်။
       ယင်းနောက် ကသာမြို့ ၊ပုဂ္ဂလိက မော်တော်ယာဉ်များ
 စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ၏ ၂၀၁၃-၂၀၁၄  ခုနှစ်
အတွက် နှစ်ပတ်လည်အစည်းအဝေးတွင် တင်သွင်းသည့်
အစီရင်ခံစာအား အသင်းဥက္ကဌ ဦးငြိမ်းဆောင်က ဖတ်ကြား
တင်ပြပြီး ဘဏ္ဍာရေးမှူး ဦးမောင်မောင်က ဘဏ္ဍာရေးအစီ
ရင်ခံစာကို ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသ
ကြီး လွတ်တော်ကိုယ်စလှယ် ဦးစိန်ထွန်းနှင့် တာဝန်ရှိသူများ
က မော်တော်ယာဉ်လိုင်းများနှင့် ၀န်ထမ်းများအား သတ်မှတ်
ဆုကြေးငွေများ ပေးအပ်ခဲ့သည်။
         အဆိုပါ ကော်မတီဝင်များက အလက(၁)တွင် ထိုင်ခုံ
(၂၅)ခုံ ပြုလုပ်ရန် ငွေကျပ် (၆၇၀၀၀၀ိ/-) အား လှူဒါန်းရာ
ကျောင်းဆရာမကြီး ဒေါ်နွဲ့နွဲ့မှ လက်ခံရယူခဲ့သည်။ ဆက်
လက်၍ အသင်းဥက္ကဌ ဦးငြိမ်းသောင်က မြို့တော်ခန်းမဆောက်
လုပ်ရန် ငွေကျပ်(၇)သိန်း လှူဒါန်းရာ မြို့နယ်စီပင်သာယာရေး
အမှူ ဆောင်ကော်မတီ ဥက္ကဌ ဦးတင်ဌေးက လက်ခံရယူခဲ့ကြောင်း
သိရသည်။
                                           စိုင်းလူမင်း၊မီဒီယာဂရု
                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment