For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 26 June 2014

မန္တလေးမြို့ပေါ် တရားမဝင်ငါးဂိမ်းဆိုင်များနှင့် တရားဝင်ငါးဂိမ်းဆိုင်များအား အမြန်ဆုံးဖမ်းဆီးအရေးယူပေးပါရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


မန္တလေးမြို့ပေါ်တွင်တရားမဝင်ငါးဂိမ်းဆိုင်များနှင့်တရားဝင်ငါးဂိမ်းဆိုင်များအားဖွင့်၍
 လောင်းကစားမှု့များပြုလုပ်နေကြပါသည်။တချို့ဆိုင်များသည်သည်
လိုင်စင်မရှိဘဲနယ်မြေလုံခြုံရေးများနှင့်ပူးပေါင်း၍ဖွင့်၍လောင်းကစားမှု့များပြုလုပ်နေကြပါသည်။
လိုင်စင်ရှိဂိမ်းဆိုင်များမှာလဲနယ်မြေလုံခြုံရေးများဖြင့်ပူးပေါင်းကာလောင်းကစားမှု့များပြုလုပ်နေကြပါသည်။
တရားဝင်လိုင်စင်ရှိဆိုင်များမှာလောင်းကစားပြုလုပ်ရာတွင်သီးသန့်ခန်းတွင်
ငါးစက်များအားထားရှိကာလောင်းကစားမှု့များကိုပြုလုပ်စေပါသည်။
ထိုသို့ကစားရာတွင်ထိုးသားမှအနည်းဆုံးငွေငါးထောင်ထည့်မှကစားရပါသည်ထိုးသားမှ
အမှတ်သုံးသောင်းလောက်ရလျှင်ဆက်မကစားလိုသောအခါထိုအမှတ်ငါးထောင်ကို
ကပ်ပြားလေးထုပ်ပေးပါသည်သို့မဟုတ်ပါက ကစားသူကမကစားလိုလျှင်ဖြစ်စေပြန်မည်ဆိုပါက
ထိုကဒ်တွင်ရှိသောငွေတန်ဖိုးကို ငွေသားဖြင့်ပြန်၍လဲလယ်ပေးပါသည်။
ထိုသို့တရားမဝင်ဥပဒေလက်တစ်လုံးကြားပြုလုပ်၍ဖွင့်လှစ်ထားသောဆိုင်မှာ ၄၁ လမ်းအစိုးရသားရေစက်ရုံအနားတွင်ဖွင့်လှစ်ထားသောစီးတီးပဲလေ့စ်ကစားကွင်းဘဲဖြစ်ပါသည်။
ထိုကစားကွင်းအားဥပဒေအရအရေးယူဖမ်းဆီးပေးစေချင်ပါသည်။
ထိုသို့စည်ပင်သာယာရေးကော်မတီမှလိုင်ချပေး၍တရားဝင်ဖွင့်ထားကစားကွင်းများသည်
မန်းတွင်အများအပြားရှိပါသည်ထိုကစားကွင်းများတွင်လာရောက်အပန်းဖြေကစားကြသည်မှာ
လဲကလေးသူငယ်ကျောင်းသားများပင်ဖြစ်ကြပါသည်။
သို့ဖြစ်ပါ၍ထိုကစားကွင်းများတွင်အလျှော်အစားပြုလုပ်ပေးသောဂိမ်းကစားစက်များအားထားရှိချင်းအားဖြင့် ကလေးသူငယ်ကျောင်းသားများအတွက်နောင်ရေးမကောင်းပါ အရွယ်ရောက်လာပါကလောင်းကစားမှု့ကိုပြုလုပ်စေရန်အားပေးမှုကိုဖြစ်ပေါ်စေပါသည်။
သို့ပါသောကြောင့်ကစားကွင်းများမှအလျှော်စားပြုလုပ်ပေးသောဂိမ်းစက်များအား
အမြန်ဆုံးဖယ်ရှားပေးစေလိုပါသည်။တချို့ဆိုင်များတွင် အကြွေစေ့ဖြင့်ကစားစေပြီးထိုအကြွေစေ့များအားဆိုင်မှငွေကြေးဖြင့်
လဲလှယ်မပေးသော်လဲထိုအကြွေစေ့များကိုကစားသူအချင်းချင်းပြန်လည်ရောင်းချပြီး
 လောင်းကစားပြုလုပ်နေကြပါသည် သို့ဖြစ်ပါ၍ထိုကစားကွင်းများအတွင်းရှိအလျှော်စားပြုလုပ်သောဂိမ်းစက်များကို
အမြန်ဆုံးဖယ်ရှားပေးစေလိုပါသည်။ထိုသို့ဂိမ်းဆိုင်များအားမန်းတွင်လွန်ခဲ့သောရက်
အနည်းငယ်အတွင်းဝင်ရောက်ဖမ်းဆီးအရေးယူခဲ့သော်လဲ ယ္ခုအခါတွင်နယ်မြေတာဝန်ခံများဖြင့်ပူးပေါင်း၍ထပ်မံဖွင့်၍လောင်းကစားမှုများပြုလုပ်နေကြပါသည်။
ထိုသို့ပြုလုပ်နေသည်ကိုတာဝန်ကြနယ်မြေအားသတင်းပေးတိုင်ကြားအရေးယူခိုင်းရာတွင်
နယ်မြေတာဝန်ခံမှဖမ်းဆီးအရေးယူချင်းမပြုဘဲလောင်းကစားဂိမ်းဆိုင်အားခဏပိတ်ခိုင်းလိုက်ပါသည်။
ရက်အနည်းငယ်ကြာလျှင်ပြန်ဖွင့်စေပြန်ပါသည် တိုင်းလျှင်လဲထိုနည်းတူပြုလုပ်၍ပိတ်ခိုင်းပြန်ပါသည်။သို့ပါသောကြောင့် အထက်မှတာဝန်ရှိတာဝန်သိလူကြီးမင်းများသက်ဆိုင်သည့်ဌာနများမှအမြန်ဆုံးဖမ်းဆီးအရေးယူပေးပါရန်
တိုင်ကြားအပ်ပါသည်။ထိုသို့ ထိုသို့  ဥပဒေသည် လဒ်စားမှု့များအောက်တွင်မနှစ်မြုပ်စေရ တာဝန်သိပြည်သူတစ်ယောက်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment