For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Tuesday 11 March 2014
ဝန်ထမ်းနှင့် စည်ကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း..........
     " ၀န်ထမ်းဆိုသည်မှာ ၀န်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏
 ဖွဲ့စည်းပုံပါရာထူးတွင် ခန့်အပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်းကို
 ဆိုလိုသည်ဟု ၀န်ထမ်း၏  အဓိပ္ပာယ်ကို ပြည်ထောင်စုရာထူး
အဖွဲ့ ဥပဒေ တွင် ဖော်ပြထားပါသည်။
ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အားလျှာ်စွာ မူလတာဝန်
သာမက အခြေားလိုအပ်သော တာဝန်များကိုလည်း နိုင်ငံတော်
က ပေးအပ်လာလျှင် ဆောင်ရွက်ရန် တာဝန်ရှိပါသည်။
          ထို့ကြောင့် ပေးအပ်သည့်တာဝန်ကို  လိုလိုလားလားနှင့်
ကျေပွန်စွာ ထန်းဆောင်သူများကို နိုင်ငံတော်က အသိအမှတ်ပြု
 ၍ ချီးမြှင့်လျှက်ရှိသကဲ့သို့ တာဝန်ပျက်ကွက်သူများ၊ စည်းကမ်း
ဖောက်ဖျက်သူများကိုလည်း ဌာနဆိုင်ရာက အရေးယူ၍ ကျူးလွန်
သည့် ပြစ်မှု နှင့် အညီ ၀န်ထမ်းထမ်းဆောင်သည့်ကာလ၌  ကျူး
လွန်မှု၊ ပျက်ကွက်မှုများ ရှိခဲ့လျှင် ကျူးလွန်မှု၊ ပျက်ကွက်မှုနှင့်
 ထိုက်တန်သည့် ပြစ်ဒဏ်မျိုးချမှတ်ခံရမည် ဖြစ်သည်။
          ထို့ကြောင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စများကို
 ဆောင်ရွက်ရာတွင် တရားမျှတမှုနှင့် ညီမျှမှု ရှိစေရန် နည်းစနစ်
မှန်ကန်စွာဖြင့်  ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲသူများသည်
လက်အောက် ၀န်ထမ်းများကို အပြစ်ပေး အရေးယူရာတွင်
 အောက်ပါအခြေခံမှုများကို လိုက်နာရမည်ဟု ဆိုပါသည်။
      (၁)၀န်ထမ်းတို့သည် သတ်မှတ်ထားသည့်ကျင့်ဝတ် စည်းကမ်း
များကို စောင့်ထိန်းလိုက်နာပြီး လုပ်ငန်းကျွမ်းကျင်မှု အစဉ်တိုးတက်
နေစေခြင်းဖြင့် ၀န်းထမ်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်မား
စေရေးကို ဦးတည်ချက်ထားရမည်။
       (၂)၀န်ထမ်းကျင့်ဝတ် ပျက်ယွင်းခြင်း၊ စည်းကမ်းဖောက်ဖျက်
ခြင်း၊ တာဝန်ပျက်ကွက်ခြင်းတို့အတွက် ၀န်ထမ်းကို အရေးယူ
အပြစ်ပေးရာတွင်  ပညာပေးပြုပြင်ရေးကို ရှေးရှုသည်။
        (၃)ဌာနဆိုင်ရာ အရးယူအပြစ်ပေးခြင်းနှင့်တရားဥပဒေအ
ကြောင်းအရ အရေးယူအပြစ်ပေးခြင်းတို့၏ နယ်ပယ်ကွဲပြားမှုကို
 ဂရုပြု၍ လုပ်ထုံး လုပ်နည်း မှန်ကန်စွာ ဆောင်ရွက်ရမည်။
        (၄) အရေးယူခံရသည့်ဝန်ထမ်းကို ရှင်းလင်းချေပခွင့် လုံ
လောက်စွာ ပေးရမည်။
         (၅)ဌာနဆိုင်ရာ စစ်ဆေးအမှုဖွင့်၍ စစ်ဆေးကြားနာရာ၌
ခြွင်းချက်ပြုထားသည့် ကိစ္စ မှတပါး အရေးယူခံရသည့် ၀န်ထမ်း
၏ရှေ့တွင် ကြားနာရမည်။
         (၆) အရေးယူခံရသည့် ၀န်ထမ်းတွင် အပြစ်မရှိကြောင်း
 တွေ့ရှိပါက အရေးယူခံရခြင်းကြောင့် ၀န်ထမ်းရေးဆိုင်ရာ
 ပိုင်ဆိုင်ခွင့်များ ဆုံးရှုံးမှု မရှိစေရန် ဆောင်ရွက်ပေးရမည်။
         (၇) အရေးယူခံရသည့် ၀န်ထမ်းတွင် အပြစ်ထင်ရှားတွေ့
ရှိ၍ အပြစ်ပေးရာတွင် စည်းကမ်းထိန်းသိမ်းမှု ထိရောက်စေမည့်
          (၈)၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်များကို ချမှတ်ရာ၌  ပြစ်မှုနှင့်
ပြစ်ဒဏ် လိုက်လျောညီထွေမှု ရှိရမည်။
          (၉) အယူခံ ပိုင်ခွင့်ရှိစေရမည်။
          (၁၀) ဌာနဆိုင်ရာ အရေးယူမှု၊ အယူခံမှု၊ ပြင်ဆင်မှုတို့
တွင် တရားမျှတမှု ရှိစေရမည်။
          အထက်ဖော်ပြပါ အခြေခံမှုများကို ခြုံငုံ၍ လေ့လာကြည့်
ပါက ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေး၏ အဓိက ဦးတည်ချက်မှာ
 ကျင့်ဝတ်စောင့်ထိန်းရေး၊ စည်းကမ်းလိုက်နာရေးနှင့် စွမ်းဆောင်
ရည် မြှင့်မားရေးတို့ ဖြစ်ပြီး ၀န်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့်
 လုပ်ကိုင်ရည်တိုးတက်မြှင့်မားရေးအတွက် ကြိုးစားအားထုတ်ရန်
 စည်းကမ်းထိန်းသိမ်းရေး နည်းစနစ်များဖြင့် ပြုပြင်ပေးခြင်း ဖြစ်
ကြောင်း သိရှိနိုင်ပါသည်။
                                             Kawlin Media Group
                                              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment