For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Sunday 16 March 2014
ရေဦးမြို့မှ မြင့်မြတ်သူတို့၏ နှလုံးသားပုံရိပ်(ဆောင်းပါး) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း....
          " ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ "
 ကိုယ်ကျိုးမပါ ၊ သူ့အတွက်သာငဲ့ ကာဆောင်ရွက်ရ၊
ဂရုနာထား ၊ မေတ္တာပွား စွမ်းအားဖြည့်ပေးရ
သူ့ဂုဏ်စောင့်ရှေကြ် ၊ ကိုယ့်ဂုဏ်မြောက်
ထွန်းတောက် စွမ်းအားရ
 ပရဟိတဆိုတာ...သူ့အတွက် ကိုယ်အနာခံပေးကာ
ကံအား ဥာဏ်အား ၊လုံးလ အားတို့ ရှားပါးမစုံ
မလုံလောက်ငြား ၊လူအများ သနားငှဲ့ညှာ ကူညီရ
ကိုယ့်ကျေးဇူးကို ၊ အထူးသိကာ တုန့ပြန်လာငြား
မလိုလား စိတ်ထားသန့်ရှင်းရ၊
ကိုယ့်စေသနာ ၊ကိုယ့်မေတ္တာကြောင့်
သူ့မှာ ငြိမ်းချမ်း မပင်ပန်း ရွှင်လန်းဝမ်းသာရ
                       (ယောဆရာတော်)
     စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့သည် မြို့နှင့်
လူဦးရေတိုးတက်လာသည်နှင့်အမျှ  ကွယ်လွန်သူများ
၏ ရှပ်အလောင်းကိုမြှပ်နှံသဂြိုလ်
ရာတွင် နေရာထပ်
လာခြင်း၊ တည်ဆောက်ပြီးသော အုတ်ဂူများ များပြား
လာခြင်းတို့ကြောင့် အဆင်မပြေမှုများ ရှိလာနိုင်
သဖြင့် ရေဦးမြို့ မဂဇင်္ဇလာရာမ ပရိယုတ္ထိစာ
သင်တိုက် ၊ ပဓာနနာယက  ဆရာတော် အဂ္ဂမဟာဂန္တ
ကူညီရေးအသင်းမှ ဦးဆောင်ကာ
 မြို့လုံးဆိုင်ရာ မီးသဂြိုလ်စက်ကို   မတည်အလှူရှင်
များ၊ လစဉ်ကြေးအလှူရှင်များ၊ သီးခြားစေသနာရှင်
များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျှက် ရှိသည်
ကို တွေ့မြင်ရသည်။
          "လူနေမှုစနစ်တွင် တဖြည်းဖြည်း ပြောင်းလဲ
လာတာနဲ့အမျှ မြို့ရွာ ဒေသအသီးသီး တွေမှာ အသိ
အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေ ရှိလာတဲ့အမျှ  နာရေးကူညီ
မှုအသင်းတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆင်းရဲ
ဒုက္ခရောက်နေသူတွေကို လှူဒါန်းကူညီပေးတဲ့
လုပ်ငန်းတွေကို ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကိုယ့်အား
ကိုယ်ကိုးပြီး စုပေါင်းလုပ်ကိုင်ဆောင်ရွက်နေကြတာ
 လူတိုင်းအသိပါပဲ ၊အဲ့ဒါကြောင့် ဒိလိုဆောင်ရွက်နေ
ကြတဲ့  ပုဂ္ဂိုလ်ကြီးတွေကို အတုယူပြီး ရေဦးမြို့မှာလည်း
 ရှိသင့်တယ်လို့ နမူနာယူပြီး အကျိုးဆောင်လူကြီးများ
 အနေနှင့် မင်္ဂလာရာမ ပရိတ္တိစာသင်တိုက် ၊ပဓနနာယက
ဆရာတော် အဂ္ဂမဟာဂန္တ ၀ါစကပဏ္ဍိတ၏ အနီးကပ်
 ကြီးကြပ်လမ်းညွှန်မှု ကိုခံယူပြီးတော့"မြင့်မြတ်သူလူ
မှုကုညီရေးအသင်း" အမည်နှင့် (၁၁-၉-၂၀၀၉)ခုနှစ်မှာ
 စတင်ဆောင်ရွက်ခဲ့ပါတယ်  " ဟု လူမှုကူညီရေး အသင်း
ဝင် ဦးစံဌေးက ရှင်းလင်းပြောပြသည်။
       "ဆရာတော်ကြီးရဲ့ သြ၀ါဒ ခံယူပြီး ရေဦးမြို့သူမြို့
သား စိတ်ထား မြင့်မြတ်သူ တို့စုပေါင်း လှူဒါန်းငွေများ
နှင့် ဆောင်ရွက်နေတဲ့ "မြင့်မြတ်သူလူမှုကုညီရေးအသင်း"
 ဟာ (၁၁-၉-၂၀၁၂)နှစ်ဆိုရင် (၃)နှစ်တင်းတင်း ပြည့်ခ
ဲ့ပါပြီး၊ ဒီ(၃)နှစ် တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့သမျှ
တွေကို ပြောရမယ်ဆိုရင်    ဆရာတော်သင်္ဃာတော်များ
နှင့် လူပုဂ္ဂိုလ်(၅၄၄)ဦးတို့ကို မိမိတို့ဆန္ဒရှိတဲ့ ဆေးရုံ၊
ဆေးခန်းကနေ မိမိတို့နေထိုင်ရာ မြို့ရွာနေအိမ်များသို့
 ပို့ဆောင်ကူညီနိုင်ခဲ့ပါတယ်၊ သေဆုံးကွယ်လွန်(ပျံလွန်
တော်မူ)သွားကြတဲ့ ဆရာတော်၊ သံင်္ဃောတော်
များနဲ့ လူပုဂ္ဂိုလ်(၄၈၀)ဦးတို့၏ ရုပ်အလောင်းကို သက်
ဆိုင်ရာ မြို့များနဲ့ သုဿာန်များသို့ ပို့ဆောင်ကူညီပေး
ခဲ့ပါတယ်၊ ဒါပြင် သဂြိုလ်စရတ်မပြည့်စုံသူတွေကိုလည်း
တစ်ဦးလျှင် (၃၀၀၀ိ/-)စီနဲ့၊ (၄ရ)ဦးအား ထောက်ပံ့ ကူညီ
ပေးနိုင်ခဲ့ပါတယ်" ဟု ဦးမောင်မောင်က ရှင်းလင်း
ပြောပြသည်ကို သိရသည်။
          အဆိုပါအသင်းသည် မတည်အလှူရှင်များ၊
လစဉ်အလှူရှင်များ ၊ လူနာရှင်များ၊ ကွယ်လွန်သူများက
 ရည်စူးပြီး ကျန်ရစ်သူများက သဒ္ဓါတရားဖြင့် လှူဒါန်း
ကြသော အလှူငွေများဖြင့်ပင် အောက်စီဂျင်ဗူးများ
 (အခမဲ့) ရက်အကန့်အသတ်မရှိ ပေးလှူခြင်း၊ နှစ်ပတ်
လည်တရားပွဲများကျင်းပ၍ တရားကုသိုလ်
ပေးခြင်း၊ သားငယ်သမီးငယ်များ၊ ယဉ်ကျေးလိမ်မာ
သော ပညာတတ်လူတော်လူကောင်းများ ဖြစ်လာစေရန်၊
 ရည်ရွယ်ပြီး ယဉ်ကျေးလိမ်မာသင်တန်းများ ဖွင့်လှစ်
ပေးခြင်း စသော လုပ်ငန်းများကိုလည်း ဆောင်ရွက်
ပေးနိုင်ခဲ့သည်။
         အသင်း၏ လုပ်ငန်းဆောင်ရွက်မှု ရ/သုံးငွေစာရင်း
ရှင်းတမ်းကို အလှူရှင်များ၊ စိတ်ပါဝင်စားသူများ သိရှိနိုင်
ရန်နှင့် ဝေဖန်သုံးသပ်အကြံဥာဏ် များပေးနိုင်ရန် နှစ်
အလိုက် အလှူရှင်များထံ ဖြန့်ဝေနိုင်ခဲ့သည်ဟု ဆိုသည်။
          အထူးအဖြင့် (၃)နှစ် တာကာလတွင် တစ်မြို့လုံးရှိ
အမှိုက်များ သုဿာန်အတွင်းစွန့်ပြစ်ထားမှုကို ရှင်းလင်း
ဖယ်ရှားပြီး သန့်ရှင်းသာယာအောင်မြေပြုပြင်ခြင်းလုပ်ငန်း
ကို လနှင့်ချီပြီး ဆောင်ရွက်ခဲ့ကြရာ ပြုပြင်ရန်လိုအပ်နေ
သော ရေစက်ချသုဿာန်ဇရပ်ကိုလည်း ဆရာတော်များ
၏ သြ၀ါဒအတိုင်း တိုးချဲ့ပြုပြင်ခြင်း၊ တရားဝင်သတ်မှတ်
ထားသော သုဿာန်မြေကို ကွန်ကရစ်တိုင်များစိုက်ပြီး
သံဇကာများ ကာရံခြင်း၊ သုဿာန်မြေပေါ်တွင် လိုအပ်
သော အရိပ်ရသစ်ပင် ၊ အလှအပပန်းပင်များကို စိုက်ပျိုး
ခြင်း၊ အဆောင်နှင့် တကွ ရေတွင်း တူးခြင်းလုပ်ငန်းတို့
ကို ပြုလုပ်နိုင်ခဲ့ကြသည်။
         သုဿာန်နှင့်ပတ်သတ်၍  မြေပြုပြင်မျု၊ သန့်ရှင်းမှု
စ၍  ဇရပ်တိုးချဲ့ပြုပြင်ဆောက်လုပ်ပြီးသည်အထိ ကုန်ကျ
ငွေ ကျပ်သိန်းပေါင်း(၁၀၀)ခန့်ရှိ သည်ဟု သိရှိရပြီး အမှိုက်
စွန့်ပြစ်သူက ဘာမှမမှတ်မထားဘဲ စွန့်ပစ်လိုက်ပေမယ့်
နေရာဌာနအရရော၊ မြို့နယ်လူထုကျန်းမာရေးအရ မသင့်
တော်လို့ သန့်ရှင်းရသူက ငွေကြေးပမာဏများစွာ ကုန်ကျ
ခံ ဆောင်ရွက်ခဲ့ရတာကို သင်ခန်းစာယူပြီး နောက်ထပ်
 ဒီလိုမျိုးမဖြစ်ရအောင် လူတိုင်းတာဝန်သိသိစောင့်ရှောက်
ကြဖို့ လိုအပ်သည်ဟု ဆိုသည်။
       ရေဦးမြို့ရှိ"မြင့်မြတ်သူလူမှုကူညီရေးအသင်း"
သည် အများအကျိုးမသယ်ပိုးဘိုးဘဲ ကိုယ်ကျိုးမျှသာ
ဆောင်ရွက်ပါက ဘယ်မှ လူဖြစ်ရကျိုးနပ်မှာလည်း"
ဆိုသည့် ကဗျာတစ်ပိုင်းတစ်စ ပညာရှိတို့၏ အဆုံး
အမကို  အမှတ်ပြူရင်း ပရဟိတလုပ်ငန်းများကို
 ဆောင်ရွက်ပြီးခဲ့သမျှ ပရဟိတ ကုသိုလ်ပုညမြတ်
ဘာဂကို မျှဝေခံစားရင်း ရေဦးမြို့မှ"မြင့်မြတ်
သူတို့၏  နှလုံးသားပုံရိပ် " ကို ဂုဏ်ပြု ရေးသား
လိုက်ရပါသည်။
                     Kawlin Media Group
                    Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment