For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 9 March 2014

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ရှိအစိုးရစီးပွားရေးဘဏ်မှာ ငွေထုပ်သူထံမှထပ်မံငွေ တောင်းခံခြင်းများပြုလုပ်နေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ရှိအစိုးရစီးပွားေ
ရးဘဏ်မှာငွေထုပ်သူထံမှထပ်မံငွေတောင်းခံခြင်းများပြုလုပ်နေကြပါတယ် ဘဏ်မန်နေဂျာအပါအဝင်ဝန်ထမ်းများသည်တဖက်သူထံမှငွေလွှဲ၍ငွေသွားထုပ်လျှင်ထိုငွေထုပ်သူထံမှ ရုံးရန်ပုံငွေ(သို့မဟုတ်)တံဆိပ်ခေါင်းဖိုးဟုပြောပြီးအနဲဆုံးငါးရာကျပ်မှအများဆုံးလွှဲငွေပမာဏပေါ်မူတည်ပြီးတောင်းခံကြပါတယ် ငွေထုပ်သူတွေကလဲသူတို့တောင်းတာမပေးရင်ငွေထုပ်မပေးမှာစိုး၍လည်းကောင်း ဒီဘဏ်တစ်ခုပဲရှိနေ၍လည်းကောင်း တောင်းတဲ့ငွေသည်ငါးရာ တစ်ထောင် သုံးထောင်လောက်ဆိုတော့အပန်းမကြီး၍လည်းကောင်း ငွေပေး၍ငွေထုတ်ခဲ့ကြပါသည် မည်သည့်ဘဏ်မဆိုငွေလွှဲမည်ဆိုလျှင်ငွေလွှဲသူကငွေလွှဲခကျသင့်တာကိုတခါထဲရှင်းပြီးသားဆိုတာဘဏ်နှင့်ပတ်သက်ဖူးသူတိုင်းနီးပါးသိကြပါတယ် 
ပုဂ္ဂလိကဘဏ်တွေမှာထုပ်ယူသူကမှတ်ပုံထပ်ပြီးထုပ်ယူရုံပါပဲ ဘာငွေမှထပ်မပေးရပါဘူး ကျွန်တော်တို့မိုးညိုမြို့မှာအစိုးရဘဏ်တခုပဲရှိပါတယ် ဒီဘဏ်ပဲငွေသွင်းငွေထုပ်အားကိုးကြရတာပါ ငွေထုပ်သူထံမှရန်ပုံငွေ(သို့မဟုတ်)တံဆိပ်ခေါင်းဖိုးလို့ပြောပြီးငွေထပ်မံတောင်းခံရန်ဗဟိုဘဏ်မှညွှန်ကြားထားပါသလား ညွှန်ကြားထားရင်တော့ကျွန်တော့်ရင်ဖွင့်တိုင်ကြားချက်ဟာဘောင်မဝင်ပါဘူး မြန်မာတစ်နိုင်ငံလုံးကအစိုးရဘဏ်တွေမှာအဲလိုမျိုးငွေထုပ်သူထံမှထပ်မံတောင်းခံကြပါသလား ကျွန်တော်တို့မိုးညိုအစိုးရဘဏ်မှာတော့တောင်းခံကြပါတယ် ကျွန်တော်တို့ဆီမှာထိုင်းကိုအလုပ်သွားလုပ်သူများပါတယ် ဟိုကငွေပို့လို့သွားထုပ်ကြတိုင်းဘဏ်မှဝန်ထမ်းများကဖော်ပြပါအကြောင်းနှစ်ချက်ကိုပြောပြီးငွေတောင်းတော့တာပဲ တဖက်လွှဲသူကကျသင့်တဲ့လွှဲခကိုပေးပြီးသားပါလို့ဖုန်းဆက်ပြောပြီးသားပါ 
မလိုအပ်ပေမဲ့ငွေပို့လိုက်တယ်လို
့ထိုင်းကဖုန်းဆက်ရင်လွှဲခတွေပေးပြီးသားလို့ထည့်ပြောကြပါတယ် မိုးညိုအစိုးရဘဏ်ကဝန်ထမ်းတွေဟာတမင်ကိုလုပ်စားနေကြတာပါ ပြည်တွင်းဘဏ်ချင်းငွေလွှဲ၍ထုပ်လဲတောင်းတာပါပဲ တစ်နေ့တစ်နေ့၎င်းတို့ရဲ့ငွေထုပ်သူထံမှမတရားသဖြင့်တောင်းခံငွေတွေဟာမနဲလှပါဘူး သို့ဖြစ်ပါ၍မိုးညိုအစိုးရဘဏ်မှဝန်ထမ်းများ၏အနိုင်ယူအကျင့်ပျက်ခြစားမှုများကိုသက်ဆိုင်ရာမှအရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့်တိုင်ကြားအပ်ပါသည်။ 
"မိုးညိုသားတစ်ဦး"
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 
 

No comments:

Post a Comment