For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 26 March 2014

မကွေးတိုင်းဒေသကြီး စလင်းမြို့ နယ် စည်ဆွဲအုပ်စု ညောင်ပင်လှရွာမှ အိမ်ဝိုင်းအတွင်းအလောင်းမြုပ်ထားရမှူကိုဖြေရှင်းပေးပါ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ နယ် စည်ဆွဲအုပ်စု
ညောင်ပင်လှကျေးရွာမှ ဦးသန်းညွန့် +ဒေါ်နု တို့ ၏နေအိမ်တွင်
ဦးရီးဖြစ်သူဦးဘရွှေ(ခ)
ဦးဝိသုဒ္ဒ သက်တော် (၈၁)နှစ်ရှိသည့် ကိုရင်ကြီးသည် ၆.၃.၂၀၁၄ ရက်နေ
့တွင်ကွယ်လွန်သေဆုံးသွားခဲ့ ပါသည်။ထိုသေဆုံးသွားသော ကိုရင်ကြီးကို
မြေမြှုပ်သင်္ချိုရန် သင်္ချိုင်းသို့ ပို့ သည့်အခါ ဦးသန်းညွန့် +ဒေါ်နုတို
့၏အိမ်နီးနားချင်းများက အလောင်းသယ်ယူရန်
လမ်းပေါက်များမပေးကြပါ။တအိမ်နှ
င့်
တအိမ်ဝင်ထွက်သွားလာရန်အတွက်လမ်းပေါက်များရှိလင့်ကစား
ငါ့ဝိုင်းထဲကနေအလောင်းထမ်းမထွက်နဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ဒါနဲ
့ဦးသန်းညွန်
+ဒေါ်နုတို့မှ ၇.၃.၂၀၁၄ ရက်နေ
့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်နှင့်တညောင်ရဲစခန်းမှူးဦးဝင်းနိုင်ဦးတို
့ထံသွားရောက်အကူအညီတောင်းပါ
သည်။စခန်းမှူးကြီးလည်းချက်ချင်းဆိုသလိုလာရောက်ဖြေရှင်းပါတယ်။ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်နှင့်တညောင်ရဲစခန်းမှူးဦးဝင်းနိုင်ဦးတို
့မှ
သေဆုံးသူကိုရင်ကြီးဦးဝိသုဒ္ဒ ၏အလောင်းကိုရွာအပြင်သင်္ချိုင်းသို
့ထုတ်ရန်အတွက် ဦးဇီးကွက် နေအိမ်၊ဒေါ်စန်းကြည်နေအိမ်၊ဦးစိုးမြင့်နေအိမ်၊
ဥိးတင်အောင်နေအိမ်တို့ကိုခေတ္တလမ်းပေးပါရန်ျးဆွေးနွေးတိုင်ပင်ကြပါသည်။သို့သော်လည်းမည်သူမျှလမ်းမပေးကြပါ။တရွာလုံးရှိလူများလည်းစိတ်ဝင်တစားဖြင့်လာရောက်ကြည့်ရှု
ကြပါသည်။
        ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်နှင့်တညောင်စခန်းမှူးဦးဝင်းနိုင်ဦးတို
့ကတော့ခေါင်းရှုပ်မခံတော့ ဘဲလွယ်သလိုသာဆုံးဖြတ်လိုက်ကြ
သည်မှာဦးသန်းညွန့် +ဒေါ်နုတို့ ၏နေအိမ်ဝိုင်းအတွင်း
တွင်သာမြေကြီးကျင်းတူးပြီး မြှုပ်ခိုင်းလိုက်ပါတော့သည်။၎င်းတို
့ကအထက်လူကြီးများထံသို့ တင်ပြ
အကြံတောင်းခြင်းဆွေးနွေးခြင်းများမပြုလုပ်ကြပဲ
လွယ်သလိုသာလုပ်လိုက်ကြပါတော့သည်။ထို့ ကြောင့်ဦးသန်းညွန့်+ဒေါ်နုတို
့၏နေအိမ်ဝိုင်းအတွင်းရှိမြေ
ကိုကျင်းတူးပြီး ကိုရင်ကြီးအလောင်းကို ၇.၃.၂၀၁၄ နေ့ 
ညနေ(၅)နာရီအချိန်တွင်မြေမြုပ်သင်းဂြိုလ်လိုက်ပါတော့သည်။
        ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်နှင့်တညောင်စခန်းမှူးဦးဝင်းနိုင်ဦးတို
့၏လုပ်ဆောင်ချက်စွမ်းရည်ကြောင့်ကျနော်တို့ မှာနေ့ စဉ်နေ့ တိုင်း
မိမိနေအိမ်ဝိုင်းအတွင်းရှိ
ကိုရင်ကြီး၏အလောင်းမြှုပ်ထားသောမြေနေရာကိုမြင်တိုင်း
လူကြီးရောကလေးပါမကြည့်ရဲ ပဲကြောက်လန့် နေကြရပါသည်။
ကျနော်တို့ လည်းခုမှ ကိုယ့်အိမ်ကိုယ်နေရင်းသင်္ချိုင်းစောင့်ဘ၀သို
့ရောက်နေရပါတော့သည်။
        ပတ်ဝန်းကျင်တနယ်လုံး၇ှိလူများကလည်းတအံ့တသြဖြစ်နေကြပါတော့သည်။ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းအောင်နှင့်တညောင်စခန်းမှူး
ဦးဝင်းနိုင်ဦးတို့ ၏စွမ်းဆောင်ရည်နိမ့် ကျမှူဟုဆိုရမလား
ရပ်ဓလေ့ရွာဓလေ့ထုံးစံရိုးရာများကို ထိမ်းသိမ်းမှုမရှိတော့ဘူးဆိုရမလား
ဘယ်လိုဆိုရမလဲ
မသိတော့ပါဘူးဗျာ။ဒီလိုသာဆိုရင်
နောက်ထပ်သေကြမည့်သူများလည်းရွာထဲမြှုပ်ရမည့်ပုံဖြစ်နေပါသဖြင့်
သက်ဆိုင်ရာလူကြီးများသိရှိဖြေရှင်းပေးနိုင်ရန်
နှင့်ကိုရင်ကြီးအလောင်းမိမိအိမ်ဝိုင်းမြေအတွင်းမြုပ်ထားရသည့်အတွက်နေ
့စဉ်နှင့်အမျှစိတ်မချမ်းမသာဖြစ်နေ၇သည့်အကြောင်းသက်ဆိုင်ရာလူကြီးများ
သိရှိစေရန်ဖော်ပြပေးပါခင်ဗျာ။အမြန်ဆုံးထိရောက်စွာဖြေရှင်းပေးပါခင်ဗျာ။မိမိကျေးရွာသန့်ရှင်းသာယာလှပဖို
့ နှင့်ထိုကဲ့ သို့ အဖြစ်ဆိုးများမဖြစ်စေရန်
သက်ဆိုင်ရာမှအမြန်ဆုံး ဖြေရှင်းပေးပါ။ဆက်သွယ်မေးမြန်းနိုင်သည်၀၉၃၃၀၈၅၇၁၆
ဖုန်းနံပါတ်ဖော်ပြနိုင်ပါသည်။
 စလင်းမောင်ရှင်း
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment