For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 19 March 2014

သန့်ရှင်းသောအစိုးရကောင်းမွန်သောအစိုးရတဲ့လားသမ္မတကြီးရယ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အများပြည်သူအပေါ်အစဉ်ထာဝရလေးစား
ချစ်ခင်ပါသောသမ္မတကြီး-
ဝန်ထမ်းတွေအရေးအစဉ်တွေးပြီးမှန်ကန်စိတ်ထားအမြဲပွားနေပါသော ဘဘဦးရွှေမန်းနှင့်အများပြည်သူချစ်ခင်ယုံကြည်လေးစားရပါသောအမေစုခင်ဗျာ
ကျွန်တော်တို့စက်မှုဝန်ကြီးဌာန အောက်ခြေဝန်ထမ်းတွေရဲ့ဘဝမှန်မှန်ကန်ကန်လေးဖြစ်အောင်ဆောင်ရွက်ပေးစေချင်ပါတယ်  နိုင်ငံ့ဝန်ထမ်းဘဝကိုချစ်မြတ်နိုးလို့ဟိုးအောက်ခြေဘဝလစာ  ၃၅၀၀  ကျပ်ကတည်းကမိဘထံပိုက်ဆံပြန်တောင်းပြီးခက်ခက်ခဲခဲရက်တည်ခဲ့ရတာအားလုံးအသိပါ
မိဘများအပင်ပန်းခံသင်ပေးထားတဲ့ပညာလေးနဲ့နိုင်ငံတော်ကိုအလုပ်အကျွေးပြုခဲ့ရတဲ့အောက်ခြေဝန်ထမ်းဘဝလေးတွေပါ  အခုတော့နိုင်ငံတော်မူဝါဒအရပုဂ္ဂလိကလုပ်ငန်းတွေကြီးစိုးလာချိန်မှာဝန်ထမ်းတွေရဲ့ဘဝသောင်ပြင်လွှတ်တဲ့ခွေးတွေလိုဘယ်သူ့အဖေခေါ်ရမယ်မှန်းမသိဖြစ်နေရပါပြီ
ဘဝအာမခံချက်မရှိလို့ပုဂ္ဂလိကမလုပ်ဘဲနိုင်ငံ့ဝန်ထမ်းအဖြစ်ဆက်လုပ်ချင်လို့စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ပြောင်းလျောက်ပါတယ် အထက်လူကြီးတွေရဲ့မမှန်မကန်လုပ်ဇာတ်တွေပေါ်လာတော့တာပါပဲ
ရာထူးတိုးဆိုတုန်းကလည်းတခါလုပ်ခဲ့ကြပြီးပြီ အခုတခါအပြောင်းအရွှေ့ကိစ္စထင်တိုင်းလုပ်နေကြပြန်ပြီ
ပြောတော့ဖွဲ့စည်းပုံဖျက်တဲ့စက်ရုံများပထမဦးစားပေးမည်  ဦးစီးဌာနနဲ့ကိုက်ညီသောပညာအရည်းရှိသူများဒုတိယဦးစားပေးမည်  ကျန်တာကိုမှတတိယဦးစားပေးစဉ်းစားဆုံးဖြတ်မည်
အခုဖြစ်နေတာကလူကြီးကိုလာတွေ့၍တံစိုးလက်ဆောင်များများပေးသူပထမဦးစားပေး  ပိုင်ရာဆိုင်ရာလက်ဆောင်ပေးသူများဒုတိယဦးစားပေး   ကျန်တဲ့သူကတော့သူ့ထိုက်နဲ့သူ့ကံဖြစ်ချင်ရာဖြစ်ရောက်ချင်ရာရောက်ဆိုသလိုဖြစ်နေပါတယ်
နိုင်ငံတော်သမ္မတကြီးရဲ့ဖြစ်စေချင်သောသန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရ  မြောင်းထဲကြရပါပြီ     အခုချိန်ထိခေတ်နောက်ပြန်ဆွဲနေသောစက်မှုဝန်ကြီးဌာနလူကြီးတချို့နှင့်အပေါင်းအပါများရှိနေဆဲပါ
မိမိအားလာဘ်ပေးထားသောသူများကိုနေပြည်တော်  မန္တလေး  စစ်ကိုင်း   မကွေး   ရန်ကုန်စသည်တိုင်းဌာနကြီးတွေမှာနေရာပေးပြီး   တကယ်ဖွဲ့စည်းပုံဖျက်သောစက်ရုံဝန်ထမ်းတွေကြ  တနင်္သာရီ  ရခိုင်  ချင်း  ကချင်  ကယား  ရှမ်းစသည်ဖြင့်နေရာပို့လိုက်ကြသည်
မိသားစုအသိုက်တကွဲဖြစ်ကြရသည်  အိမ်ထောင်သည်များတနေရာစီပို့လိုက်ကြသည်  ကလေးငယ်ငယ်လသားအရွယ်များမိဝေးဘဝေးနေကြရပြီ   ရတဲ့လစာနဲ့လမ်းစရိတ်ကမကာမိ  နေစရာစီစဉ်မပေးအိမ်ငှားနှင့်နေရအုံးမည် မလောက်ငကဖြစ်ကာယောက်ျားဆိုခိုးစား  မိန်းမဆို********စားရကိန်းဆိုက်နေပြီ
အထက်ကတာဝန်ရှိသောလူကြီးများ  တာဝန်သိသောလူကြီးများ  တာဝန်ယူလိုသောလူကြီးများနှင့်တကွသမ္မတကြီးခင်ဗျာ   ကျွန်တော်တို့စက်မှုကြီးဌာနအောက်ခြေဝန်ထမ်းများရဲ့ဘဝများကိုမိမိရင်ဝယ်သားကဲ့သို့မေတ္တာရှေ့ထားဆောင်ရွက်ပေးပါလို့ရိုသေလေးစားစွာတောင်းပန်အပ်ပါသည်ခင်ဗျာ


အောက်ခြေဝန်ထမ်းတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment