For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 19 March 2014

နိုင်ငံတော်သမ္မတကြီးနှင့်တကွဒုတိသမ္မတများနှင့်ပညာရေးဝန်ကြီးသိစေအပ်ပါသည်။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


သို့/
          နိုင်ငံတော်သမ္မတကြီးနှင့်တကွဒုတိသမ္မတများနှင့်ပညာရေးဝန်ကြီးသိစေအပ်ပါသည်။
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်ပညာရေးမှူးမှခ့သူမျေ့ငစဝင်ရောက်ဖြေဆိုမည့်
ကျေးရွာအုပ်စုများအားချန်လှပ်ထားခြင်းကိစ္စအားအရေးယူပေးပါရန်။
                   မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်၊မြို့နယ်ပညာရေးမှူး၏(၂၈-၂-၂၀၁၄)ရက်နေ့
လကုန်စည်းဝေးပွဲတွင်သက်ဆိုင်ရာကျောင်းမိသားစုအုပ်စုအသီးသီးမှစတုတ္ထတန်းနှင့်အဋ္ဌမတန်း
ှခ့သူမျေ့ငစ (ပညာသင်ဆု) ဝင်ရောက်ဖြေဆိုရန်နှင့်လျှောက်လွှာများကို(၆-၃-၂၀၁၄)ရက်နေ့တွင်
အရောက်ပို့ပေးရန်သက်ဆိုင်ရာအုပ်စုခေါင်းဆောင်ကျောင်းအုပ်အသီးသီးအားညွှန်ကြားချက်ပေးခဲ့ပါသည်။
ထို့ကြောင့်ကျွန်တော်တို့ရင်းငြိမ်မြောက်ကျေးရွာမူလတန်းအုပ်စုမှလျှောက်လွှာစာရင်းများကို(၆-၃-၂၀၁၄)ရက်နေ့
နံနက်(၁၁းဝ၀)နာရီအချိန်တွင်ပေါင်မြို့နယ်ပညာရေးမှူးရုံးသို့အုပ်စုမှူးကိုယ်တိုင်အရောက်ပေးပို့ခဲ့ပြီး
ခေတ္တလိုင်းတာဝန်ခံဦးလင်းထိန်ထံစာရင်းပေးသွင်းခဲ့ပါသည်။ထိုအချိန်တွင်မြို့နယ်ပညာရေးမှူးရုံးခန်းသို့
မည်သူတစုံတဦးကဝင်ရောက်၍မည်သည့်အကြောင်းအရာများကိုဝင်ရောက်ပြောဆိုခဲ့သည်မသိပါ။
အရင်လကုန်စည်းဝေးပွဲညွှန်ကြားချက်မှာမြို့နယ်ပညာရေးမှူး၏နှုတ်ထွက်စကားဖြင့်ပြောင်းလဲသွား၍
(၅-၃-၂၀၁၄)ရက်နေ့ညနေ(၄)နာရီခွဲအထိရောက်ရှိသောလျှောက်လွှာစာရင်းများကိုသာအတည်ပြုခဲ့ပါသည်။
ရင်းငြိမ်မူလတန်းအုပ်စုကိုလည်းစာရင်းမှပယ်ဖျက်ကြောင်း(၉-၃-၂၀၁၄)ရက်နေ့တွင်သိရပါသည်။
ထို့ကြောင့်ကျောင်းသားမိဘအနေဖြင့်(၁၀-၃-၂၀၁၄)ရက်နေ့တွင်မြို့နယ်ပညာရေးမှူးရုံးသို့ကိုယ်တိုင်သွားရောက်
စုံစမ်းခဲ့ရာမြို့နယ်ပညာရေးမှူးရုံးမှ(၅-၃-၂၀၁၄)ရက်နေ့ညနေ(၄)နာရီခွဲအထိရောက်ရှိသောလျှောက်လွှာစာရင်း
များကိုသာအတည်ပြုကြောင်း၊လကုန်စည်းဝေးပွဲကညွှန်ကြားချက်ကိုအတည်မပြုကြောင်းတွေ့ရပါသည်။
အကယ်၍ညွှန်ကြားချက်ကိုပြောင်းလဲမည်ဆိုပါကလည်းဖုန်းဖြင့်ဖြစ်စေ၊အကြောင်းကြားစာဖြင့်ဖြစ်စေ
ညွှန်ကြားချက်အသစ်ထွက်ရှိရပါမည်။ထို့ကြောင့်မြို့နယ်ပညာရေးမှူးအနေဖြင့်ရင်းငြိမ်အုပ်စုအပါအဝင်
အခြားကျေးရွာအုပ်စု(၂)စု(တောင်ရှေ့အုပ်စုနှင့်သဲကုန်းအုပ်စု)ကိုလည်းစာရင်းမှချန်လှပ်ထားပြီး
လက်သင့်ရာပေါင်မြို့ပေါ်ရှိအုပ်စုများကိုသာဦးစားပေးခဲ့ပါသည်။ထို့ကြောင့်ကျေးလက်ဒေသတွင်နေထိုင်သော
ကျောင်းသားများ၏ပညာကြိုးစားယှဉ်ပြိုင်၊သင်ယူလိုစိတ်ကိုမြို့နယ်ပညာရေးမှူးအနေဖြင့်ရိုက်ချိုးလိုက်ခြင်းဖြစ်ပါသည်။
          ကျောင်းသားမိဘအနေဖြင့်မကျေနပ်၍သထုံခရိုင်ပညာရေးမှူးရုံးသို့သွားရောက်စုံစမ်းခဲ့ပါသည်။
ခရိုင်ပညာရေးမှူးမှပေါင်မြို့နယ်ပညာရေးမှူးရုံးသို့ဖုန်းဖြင့်မေးမြန်းရာရင်းငြိမ်မိသားစုအုပ်စုမှူးမှ
(၆-၃၂၀၁၄)ရက်နေ့ညနေမှလျှောက်လွှာများကိုလာရောက်အပ်နှံကြောင်း၊စာရင်းများကို(၆)ရက်နေ့နေ့လည်
ကတည်းကပိတ်ခဲ့ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။မြို့နယ်ပညာရေးမှူးရုံးမှကျောင်းသားမိဘကို
ပြောသည့်စကားနှင့်ခရိုင်ပညာရေးမှူးကိုပြောသည့်စကားမှာမကိုက်ညီပဲကွဲလွဲမှုရှိနေပါသည်။
ကျောင်းသားမိဘအနေဖြင့်ခေတ္တလိုင်းတာဝန်ခံဦးလင်းထိန်ကိုဖုန်းဖြင့်မေးမြန်းရာသူကိုယ်တိုင်က
အထက်လူကြီးခိုင်းသည့်အတိုင်းလုပ်ရကြောင်းပြန်လည်ရှင်းပြပါသည်။
          ကျွန်တော်တို့ကျောင်းသားမိဘအနေဖြင့်ယနေ့ခေတ်ပညာရေးကိုမျက်ခြေမပျက်စောင့်ကြည့်နေပါသည်။
အကယ်၍လျှောက်လွှာများသည်မြို့နယ်ပညာရေးမှူးရုံးသို့အချိန်မီမရောက်ရှိပါကဝင်ရောက်ဖြေဆိုမည့်
စာရင်းနေရာတွင်ရင်းငြိမ်အုပ်စုမှာပျက်ကွက်ဖြစ်နေရပါမည်။ထိုသို့မဟုတ်ပဲအဆိုပါကျောင်းသားစာရင်းနေရာတွင်
မြို့ပေါ်မှကျောင်းသားများကိုအစားသွင်းထားပါသဖြင့်ပေါင်မြို့နယ်ပညာရေးမှူးအနေဖြင့်နိုင်ငံတော်မှချမှတ်ထား
သော]]လူတိုင်းအတွက်ပညာရေး}}ဆိုသည့်ဆောင်ပုဒ်ကိုတလွဲလုပ်ဆောင်နေပါသည်။
          စကောလားရှစ်ဝင်ရောက်ဖြေဆိုခွင့်မရသည့်အခြားကျောင်းသားမိဘတဦးမှသက်ဆိုင်ရာကျောင်းအုပ်ကြီး
အားအကျိုးအကြောင်းမေးမြန်းရာကျောင်းအုပ်ကြီးမှတဆင့်ပေါင်မြို့နယ်ပညာရေးမှူးဦးမောင်ထွန်းထံဖုန်းဖြင့်
မေးမြန်းသည့်အခါမြို့နယ်ပညာရေးမှူးကတိုင်ချင်ရာတိုင်၊လိပ်စာတောင်ပေးမည်ဖြစ်ကြောင်းပြန်လည်
ပြောကြားခဲ့ပါသည်။၎င်းမိဘမှာမိမိ၏သားသမီးအရည်အချင်းရှိပါလျက်စကောလားရှစ်စာမေးပွဲကိုဖြေဆိုခွင့်
မရသည့်အပြင်ထိုသို့မချေမငံဆက်ဆံခံရသည့်အတွက်များစွာစိတ်မကောင်းဖြစ်ရပါသည်။
          ကျေးလက်တောရွာများအနေဖြင့်လည်းတစ်ကျောင်းလုံးမှအတော်ဆုံး၊အုပ်စုမှအတော်ဆုံးကျောင်းသားများ
ကိုရွေးချယ်၍စကောလားရှစ်ကိုဝင်ရောက်ဖြေဆိုရကြောင်း၊ကျောင်းသားများအနေဖြင့်နှစ်စမှစ၍နှစ်ဆုံးသည်အထိ
ပင်ပင်ပန်းပန်းကြိုးစားခဲ့ရကြောင်းထိုသို့ကြိုးစားခဲ့ပြီးမှဖြေဆိုခွင့်ပယ်ချခံရသည့်အတွက်ကျောင်းသားများ၏
အနာဂတ်မျှော်လင့်ချက်မှာရိုက်ချိုးခံရကြောင်း၊ပေါင်မြို့နယ်ပညာရေးဌာနမှဤကဲ့သို့အကျင့်ဆိုး၊စရိုက်ဆိုးများကို
ပြုပြင်စေလိုသောကြောင့်နိုင်ငံတော်သမ္မတကြီး၊ဒုတိယသမ္မတနှင့်ပညာရေးဝန်ကြီးအားသိရှိစေရန်ကျေးလက်
တောရွာနေကျောင်းသားမိဘတဦးအနေဖြင့်အသိပေးတိုင်ကြားရခြင်းဖြစ်ပါသည်။


                                                                   ပေါင်မြို့နယ်၊ရင်းငြိမ်ကျေးရွာနေ မိဘတဦး

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment