For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 14 March 2014

မြွေကိုက်ခံရသော လူနာများ အကူအညီပေးသော ရွှေဘုန်းတော်တိုး လူမှုကူညီရေးအသင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း....
         ရွှေဘုန်းတော်တိုး ကျန်းမာရေးနှင့် လူမှုကူညီရေး
အသင်းကို စစ်ကိုင်းမြို့ ပထမဂန္ဓရုံကျောင်းဆရာတော်
ဘဒ္ဒန္တဇတိလမှ ဦးစီးတည်ထောင်ခြင်းဖြစ်သည်။ဤလူ
မှု
ကူညီရေးအသင်းသည်အဓိကအားဖြင့် မြွေဆိပ်ဖြေဆေး
များကို အခမဲ့လှူဒါန်းသော အသင်းဖြစ်သည်။ အဆိုပါ
သတင်းသည် မြေဆိပ်ဖြေဆေးများကို စနစ်တကျ သို
လောင်ထား၍ မြွေကိုက်လူနာအား အချိန်မှီဆေးကုသ
ခြင်းဖြင့် လူနာများ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြ
သည်။မြွေကိုက်ခံရသောလူနာအား အချိန်မှီဆေးကုသ
နိုင်ရန် အသင်းဆရာဝန်ရှိသော နေရာသို့ အမြန်ပို့
ဆောင်ပေးခြင်း ၊ လိုအပ်ပါက ဆရာဝန်ကိုယ်တိုင်
လူနာရှိရာသို့ သွားရောက်ကုသခြင်း ၊ စသော လုပ်ငန်း
တာဝန်များသည် အသင်းသူ၊ အသင်းသားတို့ လုပ်ဆောင်
ရသောအဓိက တာဝန်အနေဖြင့် ဆောင်ရွက်ပေးရကြောင်း
 သိရသည်။ယခင်က စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူ
မြို့နယ်၊ တောင်ဘက်ပိုင်း ချပ်သင်း ၊ကိုးတောင်ဘို့တိုက်
နယ်များရှိ လယ်သမားများသည် နှစ်စဉ်လူ(၅၀)ခန့် မြွေပွေး
ကိုက်ခံရသည်။လူနာ(၃၀)ခန့်က အသက်ဆုံးရှုံးရလေ့ရှိပြီး
အသက်ရှင်ကျန်ခဲ့သော မြွေကိုက်လူနာများမှာလည်း
 မြွေဆိပ်ဖြေဆေးမှာလည်း တန်ဖိုးကြီးမားခြင်းကြောင့်
 လယ်ယာပြုတ်သည်ထိ ဆင်းရဲမွဲတေမှုနှင့်  ရင်ဆိုင်ခဲ့ရ
သည်ဟု ဒေသခံများ အဆိုရ သိရသည်။
        ထိုဆင်းရဲဒုက္ခ များကို ဆရာတော်ကြီး သိမြင်ရသည့်
အတွက် ဤအသင်းကြီးကို ၂၀၁၂-ခုနှစ် ဧပြီလ(၆)ရက်နေ့တွင
် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အသင်းကို ချပ်သင်းတိုက်နယ
် ကံကြီးကျေးရွာတွင် အခြေပြု၍ ကျေးရွာပေါင်း(၅၀)ကျော်ဖြင့်
 စတင်ဖွဲ့စည်းနိုင်ခဲ့သည်။ ဆရာတော်သည် ဌာနဆိုင်ရာ
အဆင့်ဆင့်တို့၏ ခွင့်ပြုမိန့်ကိုရယူ၍ မြွေဆိပ်ဖြေဆေးများကို
စနစ်တကျ သိုလှောင်ပြီး သက်ဆိုင်ရာ တိုက်နယ်ကျေးရွာများ
အလိုက်အသင်းဆရာဝန်များကို တာဝန်ပေးကုသစေခဲ့သည်ဟု
သိရသည်။
        အသင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ မြွေကိုက်လူနာများ
ကယ်ဆယ်ကုသသောအလုပ်ကို အသင်းသားများ အပူတပြင်း
လုပ်ဆောင်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် မတ်လအထိ မြွေကိုက်
လူနာ(၄၀)ဦးကို ကယ်ဆယ်ကုသခဲ့ကြရာ လူနာ(၃၆)ဦး၏
အသက်ကို ကယ်ဆယ်နိုင်ခဲ့ကြပြီး လူနာ(၄)ဦးသာ အသက်
ဆုံးရှုံးခဲ့သည်။ အသင်းမတည်ထောင်မီက ကျေးရွာများတွင်
 မြွေဆိပ်ဖြေဆေးများ စုဆောင်းထားသို၍ ကြိုတင်ကုသနိုင်
ရန် ကြိုးစားခဲ့ကြသော်လည်း ဆေးထားသိုစနစ်မကျခြင်း ၊
ကုသနည်းစနစ်မမှန်ခြင်းတို့ကြောင့် လူနာများ အသက်ဆုံး
ရှုံးရခြင်း  ဆေးအရေအတွက်  ပိုကုန်ခြင်း စသော ပြသာနာ
များကို လယ်သမားများ ရင်ဆိုင် ခဲ့ရသည်။
         မြေကိုက်လူနာများ၏ အသက်ကိုကယ်တင်ရာတွင
် အချိန်နှင့် မြွေဆိပ်ဖြေဆေး၏ အရည်အသွေးသည် အဓိက
ကျကြောင်း အသင်းဆရာဝန် ဒေါက်တာ ဦးမောင်မောင်ဝင်း
 မှ ရှင်းပြခဲ့သည်။
         ယခင်က မြွေကိုက်ခံရလျှင် "သေလျှင်သေ မသေလျှင်မွဲ"
 ဟု ဆိုစမှတ် ရှိခဲ့ကြောင်း ကျေးရွာများတွင် မိမိတို့၏ အစီစဉ်
ဖြင့် ကုသသည့်အတွက် မြန်မာမြွေဆိပ်ဖြေဆေး (၁၀)လုံးမှ
အလုံး(၃၀)ကျော်ထိ ကုသရသည်များလည်း ရှိကြောင်း ၊
ယခုအချိန်တွင် အသင်းကြီးမှ အစစအရာရာ ကူညီဖြည့်ဆည်း
ပေးသည့်တွက် မြန်မာမြွေဆိပ်ဖြေဆေးအရေအတွက် (၃)လုံး
မှ (၅)လုံးဝန်းကျင်ဖြင်သာ သက်သာပျောက်ကင်းရကြောင်း ၊
 အသင်းဝင် လယ်သမားတစ်ဦးမှ ရှင်းပြသည်။
          အချို့ကျေးရွာများမှာ အလှမ်းဝေး သဖြင့် အချိန်မှီ
ဆေးကုသနိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရကြောင်း အသင်း
သားများ စည်းစည်းလုံးလုံး လုပ်ဆောင်ကြ၍သာ ယခုနောက်
ပိုင်းတွင် အသေအပျောက်မရှိတော့ကြောင်း လယ်သမားများ
ကိုလည်း တိုင်းဒေသကြီး ကျန်းမာရေးဌာန၏ အကူညီအဖြင့်
ရှေးဦးသူနာပြုနည်း သင်တန်းပေးခြင်း၊ ပညာပေးဟောပြော
ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မြန်မာမြွေဆိပ်ဖြေဆေးရှားပါး
သည့်အတွက် ခက်ခက်ခဲခဲရှာဖွေစုဆောင်းရကြောင်း ၊ မြန်မာ
မြွေဆိပ်ဖြေဆေး (၁)လုံး၏ ပြင်ပပေါက်ဈေး မှ ကျပ်ရှစ်သောင်း
နှင့် တစ်သိန်းကြားတွင် ရှိကြောင်း၊ တန်ဖိုးကြီးမားသော်လည်း
လူနာ(၄၀)ဦးအတွက်  မြန်မာမြွေဆိပ်ဖြေဆေး (၁၁၇) လုံးနှင့်
 အိန္ဒိယမြွေဆိပ်ဖြေဆေး(၁၀၃)လုံးတို့ကို အခမဲ့လှူဒါန်းနိုင်ခဲ့
ကြောင်း အသင်းဥက္ကဌ ဦးသန်းဆွေမှ ရှင်းပြသည်။
        အသင်းတည်ထောင်စ ခြောက်လအတွင်း မြွေကိုက်ခံရ
သည့် မည့်သည့်လူနာမဆို ကုသသည့်ဆေးအားလုံးကို အခမဲ့
လှူဒါန်း နိုင်ခဲ့သေည်လည်း ကုန်ကျစရိတ်ကြီးမားခြင်းကြောင့်
အသင်းဝင်များသတ်မှတ်၍ အသင်းဝင်လယ်သမားများကိုသာ
ကုသပေးတော့ကြောင်း အသင်းဝ်ငတစ်ဦးလျှင် တစ်နှစ်အတွက
် အသင်းဝင်ကြေး(၁၀၀၀ိ/-) ကျပ် သတ်မှတ်၍ ငွေထဲမှ (၅၀၀ိ/-)
 ကျပ်ကို မြန်မာ့မြွေအန္တရာယ် အာမခံလုပ်ငန်းတွင် ပရီမီယံ
 ထားရှိကြောင်း ဆက်လက်ရှင်းပြသည်။
       " ရွှေဘုန်းတော်တိုး" ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း
သည် အောက်ခြေဆင်းရဲသား လယ်သမား တို့၏ ဆင်းရဲဒုက္ခ
ကို ထိထိရောက်ရောက်ကူညီပေးလျှက်ရှိသည်။ အသင်းကို (၅၀)
ကျော်ဖြင့် စတင်ဖွဲ့စည်းခဲပြီး ယခုအခါ ကောလင်းမြို့နယ်နှင့်
 ကန့်ဘလူမြို့နယ်များမှ ကျေးရွာပေါင်း (၁၁၁)ရွာရှိ လယ်သမား
များ၏ အကျိုးကို ကူညီသယ်ပိုးလျှက်ရှိကြောင်း သိရသည်။
                                Kawlin Media Group
                                  Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment