For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 22 March 2014

ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာ ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ(၂)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရှိခဲ့ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
     စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း
မြို့နယ်တွင် မတ်(၂၀)ရက်၊ ည(၈)နာရီ
အချိန်တွင် ယာဉ်မောင်း ကျော်မျိုးလှိုင်
မောင်းနှင်သည့် ၂ဌ/------တံဖုန်းယာဉ်
သည် ကောလင်းမြို့နယ်၊ ဒိုးပင်ကျေးရွာ
အလှူပွဲသို့ သွားရောက်စဉ် ဒိုးပင်ကျေးရွာ
အနီး(၁၀၆)မိုင် အဆင်းကွေ့အရောက်
တွင် ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်
ခဲ့ရာ ယာဉ်ပေါ်ပါလာသူ(၈)ဦးမှ
သန်းဇော်ထက်(ဘ)ဦးထွန်းဝင်း ၊ အသက်
(၁၉)နှစ်၊ ကျဘမ်းထန်းကန်းကျေးရွာ ၊
ထီးချိုင့်မြို့နယ်နေသူသည် ဦးခေါင်း
နောက်စေ့ပေါက်ဒဏ်ရာဖြင့် လည်း
ကောင်း၊ဒေါ်ဌေး(ဘ)ဦးစံ၊ အသက်(၅၁)
နှစ်၊ မှီခို၊ ကန်ပေါက်ကျေးရွာ၊ ထီးချိုင့်မြို့
နယ်နေသူသည် ဦးခေါင်းယာဘက်ဖူး
ရောင် ပါးပြင်ပေါက်ဒဏ်ရာများရှိပြီး
အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။
       ကျန်(၆)ယောက်မှာ ကျော်စိုးနိုင် ၊
(ဘ)ဦးအောင်သွင်၊ အသက်(၁၉)နှစ်၊
ထန်းကုန်းကျေးရွာ၊ ထီးချိုင့်မြို့နယ် ဝဲ/
ယာခြေသလုံးပေါက်ပြဲဒဏ်ရာ(မစိုး
ရိမ်ရ)၊
ဒွေးရာဇာ၊(ဘ)ဦးအောင်ခိုင်၊အသက်(၁၅)
နှစ်၊ကျိဘမ်း၊ထန်းကုန်းကျေးရွာ၊ ထီးချိုင့်
မြို့ ဝဲ/ယာ ခြေသလုံးပေါက်ပြဲဒဏ်ရာ
(မစိုးရိမ်ရ)၊ မဖြူဖြူဖွေး (ဘ)ဦးသိန်းသွင်
အသက်(၂၇)နှစ်၊ မှီခို၊ ကန်ပေါက်ကျေး
ရွာ၊ ထီးချိုင့်မြို့နယ်၊ ယာဘက်ပါး၊ ဝဲဘက်
မျက်ခမ်းစပ်ပွန်းပဲ့ဒဏ်ရာ၊ (မစိုးရိမ်ရ)၊
ဒေါ်စန်းတင့်(ဘ)ဦးဖိုးချွန် အသက်(၄၈)
နှစ်၊ တောင်သူ၊ကန်ပေါက်ကျေးရွာ၊
ထီးချိုင့်မြို့နယ်၊ဝဲဘက်လက်ဖျံနာကျင်
ဒဏ်ရာ(မစိုးရိမ်ရ)၊ မညို(ဘ)ဦးထွန်းခ
အသက်(၃၇)နှစ်၊ တောင်သူ၊ကန်ပေါက်
ကျေးရွာ၊ ထီးချိုင့်မြို့နယ်၊ဝဲယာခြေသလုံ
ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊မလှမျိုးလွင်
(ဘ) ဦးပွဲ၊ အသက်(၂၅)နှစ်၊မှီခို၊ ကန်
ပေါက်ကျေးရွာ၊ထီးချိုင့်မြို့နယ်၊ ယာဘက်
နားထင်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)
တို့သည် ဒဏ်ရာအသီးသီးရှိခဲ့၍ ယာဉ်
မောင်းကျော်မျိုးလှိုင်အား အရေးယူပေး
ရန် ခံသာရဲစခန်းမှ စခန်းမှုး ဒုရဲအုပ်
သန်းဇော်မှ တရားလိုပြုလုပ်တိုက်တန်း
ခဲ့သည်။
       အဆိုပါ သေဆုံးသူ (၂)ဦးနှင့်ဒဏ်
ရာ ရရှိသူ(၆)ဦးတို့အား ကောလင်းမြို့
နယ်၊ တိုက်နယ်ဆေးရုံသို့ ပို့အပ်ပြီး ဖြစ်
စဉ် နှင့်ပတ်သတ်၍ ကောလင်းမြို့မ
ရဲစခန်းမှ ယာဉ်မောင်း ကျော်မျိုးလှိုင်၊
(ဘ)ဦးအောင်သွင်၊ အသက်(၂၂)နှစ်၊
ထန်းကုန်းကျေးရွာ၊ ထီးချိုင့်မြို့နယ်နေသူ
အား ယာဉ် (ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၀၄(က)၃၃၈/၃၃၇ ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သတင်းရှိသည်။
               Kawlin Media Group
              Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment