ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ မိုးမလင်းဈေးသည်
ဒေသထွက် ရာသီပေါ်သီးနှံများ အရောင်းအ၀ယ်ဖြစ်
ထွန်းသည့်နေရာဖြစ်ပြီး မိုးမလင်းဈေးတွင် မိုးညှင်းမြို့
နားခါးရပ်ကွက် ၊မဟာဗန္ဓုလလမ်းမကြီး ပေါ်တွင် တည်ရှိ
ပြီး နံနက်၂ နာရီ မှ စတင်ကာ ၆ နာရီ အထိ နေ့စဉ်
ရောင်းချလျှက်ရှိသည်။
မြို့ဆင်ခြေဖုံးရှိ ပင်းဟဲ ၊ ပင်ရဲလ၊ မရင်းကုန်း နှင့်
အုတ်ကျင်းအစရှိသည့် ရပ်ကွက်များရှိ ဒေသခံပြည်သူများ
ပန်းဂေါ်ဖီ ၊ဂေါ်ဖီထုတ် ၊ ချဉ်ပေါင် အစရှိသည့် စားသုံးသီးနှံ
များနှင့် ပန်းမျိုးစုံတို့ကို စိုက်ပျိုးရောင်းချပေးပြီး ထိုမှတဆင့်
ပြန်ဝယ်သူများက မိုးညှင်းမြို့မှ တစ်ဆင့် ရွှေဘို၊ မန္တလေး
နှင့် မြစ်ကြီးနားသို့ မီးရထား ခရီးစဉ် နှင့် ပို့ဆောင်ရောင်းချ
ခြင်းများကြောင့် နံနက်ခင်း မိုးမလင်းဈေးမှာ အရောင်း
အ၀ယ် ဖြစ်ထွန်းပြီး စည်ကားလျှက် ရှိကြောင်း သိရသည်။
Kawlin Media Group
နေနေအောင်
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment