For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 18 March 2014

သစ်ခိုးထုတ်သူများနှင့် ရွှေတူးဖော်မှုများကြောင့် သစ်ထုတ်လုပ်ရေးဆင်များ စားကျက်ကျဉ်းမြောင်းလာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စိုင်းလူမင်း...
     စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူး
မြို့နယ်ရှိ ၊နန်းလုံးကြိုင်ကာကွယ်တော၊
သဖန်းတောင်ကြိုးဝိုင်း ခံစားလာကာ
ကြိုးဝိုင်းများသည် မြန်မာ့သစ်လုပ်ငန်း
များမှ ဆင်များကိုအဓိကအားထားကာ
ပတိဝန်းကျင် ထိခိုက်မှု သက်သာစေ
သော သစ်ထုတ်လုပ်ခြင်းဖြင့် သစ်ထုတ်
လျှက်ရှိပြီး ဆင်များကိုလည်း ထိန်းသိမ်း
စောင့်ရှောက်ခြင်း၊ အလုပ်ခိုင်းခြင်း၊လေ့
ကျင့်ခြင်း တို့အတွက် အလုပ်ဆင်စခန်း
၊ဆင်နားရုံစခန်း၊ နွေရာသီဆင်ကျောင်း
စခန်းများ စည့်စခန်းများကို ရေစီးရေလာ
ကောင်းမွန်ရေး ၊ဆင်စားကျက်နှင့်အစာ
ရေစာပေါများခြင်း၊ အရိပ်အာဝါသ
ကောင်းမွန်ခြင်း၊ကူးစက်ရောဂါကျေ
ရာက်
ဖူးသောနယ်မြေများမဖြစ်စေခြင်း စသည်
တို့ကို အဓိကရွေးချယ်၍ ဆင်ကြီး၊ ဝန်
တင်ဆင်၊ မိခင်နောက်လိုက်ဆင်(အမိ
နောက်လိုက်ဆင်)တို့အား ထိန်းသိမ်း
ဆောင်ရွက်လျှက်ရှိရာ အဆိုပါဒေသများ
တွင် ဒေသခံများက တရားမဝင်သစ်ခိုး
ထုတ်ခြင်း နှင့်ရွှေတူးဖော်ခြင်းများ လုပ်
ကိုင်လျှက် ရှိသည့်အတွက် ဆင်များသည်
သဘာဝအလျှောက် ရှာဖွေစားသောက်
သည့် စားကျက်များလျော့နည်းကျဉ်း
မြောင်းလာကြောင်း စုံစမ်း သိရှိရသည်။
         လွန်ခဲ့သော နှစ်ကာလများက
ဒေသခံများအနေဖြင့် ကျေးရွာတွင် စိုက်
ပျိုးသည့် လယ်ယာမြေများသည် နှစ်စဉ်
တိုးတက်လာသည့် လူဦးရေနှင့် မလောက်
ငှသဖြင့် စားဝတ်နေရေးအတွက် ကြိုးဝိုင်း
၊ကြိုးပြင်တော၌ လယ်ယာမြေများ တိုးချဲ့
စိုက်ပျိုးလာခဲ့သည့်အတွက် သစ်တော
ကြိုးဝိုင်းမှ ဆင်များသည် ကြိုးဝိုင်းဧရိယာ
အတွင်းရှိ မြက်အမျိုးမျိုး၊ဝါးအမျိုးမျိုး ၊
ညောင်ပင်နှင့် နွယ်ပင်များကို ရှာဖွေစား
သောက်ရာမှ ဒေသခံများ ကျူးကျော်တိုး
ချဲ့စိုက်ပျိုးထားသော စပါးနှင့်အခြား သီး
နှံများတို့ကို စားသောက်မိသဖြင့် လယ်
ယာပိုင်ရှင် သီးနှံစိုက်ပျိုးကြသည့် ပိုင်ရှင်
များမှ ဆင်နှင့်ဆက်ထိန်းသိမ်းသူတို့ကို
ရန်ပြုလာခြင်း ၊မတန်တဆလျော်ကြေး
များ တောင်းခံကြသဖြင့် ဆင်နှင့်လူ ပရိ
ပက္ခများနှစ်စဉ် ဖြေရှင်းရသည့် ပြဿနာ
များ ကြုံတွေ့ရသည်ဟု ဒေသခံများ၏
အဆိုရ သိရသည်။
      အဆိုပါဒေသများတွင် နှစ်စဉ် ဖွံ့ဖြိုး
ရေးလမ်းတံတားများ အကြောင်းပြကာ
သစ်စက်များတည်၍ သစ်စက်များမှ ထွက်
လာသောသစ်တွေကို ဝန်သိုဘူတာ၊ကော
လင်းဘူတာတို့မှ ရန်ကုန်မြို့နှင့် ရွာထောင်
ဘူတာတို့ကို မီးရထားတွေနှင့် သယ်ယူ
ပို့ဆောင် ရောင်းချလျှက် ရှိသည့်အတွက်
ထိုကဲ့သို့ ပြုလုပ်နေမှုကို တာဝန်သိပြည်
သူအချို့က သက်ဆိုင်ရာတာဝန်ရှိသူများ
ကို သတင်းပေးတိုင်ကြားခြင်း၊ သစ်ခိုး
ထုတ်သည့် နေရာများအား လိုက်လံပြ
သခြင်းတို့ကို အဆိုပါဒေသခံအချို့မှ
ရန်ပြုခြင်း၊ ဓါးဖြင့်လိုက်ခုတ်ခြင်းများ
ကြုံတွေ့ရသည့်အတွက် တိုင်ကြားသော်
လည်း အရေးယူမှုနည်းပါးခဲ့သည်ဟု
ကိုယ့်တွေ့ကြုံသူအချို့ ပြောပြချက်အရ
သိရသည်။
        အဆိုပါဒေသများတွင် ဆင်များ
သောက်သုံးသည့် ရေဝေရေလဲချောင်း
များတွင် ရွှေများတူးဖော်နေသည်ကို
တွေ့မြင်ရသဖြင့် ရွှေတူးဖော်ရာ၌ အသုံး
ပြုသည့် မာကျူရီ(ပြဒါး)နှင့် ဓါတုဗေဒ
ပစ္စည်းများ မြေထဲသို့စိမ့်ဝင်ပြီး ထိုရေများ
ညစ်ညမ်းလာကာ မသန့်ရှင်းသောရေ
များကို သောက်မိပါက ဆင်များ၏ အစာ
အိမ်နှင့် အူလမ်းကြောင်း အသဲတို့တွင်
ရောဂါများဖြစ်ပွားစေနိုင်သည်ဟု ဆင်
ဆရာဝန် (အငြိမ်းစား)တစ်ဦးက ထောက်
ပြပြောဆိုသည်။
       မြန်မာ့သစ်လုပ်ငန်းမှ မြန်မာ့ရွေး
ချယ် ခုတ်လှဲစနစ်ဖြင် သစ်ထုတ်ခြင်း
ကြောင့် ရေရှည်တည်တံ့သော သစ်လုပ်
ထုတ်လုပ်ငန်း (Sustainable Dorest
Havesting) ဆောင်ရွက်ခြင်းဖြစ်သဖြင့်
ဆင်များသည် မြန်မာ့သစ်လုပ်ငန်း၌
အစားထိုး၍ မရနိုင်သော အင်အားစု
တစ်ရပ်အဖြစ် တည်နေဦးမည်ဖြစ်သည့်
အတွက် အဆိုပါဒေသများတွင် ဆင်များ
ထိန်းသိမ်းစောင့်ရှောက်ခြင်းနေရာနှင့်
နီးစပ်ရာ ကျေးရွာပတ်ဝန်းကျင်တွင်
တရားမဝင် သစ်ခိုးထုတ်ခြင်းများနှင့်
တရားမဝင်ရွှေတူးဖော်ခြင်းများ မပြု
လုပ်နိုင်ရန် သက်ဆိုင်တာဝန်ရှိသူများမှ
စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်
ရန် ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေ
ကြောင်း သိရသည်။
                Kawlin Media Group
                 Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment