For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 15 March 2014

အမရပူရမြို့၊ ရွှေကြက်ယက်သားလေးမှ နိုင်ငံတော်သမ္မတကြီးသိစေခြင်လို့ပါ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို
့၊
ရွှေကြက်ယက်ကျေးရွာအုပ်စုအတွင်း
မှာတရားမဝင်သစ်လက်ဝယ်တွေ့ရှိမှု့ဆိုပြီး၊ကိုမျိုးနိုင်၊ကိုမျိုးကျော်၊ကိုအောင်ထွေး၊ကိုထက်ကိုအောင်၊မောင်ရှိုင်းကိုကို၊မောင်ချစ်ထွန်းအေး၊မောင်သိန်းနိုင်
ဝင်း၊အစရှိသောအလုပ်သမားတွေကို
ဝန်ကြီးအမိန့်နဲ့ဆိုပြီးဖမ်းဆီးခဲ့ပါတယ်။
၎င်းတို့လက်ဝယ်တွေ့ရှိသောသစ်များ
မှာ၊အမရပူရမြို့၊ရွှေကြက်ယက်ကျေးရွာအုပ်စု၊တိုက်စိုးကျေးရွာ ဓမ္မာရုံဆောက်လုပ်ရန်လိုအပ်သော
ပုံရိုက်သားအတွက်ဝယ်ယူ ၊အလှူခံထားသောအင်သစ်တန်းပိုများ
ဖြစ်ပါတယ်။ဒီသစ်လေးတွေကိုတရားမဝင်သစ်ဆိုပြီးတော့ဖမ်းစီးခဲ့ကြပါတယ်။ကျွန်တော်တို့ပြည်သူပြည်သားတွေ၊ဒီရွှေကြက်ယက်နယ်လေးမှာဒီအလုပ်နဲ့အသက်မွေးဝမ်းကြောင်းလာခဲ့တာနှစ်ပေါင်းမြောက်များစွာကြာမြင့်ခဲ့ပါပြီ။ဘယ်တုန်းအခါကမှယခုလိုအလုပ်သမားတွေကိုဖမ်းစီးထောင်ချခဲ့တာမျိုးမရှိဖူးခဲ့ပါ။ယခုတော့ 14.3. 2014. ရက်နေ့မှာ၎င်းတို့ ၇ ဦးကိုအမိန့်ချခဲ့ပါတယ်။ ကိုထက်ကိုအောင်နဲ့ ကိုအောင်ထွေးကို ၁ နှစ်စီနဲ့ ကိုမျိုးနိုင်
အစရှိသောကျန်အလုပ်သမား ၄ ဦးကို
၆လစီအမိန့်ချမှက်ခဲ့ပါတယ်။
ဒီအထဲမှာမှအသက်မပြည့်သောက
လေးများပါရှိနေပါတယ်။ကျွန်တော်တို့
တစ်တွေနိုင်ငံတော်ကိုပုန်ကန်တာမဟုတ်ခဲ့သလို၊ကျွန်တော်တို့အဖမ်းခံရတဲ့သစ်ကလည်း တမလန်းသစ်တို့
ကျွန်းသစ်တို့မဟုတ်ခဲ့ပါ။ဒီလိုအသေးအဖွဲအမှု့လေးနဲ့ဒီလိုအပြစ်မျိုးချလိုက်တာမပြင်းထန်ဘူးလားလို့ပါ။
ကျွန်တော်တို့မှာရှင်းရှင်းပြောရရင်ဒီအသက်မွေးမှု့အလုပ်မှလွဲ၍ဘာအလုပ်မှ
လုက်ကိုင်မစားသောက်တက်ပါ။ဒီနယ်မှာလဲအများဆုံးလုပ်ကိုင်စားသောက်နေတာဒီအလုပ်ပဲရှိတာပါ။ဒီအလုပ်မှလုပ်ကိုင်ခွင့်မရခဲ့ပါလျှင်
်ကျွန်တော်တို့တစ်တွေဘာလုပ်စား
ကြရပါမလဲ။ တောင်းစားရမလား။
ဒါမှမဟုတ်ခိုးစားကြရမှာလား။ပြောပါ
ကျွန်တော်တို့တစ်တွေသမ္မာအာဇီဝနဲ
ကိုယ့်ခွန်ကိုယ့်အားသုံးပြီးထမ်းစားကြရတာပါ။သစ်ထမ်းလို့ထောင်ကျတယ်
ဆိုတာသာကျွန်တော်တို့သိခဲ့ရင်မလုပ်ပါဘူး။ကျွန်တော်တို့မှာယခင့်
ယခင်ကဘာပြစ်မှု့မှမကြူးလွန်ခဲ့ဘူ
ပါဘူး။ပြီးတော့ဒီအမရပူရတရားရုံးမှာ
အရင်ကသစ်မှု့ဆိုလျှင်ငွေဒဏ်သာချ
မှတ်ခဲ့တာပါ။တကယ်တမ်းရုံးရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီသာအမိန့်
ချမှတ်ခဲ့ပါလျှင်ကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ကဘာမှမကျေနပ်စရာ
မရှိပါဘူး။ခုဟာကတရားသူကြီး
ကတောင်သူတိှု့လုပ်ထုံးလုပ်နည်း
နဲ့အညီမလုပ်ရဲဘူးသူတို့အထက်မှာဝန်ကြီးဖိအားရှိနေတယ်ဆိုပြီးယခုလို
မတန်တဆအမိန့်ချမှတ်ခဲ့ပါတယ်။
ကျွန်တော်တို့ကသစ်မှောင်ခိုလုပ်နေတဲ့သစ်ခရိုနီတစ်စုတရုပ်ပြည်ကိုပို့နေ
တဲ့သစ်ခရိုနီတစ်စုမဟုတ်ပါ။ဝမ်းစာအ
တွက်လုပ်ကိုင်စားသောက်နေရတဲ့
ဲ့မြန်မာနိုင်ငံသားအခြေခံလူတန်းစား
များသာလျှင်ဖြစ်ပါတယ်။ဒီအမှု့မှာကျွန်တော်သိချင်တာက ´´ ဖိအား ``ဆို
တဲ့စကားတစ်ရပ်ပါ ဒီတော့ဥပဒေရဲ့အထက်မှာဝန်ကြီးတို
ရဲမှူးတို့များရှိနေသေးသလားလို့ပါဗျာ။
ဥပဒေဆိုတာ ကြက်ပေါင်ကွင်းတစ်ကွင်းလိုသူတို့လိုသလိုဆွဲစန့်လို့ရသလားလို့ပါ။ဒါလေးကိုတော့ နိုင်ငံတော်ကိုကောင်း
သထက်ကောင်းအောင်ပြုပြင်မယ်
ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်
လှမ်းနေမယ်ဆိုတဲ့ပါတီများ၊နိုင်ငံတော်ကိုလက်ရှိအုပ်ချုပ်နေတဲ့သမ္မတကြီး
နှင့်တကွလွှတ်တော်ဝန်ကြီးများဖြေ
ကြားပေးပါလို့ကျွန်တော်ရွှေကြက်
ယက်သားလေးကအနူးအညွတါ
်တောင်းပန်လိုက်ပါတယ်ဗျာ။
           နေမင်းသူ
              ရွှေကြက်ယက်
                  အမရပူရ
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment