စိုင်းလူမင်း.............
စစ်ကိုင်းတိုင်ဒေသကြီး၊၀န်းသြို
မို့နယ်၊ မြောက်လယ်ကျေးရွာသို့
အလှူပွဲလာရောက်ခဲ့သည့် စိတ်မနှံ့သူကို အိမ်ရှင်ဖြစ်သူက သားမယား
အဖြစ် အဓမ္မပြုကျင့်ခဲ့သောကြောင့် ၀န်းသိုမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၀န်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ ဆီဆုံကုန်းနေ စိတ်မနှံ့သူ
မ-----------သည် မြောက်လယ်ကျေးရွာရှိ အလှူပွဲသို့ မတ်(၄)ရက်နေ့က
သွားရောက်ပြီး ထိုရွာရှိ ဦးလှတင့်၏ နေအိမ်ရေတွင်း၌ တစ်ယောက်တည်း
ရေချိုးနေစဉ် အိမ်ရှင်ဖြစ်သူ ဦးလှတင့်ရောက်ရှိလာပြီး နေအိမ်အောက်ခန်း
အတွင်း၌ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သောကြောင့် စိတ်မနှံ့သူ၏
အမဖြစ်သူ မ----------က ထွက်ဆို တိုင်တန်းထားကြောင်း သိရသည်။
ထို့ကြောင့် စိတ်မနှံ့သူအပေါ် အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြု
ကျင့်ခဲ့သူ ဦးလှတင့်ကို ၀န်းသိုမြို့မရဲစခန်းက (ပ) ၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment