For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 19 March 2014

ဝန်းသိုမြို့နယ် ကင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၂၀၁၄-၂၀၁၅ပညာင်နှစ်အတွက် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးနိုင်ရန်မျှော်လင့် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 စိုင်းလူမင်း....
        စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊
ဝန်သိုမြို့နယ်ရှိ ကင်းကျေးရွာမှ အခြေခံပညာ
အထက်တန်းကျောင်းခွဲသည် ၂၀၁၃-၂၀၁၄
ပညာသင်နှစ်တွင် စုစုပေါင်း ကျောင်းသားအင်
အား(၃၈၆)ယောက်ရှိပြီး လက်ရှိ ဥပဓိရုပ်မ
ကောင်းသော ကျောင်းဆောင်  (ဦးမြကြီး
ဆောင်)မှာ မလျား(၁၅၀)ပေ၊ အနံ(၃၀)ပေ၊
 အမြင့်(၁၂)ပေ ရှိ၍  ၁၉၉၃-၉၄ ပညာသင်နှစ်
တွင် ဆောက်လုပ်ခဲ့ရာ နှစ်ပေါင်း (၂၀)ခန့်
ရှိပြီး ကျောင်းဆောင်မှာ အိုမင်း၍ ဥပဓိရုပ်
မကောင်းသောအခြေအနေတွင် ရှိ၍  သက်
ဆိုင်ရာအကြီးအကဲတို့ တင်ပြကောင်းခံထား
ပြီး ဖြစ်၍  ကျောင်းဆောင်သစ် ဆောက်လုပ်
ခွင့်ပြုနိုင်ရန် ဒေသခံများက ဆန္ဒရှိကြသည်ဟု
သိရသည်။
       အဆိုပါ ဦးမြကြီးကျောင်းဆောင်မှာ
အိုမင်း၍ ဥပဓိရုပ်မကောင်းသောကြောင့်
နှစ်စဉ် ထိုကျောင်းဆောင်တွင် ပညာသင်ကြား
သော ကျောင်းသူ/သားများမှာ မိုးရာသီကာလ
 မိုးသည်းထန်စွာ ရွာသော နေ့တွင် စာသင်
ဆောင်ပြိုကျပျက်စီးပြီ အသက်အန္တရာယ် ထိ
ခိုက်မည်ကို စိုးရိမ်ဆေသာကြောင့် ကျောင်း
သားမိဘများသည် ၎င်းတို့၏ သား/သမီးများ
အား ကျောင်းမတက်ခိုင်းဘဲ မမနေအိမ်သို့
 ပြန်လည်ခေါ်ဆောင်သွားလျှက် ရှိကြောင်း
ဒေသခံများ အဆိုရသိရသည်။
       အဆိုပါကျောင်းတွင် ဦးမြကြီးဆောင်
အပါအ၀င် စာသင်ဆောင် (၄)ဆောင်ရှိပြီး
(၁)အာရုဏ်ဥင်္ီးဆောင်၊ အလျား(၉၀) ပေ ၊
အနံ(၃၀)ပေ ၊အမြင့်ပေ(၁၂)ပေ၊  (၂)ထပ်၊
 (၂) ဇေယျာသီရိဆောင်၊ အလျား(၁၂၀)ပေ၊
အနံ(၃)ပေ၊ အမြင့်(၁၂)ပေ၊ (၁)ထပ်၊ ဥပဓိရုပ်
မကောင်းသော ဦးမြကြီး အဆောင် အလျား
(၁၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၁၂)ပေ ထပ်မံ
ဆောင်လုပ်လိုသောကြောင့် အင်ဂျင်နီယာတွက်
ချက်မှုအရ ကျပ်သိန်း(၅၈၀) ကုန်ကျမည်ဖြစ်၍
ဥပဓိရုပ်မကောင်းသော ကျောင်းဆောင်အား
ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက်
သက်ဆိုင်ရာဌာန အကြီးအကဲများထံ တင်ပြ
တောင်းခံထားကြောင်း ကျောင်းသားမိဘများ
 ပြောပြချက်အရ သိရသည်။
                 Kawlin Media Group
                  Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment