For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 27 March 2014

ထီးချိုင့်မြို့ ဧရာဝတီမြစ်ကမ်းဘေး၌ ပလပ်စတစ်နှင့် အမှိုက်များ စွန့်ပစ်နေမှုကို ကာကွယ်တားဆီးသင့် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
       စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့
ပေါ်ရပ်ကွက်နေထိုင်သူ အချို့နှင့် ဈေး
သည်များအချို့မှ သင်္ဘော၊ မော်တော်၊
စက်လှေဆိုက်ကပ်ရာ မြစ်ဆိပ်ဘေးတစ်
လျှောက်တွင် ပလပ်စတစ်၊ ကြွပ်ကြွပ်
အိတ်အမှိုက်များ ပလပ်စတစ်ဖြင့် ထုတ်
လုပ်ထားသော စွန့်ပစ်ပစ္စည်းများနှင့်
အခြားပစ္စည်းအမှိုက်များ စွန့်ပစ်ထားမှု
ကြောင့် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ကမ်း
အလှအပများကို ပလပ်စတစ် ညစ်ညမ်းမှု
ကြောင့် အရုပ်ဆိုးအကြည်းတန်စေသည်
ဟု မြို့ပေါ်နေ ပြည်သူအချို့က ထောက်ပြ
ပြောဆိုနေလျှက်ရှိကြသည်။
      ပလပ်စတစ်သည် အခြားသော
ပစ္စည်းများကဲ့သို့ ဆွေးမြေ့ပျက်စီးလွယ်
သော ပစ္စည်းမဟုတ်သည့်အတွက် နှစ်
ကာလကြာသည့်တိုင် ပလပ်စတစ်သည်
ပျက်စီးနိုင်ခြင်းမရှိကြောင်း ပလပ်စတစ်
အန္တရာယ်သည် မြစ်၊ ချောင်း၊ အင်း၊ အိုင်
နှင့် ပင်လယ်သမုဒ္ဒရာများအထိ ညစ်ညမ်း
လျှက် ရှိပါသည်။ယခုကဲ့သို့ ဧရာဝတီမြစ်
ကမ်းဘေးတစ်လျှောက်တွင် ပလပ်စတစ်
ကြွပ်ကြွပ်အိတ်အမှိုက်များ ပလပ်စတစ်
ဖြင့် ထုတ်လုပ်ထားသော စွန့်ပစ်ပစ္စည်း
များအား စွန့်ပစ်မှုကြောင့် ဧရာဝတီမြစ်
အတွင်း ရေနေသတ္တဝါများ၏ အစာကွင်း
ဆက်ကို ထိခိုက်ပျက်စီးစေပြီး အလွန်
သေးငယ်သော ပလပ်စတစ်အမျှင်လေး
များကို ရေနေသတ္တဝါများ စားသုံးခြင်း
ကြောင့် သေကျေပျက်စီးလွယ်သည်ဟု
သဘာဝပတ်ဝန်းကျင် လေ့လာနေကြသူ
အချို့က ပြောကြားသည်။
      အဆိုပါမြစ်ကမ်းဘေးတလျှောက်ရှိ
ဧရာဝတီမြစ်ကမ်းဘေး တလျှောက်ရှိ
ပလပ်စတစ်အမှိုက်များကို ထိုအနီးရှိ
နေအိမ်များမှ နိုင်ငံခြားသားများ ထီးချိုင့်
မြို့သို့ ရောက်ရှိသည့်အခါ ဧရာဝတီမြစ်
အလှနှင့်ပလပ်စတစ်အမှိုက်များ ဧရာဝတီ
မြစ်ကမ်းဘေးတွင် စုပုံနေသည့်အမှိုက်
များကို ကြည့်ရှုရင်း မှတ်တမ်းဓါတ်ပုံ ရိုက်
ကူးနေကြသည်ကို တွေ့မြင်ရသည်ဟု ဆို
ကြသည်။ ထို့ကြောင့် ဧရာဝတီမြစ်ကမ်း
ဘေးရှိ နေအိမ်များမှ ထိုပလပ်စတစ်အ
မှိုက်များကို အမြင်မတော်၍ မီးရှို့ဖျက်ဆီး
ကြသည် သိရသည်။
       စွန့်ပစ်ပလပ်စတစ်အမှိုက်များသည်
ဖျက်စီးရန် ခက်ခဲသည်။မီးရှို့ဖျက်ဆီးပါက
၎င်းမီးခိုးငွေ့ကို ရှုရှိုက်ရသူများသည်
အဆုတ်ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါ
သည်။ သို့သော်လည်း အသိပေးမှုအား
နည်းသည့်အတွက် မြို့ပေါ်နေရပ်ကွက်
အချို့နှင့်ဈေးဆိုင်များမှ အမှိုက်များကို
စွန့်ပစ်သည့် အလေ့အထမရှိခြင်းကြောင့်
ဧရာဝတီမြစ်ပတ်ဝန်းကျင်ပျက်စီးမှု မရှိစေ
ရေးကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်
လာပြီ ဖြစ်ပါသည်။
       သို့ဖြစ်၍ မြို့ပေါ်နေပြည်သူများက
ပလပ်စတစ်အမှိုက်များကို စနစ်တကျ
အမှိုက်ပုံများအတွင်း စွန့်ပစ်ခြင်း၊ စွန့်ပစ်
အမှိုက်များကို စနစ်တကျဖျက်ဆီးခြင်း
များ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာန
များအနေဖြင့် ပြည်သူများကို စည်းရုံး
ပညာပေးဆောင်ရွက်ရန် လိုအပ်ပါသည်။
သက်ဆိုင်ရာဌာနများအနေဖြင့် ပြည်သူ
လူထုနှင့် ပူးပေါင်း၍ စည်းရုံးပညာပေး
ဆောင်ရွက်နိုင်မှသာ မြို့နှင့်ဧရာဝတီမြစ်
၏ အလှအပ ပလပ်စတစ်အမှိုက်များ
ညစ်ညမ်းမှုအန္တရာယ်ကို ကာကွယ်တား
ဆီးနိုင်မည် ဖြစ်သည်။
                   Kawlin Media Group
               Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment