For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 9 March 2014

ကောလင်းဈေးကွက်က ဆေးဖက်ဝင်ဆေးစွမ်းထက် ကမ်းဇော်ဆီ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း.........
            စစ်ကိုင်းတိင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မန္တလေး မြို့၊
မြင်းမိုရ်ဆေးဆိုင်မှ ထုတ်လုပ်ဖြန့်ဖြူးသော ဆေးဘက်ဝင်ဆေးစွမ်းထက်
 ကမ်းဇော်ဆီများသည် ကောလင်း၊၀န်းသို၊ ပင်လည်ဘူးရှိ ဒေသခံများ
အများအပြား ၀ယ်သူသုံးစွဲမှု ရှိလာကြသလို ၀ါလကင်းလွတ် သီတင်းကျွတ်
ပွဲတော်တွင်လည်း ရပ်နီးရပ်ဝေးသို့ ရောက်ရှိ နေကြသော လူများသည်
မိဘရပ်ထံသို့ပြန်လာကြကာ မန္တလေးမြို့၊မြင်းမိုရ် ပင်ရင်းဆေးဆိုင်မှ ဖြန့်ဖြူး
ထားသည့် ကိုယ်စလှယ် ရတနာ စတိုးဆိုင်တွင် ၀ယ်ယူ၍ ဘိုးဘွားမိဘ ဆရာ
သမားများကို စားဖွယ်ဝတ္တူ အစုစုတို့နှင့် အတူ ကမ်းဇော်ဆီကို ကန့်တော့
လာကြသည်ကို တွေ့မြင်ရသည်။
         ကမ်းဇော်ဆီသည် ကိုယ်တွင်းကိုယ်ပအနာများ၊ လူကြီးလူငယ်ကလေး
သူငယ်များတွင် ဖြစ်တတ်သော အဆစ်အမြစ်ကိုက်ခဲသော ဝေသနာများနှင့်
ကင်ဆာရောဂါ၊ ထိခိုက်ပွန်းပဲံသွေးထွက်သော ဒဏ်ရာများကို ကမ်းဇော်ဆီ
ဖြင့် ချက်ချင်းလိမ်းပေးပါက ထွက်နေသော သွေားများ အတိတ်မြန်ပြီး
အနာကျက်မြန်ကြောင်း၊ အရိုးကျီးပေါင်းတက်၊ ဒူးနာခါးနာများ ပျောက်ကင်း
ကြောင်း သုံးစွဲသူများ ပြောပြချက်အရ သိရှိရပါသည်။
မြတ်ခရိုင်နှင့် ဘုတ်ပြင်မြို့နယ်အတွင်းတွင်သာ အများဆုံးတွေ့ရပြီး ဒေသခံ
သူများ လက်ခံသုံးစွဲနေကြသည့် အစွမ်းထက်ဆေးဖက်ဝင် ကမ်းဇော်ပင်၏
အစေ့မှ အဆီထုတ်ယူပြီး ရောဂါအမျိုးမျိုးအတွက် ကမ်းဇော်ဆီကို နှစ်ရှည်ပြီး
သုံးစွဲနေသည်မှာ နှစ်ကာလတစ်ခုသို့ ကြာခဲ့ပြီဖြစ်ပါသည်။ ယခုအခါ မြန်မာ
နိုင်ငံတစ်ဝှမ်း ပျံ့နှံ့သုံးစွဲလာကြပြီး ကမ်းဇော်ဆီအစစ်အမှန်ရရှိ သုံးစွဲနိုင်ကြ
စေရန် အသုံးပြုပြံ၊အသုံးပြုနိုင်သော ရောဂါများကို သိရှိစေလိုပါသည်။
           ကမ်းဇော်ပင်၏ ရုဗေဒအမည်မှာ Bassia Longifolia Linn ဖြစ်ပြီး
မျိုးရင်းမှာSapotaceae ဖြစ်သည်။မြန်မာအမည်မှာ ကမ်းဇာ် (ရေမယ်ဇယ်-
ရေမည်စည်)၊သက္ကတ အမည်မှာ ဇုဍပပ္ဖ၊ မဓုက၊ပြန်လည်ပြသရာ ရင်သား
ကင်ဆာမှာ အံ့သြေစဖွယ် ရေမည်စည်) ၊သက္ကတ အမည်မှာ ဇုဍပပ္ဖ၊ မဓုက၊
 အင်္ဂလိပ်အမည်မှာ Honey Tree,Mahua of Southern India/ Mahuah
 Tree ဖြစ်သည်။ ပုံသဏ္ဍာန်မှာ မယ်ဇယ်ပင် (မည်စည်) ပင်နှင့် ထူသည်။
အစေးထွက်သည်။ အစေ့ မှ ဆီထွက်သည်။ အဆီသည်ခဲပြီး အ၀ါရောင်ရှိ
သည်။ ၎င်းကို မယ်ဇယ်ပင်နှင့် အလုံးစုံတူသောကြောင့် ဟိန္ဒီဘာသာဖြင့်
"ဇလမဟူအာ"ဟုခေါ်ပြီး မယ်ဇယ်တစ်မျိုး(ရေမယ်ဇယ်)မှ အမည်မှည့်သည်။
        အပင်၏ပုံသဏ္ဍာန်မှာ အပင်ကြီးအမျိုးစားဖြစ်ပြီး အမြင့်ပေ )၁၀၀)
ကျော် အထိမြင့်ပြီး နှစ်ရှည်ပင် ဖြစ်သည်။အရွက်မှာ အစိမ်းရင့်ရောင်ရှိပြီး
 ရွက်ထိပ်ချွန်သည်။ရွက်လွှဲအလှည့်
ကျထွက်သည်။အလျား(၈)လက်မခန့်
ရှည်လျားပြီး အနံ(၂)လက်မခန့် ရှိသည်။ ငှက်မွေးပုံစံသို့ ရှိသည့်အပြင်
အရွက်မှာ ထူပြီး အနည်းငယ်မာသည်။ ပွင့်ပွင့်ချင်းမှာ တပို့တွဲလနှင့် တပေါင်း
လတွင်ပွင့်ပြီး အပွင့်အရောင်မှာ အ၀ါရောင်ဖြစ်သည်။ တပေါင်းလနှင့် တန်ခူး
လတွင် အသီးသီးပြီး အသီး၏အရောင်မှာ အစိမ်းရောင် ဖြစ်သည်။ရင့်မှည့်
လျှင်လည်း အစိမ်းရောင်အတိုင်းသာရှိသည်။ ကခုန်လနှင့်နယုန်လတို့တွင်
အသီးကြွေကျချိန် ဖြစ်ပြီး အစေ့ကို ကောက်ယူရသည်။ အစေ့ပုံစံမှာ ပြောင်
ချောပြီးမာကျောသည်။ အညိုရင့်ရောင်ဖြစ်ပြီး ခရာစေ့နှင့် ပုံစံတူသော်လည်း
ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးသည်။ ကမ်းဇ်ာစေ့မှာ အလွန်မွှေးပျံ့ပြီး အဆီ
ထုတ်ယူပါက အေ့၏ အမွှေးအနံ့အတိုင်း ရှိပါသည်။
         ကမ်းစော်ဆီစစ်မှန်ပါက အချိန်(၃)နှစ်ခန့်အထိထားသော်လည်း မွှေးရနံ့
မပြယ်ပါ။ရောနှောထားသော ကမ်းဇော်ဆီ မစစ်မှန်သော ကမ်းဇော်ဆီဖြစ်ပါက
 လအနည်းငယ်ခန့်ထားပါက ၎င်း၏အနံ့ပြယ်သွားပါသည်။ကမ်းဇော်ပင်မှာ
 အသီးသည် (၃)နှစ်လျှင် (၁) ကြိမ်သီးပြီး ၂၀၁၁ခုနှစတွင် အသီးမသီးပါ။ ၂၀၁၂
ခုနှစ်သည် အသီးသီးသည့် နှစ်ဖြစ်၍  ၀ါထပ်နှစ်လည်းဖြစ်သည့်အလျှောက် အသီး
ပိုမိုသီးသည်။
             မြတ်မြို့တွင် ကမ်းဇော်ဆီဈေးနုန်းမှာ လေးဆယ်ကျပ်သားခန့်ဝင်သည့်
 ပုလင်းတစ်ပုလင်းလျှင် ငွေကျပ် (၃၅၀၀၀)မှ(၄၀၀၀၀)အထိ ရောင်းချကြပါသည်။
ကမ်းဇော်ဆီတွင် ပါဝင်သောဒြပ်ပေါင်းများမှာPolysaccbaride ,Saponia,Flavonoid,
 Sterol, B-car0tene and aleanolid acid တို့ပါဝင်ပါသည်။
           ကမ်းဇော်စေ့ကိုအဆီ ထုတ်ယူရာတွင် အစေ့သည် သန့်ရှင်းလတ်ဆတ်ပြီး
 မှိုများ ၊အမှိုက်သရိုက်များ မပါဝင်စေရန် သတိပြုရမည်။ မှိုများပါသော အစေ့မှာ
ကမ်းဇော်ဆီကိုသောက်သု့းပါက အကျိုးထက် အပြစ်က ပို၍  ကြီးမည်ဖြစ်ပါ၍
ကမ်းဇော်ဆီထုတ်လုပ်သူများ သတိပြုကြစေလိုပါသည်။
          ကမ်းဇော်ဆီအစစ်အမှန်သည် အလွန်ဆေးဘက်ဝင်အစွမ်းထွက်သည့်
 အဆီတစ်မျိုးဖြစ်ပြီး အနာများကို အထူးလျင်မြန်စွာ ကျက်စေနိုင်သည့် ဂုဏ်
သတ္တိရှိပါသည်။စာရေးသူသည် ၂၀၀၄ခုနှစ် ၊ပဉ္စမအကြိမ် မြန်မာတိုင်းရင်း ဆေး
သမားတော်များညီလာခံ စာဖတ်ပွဲတွင် "တနင်္သာရီ တိုင်းဒေသကြီးမှ အစွမ်းထက်
 တိုင်းရင်းဆေးကမ်းဇော်ဆီ "စာတမ်းကို တင်သွင်းဖတ်ကြားခဲ့သဖြင့် မြန်မာနိုင်ငံ
တစ်ဝှမ်းရှိ တိုင်းရင်းဆေးပညာရှင်များ၊သုတေသနပညာရှင်များ၊ ပြည်သူအများ
အပြား ပိုမိုသိရှိလာကြသည်ဟု ကမ်းဇော်ဆီကိုယ်တွေ့ ဆောင်းပါးနှင့် ကမ်းဇော်
ဆီဆောင်းပါးပေါင်းချုပ်တွင် ဒေါ်ဝါ၀ါ (မြိတ်ခရိုင်/တိုင်းရင်းဆေး) ရေးသားဖော်ပြ
ထားသည်ကို ဖတ်ရှုရသည်။
         ကမ်းဇော်ဆီကြတ်ယူပုံနှင့် ခွဲခြားနည်းများမှာ ကမ်းဇော်စေ့ကို ခြောက်သွေ့
အောင်နေလှန်း၍ အဆီကြတ်ယူကြသည်။ ကမ်းဇော်ဆီကို ကြိတ်ယူခဲ့(ပုံ)မျိုးရှိပြီး
ရှေးမိရိုးဖလာကတည်းက ယနေ့တိုင် ကမ်းဇော်ဆီကိုပေါင်းခံပြီး အဆီညစ်ယူခြင်း
နှင့် ကြိတ်စက်ဖြင့် ကြိတ်ယူခြင်းသည် ကျိုးအာနိသင် အတူပင်ဖြစ်သည်။
          မည်သည့်နည်းဖြင့်မဆို ကမ်းဇော်ဆီသည် နှစ်ပေါင်းများစွာ အထားခံပြီး
ကမ်းဇော်ဆီပုလင်းတွင်  အပေါ်ယံ အရေကြည်၊ နို့နှစ်ရောင်အနှစ်(အနယ်)နှင့်
အောက်ခြေတွင် အနက်ရောင်အမှုန်လေးများ ကပ်နေသည်ကို တွေ့ရသည်။
နို့နှစ်ရောင်အနှစ်(အနယ်)မှာ ကမ်းဇော်ဆီအစေ့၏ အဆံမှ ရရှိခြင်းဖြစ်သည်။
(ကံဇော်ဆီအစေ့အတွင်းဆံသည်နို့နှစ်ရောင် ရှိသည်)။ ညိုနက်ရောင်အနှစ်များ
မှာ အခွံမှာရှိသော အနှစ်ဖြစ်သည်။(ကမ်ဇော်စေ့ အပြင်အခွံသည် ညိုနက်ရောင်
ရှိသည်)။ကမ်းဇော်ဆီသည် ထူးခြားသောအနံ့ရှိ ၍ အနည်းငယ် ခါးသက်သက်
အရသာရှိသည်။အချို့သူများသည် ကမ်းဇော်ဆီကို နည်းမျိုးစုံဖြင့် ရောနှောခြင်း
များရှိသဖြင့် အထူးသတိပြုရန် လိုအပ်သည်။
         ဤကဲ့သို့ ကြီးမားကြောက်မက်ဖွယ် ကောင်းသော ရောဂါကြီးများနှင့်
 အခြားရောဂါများပျောက်ကင်းနိုင်ရန် အစွမ်းထက်သော ကမ်းဇော်ဆီအစစ်များ
ကို အတွေ့အကြုံရှိသော သူများထံမှ မှာယူသောက်သုံးမှသာ အစစ်များရရှိနိုင်ပြီး
 ရောဂါများ ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။အတုများကို သုံးစွဲမိပါက ရောဂါ
ပျောက်ကင်းမည် မဟုတ်ပါ။ ယခုအခါ ကောလင်းမြို့၊ ရတနာစတိုးဆိုင်တွင်
ကမ်းဇော်ဆီပုလင်းအကြီး(အကြည်) တစ်ပုလင်း၂၈၀၀၀ကျပ်၊ ပုလင်းအကြီး
(အနှောက်) ၂၄၀၀၀ကျပ်၊ ပုလင်းအသေး(အကြည်) ၁၄၀၀၀ကျပ်၊ ပုလင်း
(အနှောက်) ၁၂၀၀၀ ဖြင့် ရောင်းချလျှက်ရှိပြီး သောက်သုံးခြင်းဖြင့်လည်းကောင်း၊
လိမ်းခြင်းဖြင့်လည်းကောင်း နှစ်မျိုးစလုံး အသုံးပြုနိုင်ကြောင်းသိရသည်။
                                            Kawlin Media Group
                                           Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment