For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 13 March 2014
ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာတွင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်လျှက်ရှိ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း......
      စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသိုမြို့နယ်၊ နမ်းခမ်း
ကျေးရွာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကျန်းမာရေး
ရွက်နေသော (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ၊ ဆောက်
လုပ်ခြင်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်
နေလျှက်ရှိပြီး "ကြယ်စင်မင်း " ဆောက်လုပ်ရေး
ကုမ္ပဏီမှ တည်ဆောက်ခဲ့ရာ (၇၅) ရာခိုင်နှုန်း ပြီးစီးမှု ရှိ
ကြောင်း သိရသည်။
       တိုက်နယ်ဆေးရုံ တည်ဆောက်မှု လုပ်ငန်းတွင်
 ဆေးရုံနှင့် ၀န်ထမ်းအိမ်ယာ သံကူကွန်ကရစ် ၊(၁၇၈၉၂)
စတုရန်းပေ၊ ခြံစည်းရိုး(အုတ်) (၆၀၀' x ၆) ၊ အုတ်ခံတုံး
သွပ်ဆူးကြိုး (၁၅၀၀' x ၆')၊ ရင်ခွဲရုံ၊ သံကူကွန်ကရစ် (၁၄၄)
စတုရန်းပေ၊ (၄") အ၀ီစိတွင်း၊ အုတ်ရေစက်အိမ် သံကူကွန်
ကရစ် (၆၄)စတုရန်းပေ ၊ ဂါလံ(၁၆၀၀)ဆန့် ဖိုက်ဘာရေတိုင်
ကီ ၊ (၈' x ၁၂')အကျယ် ကွန်ကရစ်လမ်း (၂၀၀)ပေ၊ (၃)လက်
မခွဲ နှစ်လုံးထိုးလေမုတ်စက်၊ (၃)ကောင်အား မော်တော်နှင့်
 (၂)ကောင်အား ရေတင်စက်တို့ ပါဝင်ကြောင်း သိရသည်။
         စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသိုမြို့နယ်၊ နမ်းခမ်း
ကျေးရွာ ၊နမ်းခမ်းတိုက်နယ်တွင် ကျေးရွာအုပ်စု (၇)အုပ်စု
၊ကျေးရွာခွဲပေါင်း(၃၂)ရွာနှင့် ကျောက်ပါးစပ်ရွှေမှော် အပါ
အ၀င် လူဦးရေ(၂၁၀၀၀)ဦးခန့် နေထိုင်ကြပြီး အစိုးရဌာန
ရုံးစိုက်ရာ တိုက်နယ်အဆင့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။
          ကျန်းမာရေးဌာနအနေဖြင့် ၁၉၆၅ ခုနှစ်မှ စတင်ပြီး
 ယခုအချိန်ထိ တိုက်နယ်ဆေးရုံရရှိရေးအတွက် တာဝန်ရှိသူ
အဆက်ဆက် ကြိုးစားဆောင်ရွက်ခဲ့ရာ မြေဧက (၂) ဒသမ
 (၁၇)ဧကပေါ်တွင် ပင်မဆေးရုံ(၁)ခု၊ ဆရာဝန်နေအိမ်(၁)လုံး
 ဆရာမများနေအိမ်(၁) လုံးနှင့် ၀န်ထမ်းနေအိမ်(၁)လုံးတို့အား
 ၁၉၉၁ခုနှစ်တွင် (၅၀' x ၂၇')ပေ ၊တစ်ထပ်နံကပ်၊ သွပ်မိုး
 အဆောက်အဦးအား ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့
ကြသည်ဟု သိရှိရပြီး ယခုအခါ (၁၆)ကုတင်ဆန့် တိုက်နယ်
ဆေးရုံတည် ဆောက်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းအား
 ၂၀၁၃ ခုနှစ် ၊ဖေဖော်ဝါရီမှ မတ်လ(၁)ရက် လွှတ်တော်ဆွေး
နွေးချက်အရ ကျန်းမာရေးဝန်ကြီးဌာန စီမံကိန်းတန်ဖိုး ကျပ်
သိန်း(၃၅၀၀) (ကျပ်သိန်းသုံးထောင့်ငါးရာ) ခွင့်ပြုချက်အရ
တည်ဆောက် နေသည်ဟု သိရသည်။
                                         Kawlin Media Group
                                         Sailumin35@gmail.com
No comments:
Post a Comment