For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 14 March 2014

NDF ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် နောက်ဆက်တွဲသတင်းထုတ်ပြန်ချက် ► “ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့်
နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်
         ရက်စွဲ။ ၁၃-၃-၂၀၁၄

         ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ကြေညာချက်အမှတ်  ၂/ ၂၀၁၄ ထုတ်ပြန်ပြီးနောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးမှ ကျောက်ဖြူအထူးစီးပွား ရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များကို NDF  ပါတီသို့ ရှင်းလင်းချက်များနှင့်တကွ ပေးပို့ခဲ့ပါသည်။
         သို့ပါ၍ အဆိုပါ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်သွား မည့် လုပ်ငန်းစီမံချက်များထဲမှ  ကျွန်ုပ်တို့      NDF ပါတီ၏ ကြေညာချက်ပါ တောင်းဆိုချက်များနှင့် ဆက်စပ်လျှက် ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များကိ  ပြည်သူအများ ရှင်းလင်းမြင်သာစွာ သိရှိနိုင်ရန် အကြံပေးအဖွဲ့၏ ရှင်းလင်းချက်ပါမူရင်း အချက်အလက်အချို့ကို ဖော်ပြလိုက်ပါသည်။
         ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ
၁။      ဒေသအတွင်း ကျွမ်းကျင်လုပ်သားထု တိုးပွားလာစေရေးအတွက်  Work Force Development Plan ရေးဆွဲကာ Skill Development Training နှင့် Capacity Building Traiing  များ စနစ်တကျ လုပ်ဆောင်ခြင်း၊
၂။      ဒေသခံများ၏ သဘောထားများနှင့် အကြံပြုချက်များ ပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာစောင့် ကြည့်မည့် အစီအစဉ် Environmental Management Plan  ရေးဆွဲခြင်း၊
၃။      သဘာဝနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း  Environmental and Social Impacts Assessment ရေးဆွဲခြင်း၊
၎။      စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုရှိနိုင်သည့် ဒေသခံပြည်သူများအတွက် နေရာချထားခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာကို ကမ္ဘာ့ဘဏ်၏ Involuntary Resettlement Sourcebook ပါ လမ်း ညွှန်ချက်နှင့်အညီ ရေးဆွဲခြင်း၊
၅။      တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကံဘောက်ဒေသရှိ ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ဒေသခံ ပြည်သူများအတွက် လုပ်ဆောင်ပေးလျှက်ရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအား သွားရောက်လေ့လာပြီး ယင်းစီမံကိန်းများ၏ အကောင်းဆုံးလုပ်ဆောင်ချက် Best Practices များအတိုင်း ကျောက်ဖြူဒေသရှိ အကောင်အထည်ဖော်ဆဲနှင့် အကောင်အထည်ဖော်မည့်စီမံကိန်းများ တွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
၆။      အရင်းအနှီးလိုအပ်သည့် ဒေသခံပြည်သူများ အသေးစားချေးငွေများ ရရှိရန်အတွက် သက်ဆိုင်ရာဝန် ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့်အချက်များကို ကျောက်ဖြူအထူး စီးပွားရေးဇုံတွင် လုပ်ငန်းစီမံချက်များအဖြစ် ချမှတ်ထားကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြည်သူသို့ နိုင်ငံရေးတာဝန်သိစွာ ထပ်ဆင့် ပြန်ကြားလိုက်ပါသည်။


                                                                     သတင်ထုတ်ပြန်ရေးအဖွဲ့
  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment