For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 17 March 2014

ကောလင်းဈေးကွက်တွင် ခွေးတောက်ရွက် အရောင်းသွက်လျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း..........
   ခွေးတောက်ပင်သည် စစ်ကိုင်းတိုင်းဒေသကြီး
 အထက်ပိုင်း အနှံ့အပြားတွင သဘာဝအလျှောက်
 ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။
လေအားဖြင့် ပြန့်ပွားသည်ဖြစ်၍ ပေါက်ရောက်ပြန့်
ပွားမှုနှုန်း အလွန်များပြီး တောတောင်ထူတပ်သည့်
နေရာများနှင့် ကျေးလက်ဒေသရှိ နေအိမ်ခြံစည်းရိုး
များတွင် ပေါက်ရောက်လျှက်ရှိပြီး ပြည်သူအချို့
သည် ဂွေးတောက်ရွက်များအား ဆွတ်ခူး၍ ရောင်း
ချလျှက်ရှိကြောင်း တွေ့မြင်ရသည်။
      ခွေးတောက်ပင်သည် နွယ်ပင်ကြီး မျိုးဖြစ်ပြီး
ပင်စည်မှာ အခက်အလက်များ ဖြာထွက်သည်။
အရွက်မှာ နှလုံးပုံဖြစ်ပြီး ထိပ်ဖျားချွန်းသည်။ အပွင့်
မှ စိမ်းဝါရောင်ရှိပြီး တစ်နှစ်ပတ်လုံးပွင့်သည်။ အသီး
မှာ ကြီး၍ ရှည်ပြီး လှံစွပ်ပုံရှိသည်။
       ခွေးတောက်ပင်၏ အပွင့်၊ အရွက်၊အခေါက်
အမြစ်တို့သည် ဆေးဖက်ဝင်ပြီး အရသာမှာ ပို၍
ခါးသည်။ ဆေးအတွက် စုပေါင်းရန်အချိန်မှာ ဆောင်း
နှင့် နွေ ဖြစ်သည်ဟု ဆိုသည်။ ခွေးတောက်ရွက်
သတ္တုရည်ဖြင့် ရေယုန်နာအား မကြာခဏ ပွတ်ပေး
လျှင် ရေယုန်နာလျှင်မြန်စွာ ပျောက်ကင်းစေသည်။
ဂွေးတောက်ရွက် သတ္တုရည်(၂)ဆ ခရိုးရွက် သတ္တု
ရည် (၁)ဆကို ရော၍ သောက်ပေးပါက ရုတ်တရက်
 လေထိုးလေအောင့်ခြင်းကို ပျောက်ကင်းစေသည်ဟု
ု ဆိုသည်။
         အဖုအကြိတ်များကို ခွေးတောက်ရွက်ကြိတ်၍
သုံးပေးနိုင်ပြီး အရွက်ကို မီးကင်ပြီးကပ်ပေးပါက
အနာစိမ်း၊ သွေးစုနာများ နုလျှင်ပိန်၊ ရင့်လျှင်ပေါက်၍
ပျောက်ကင်းသည်။ ခွေးတောက်ရွက်(သို့)အခေါက်
 မှုန့်(၂)ဆကို ဂျင်းမှုန့်(၁)ဆရော၍ ကွမ်းရွက်ပြုတ်
ရည်နှင့် သောက်ပါက နာတာရှည်အဖျားရောဂါများ
ပျောက်ကင်းစေသည်။
        ခွေးတောက်ရွက်ကို ထောင်း၍ သကြားနှင့်နှယ်
ပြီး စည်းအုံခြင်းပြုလုပ်ပေးပါက  အကြောလွှဲခြင်း၊
အရိုးအက်၊ အရိုးကျိုးခြင်းတို့ကို ပျောက်ကင်းစေသည်။
ခွေးရူးဆိပ်နှင့်သာမန်ခွေး ကိုက်နာများကို ခွေးတောက်
မြစ်သွေး၍ ငရုတ်ကောင်းမှုန့်နှင့် ရောပြီး တစ်နေ့(၃)
ကြိမ် ပုံမှန်တိုက်၍ အကိုက်ခံရသော နေရာသို့ ၎င်းဆေး
ကို လိမ်းပေးပါက ပျောက်ကင်းစေသည်။
        ခွေးတောက်ရွက်နှင့် ကြက်သားချက်စားပါက
အသဲမာခြင်း၊ အသဲတွင် အနာဖြစ်ခြင်းများကို ပျောက်
ကင်းစေသည်။ ခွေးတောက်ရွက်အမှုန့်နှင့် ဂျင်းမှုန့် ၍
 နံနက်ည မှန်သောက်ပါက မီးယပ်မမှန်ခြင်းကို ပျောက်
ကင်းစေသည်။ ထို့ကြောင့် ခွေးတောက်ပင်သည်
ဆေးဖက်ဝင်သောကြောင့် ခွေးတောက်ရွက်ပေါ်သည့်
ရာသီတွင် ဒေသခံများ ၀ယ်ယူစားသုံးလျှက်ရှိကြောင်း
သိရသည်။
                         Kawlin Media Group
                         Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment