စိုင်းလူမင်း..............
စစ်ကိုင်းတိုင်းဒေသကြီး ၊ဗန်းမောက်မြို့နယ်၊ ပင်ပုံရဲကင်းမှူး
ရဲတပ်ကြပ်ကြီး မင်းမင်းထွေးနှင့် အဖွဲ့သည် မတ်လ(၄)ရက်နေ့ ည(၉)
နာရီအချိန်ခန့်က နောင်ကွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံသိန်း၊
ဦးရန်နိုင် တို့နှင့် အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်
နေစဉ် နောင်ကွပ်ကျေးရွာနှင့် ဝေမံကော်သွား လမ်းမပေါ်တွင် မသင်္ကာသူ
(၂)ဦးကို တွေ့ရှိပြီး ရှာဖွေစစ်ဆေးခဲ့ရာ သန်းထွန်းလွယ်ထားသော အနီ
စင်းကျားဘေးလွယ် အိတ် အတွင်းမှ TN တံဆိပ်ပါ ကော်ဘူးအဖြူရောင်
အတွင်းထဲတွင် ဘိန်းဖြူဟု ယူဆရသော အဖြူ၊အ၀ါစပ်ကျား၊ အဖြူမှုန့်
အလေးချိန်(၄၁) ဒသမ (၃)ဂရမ်ပါ (၁)ဘူး၊ ပင်နယ်စလင်ပုလင်းဖြင့်ထည့်
လျှက် ဘိန်းဖြူဟုယူဆရသော ဖြူဝါစပ်ကျား အဖြူမှုန့်အလေးချိန်(၀)
ဒသမ (၅၈) ဂရမ်ခန့်စီပါ (၂)ပုလင်း၊ အလေးချိန်(၁) ဒသမ (၀)ဂရမ်
ပင်နယ်စလင်ပုလင်း ဖြင့်ထည့်လျှက် ဘိန်းဖြူဟု ယူဆရသောအဖြူမှုန့်
အလေးချိန်(၁)ဒသမ(၄)ဂရမ်ပါ (၁)ပုလင်းခန့်နှင့် ပင်နယ်စလင်ပုလင်းဖြင့်
ထည့်လျှက် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ
ပန်းရောင်ဆေးပြား(၂၃)ပြား၊ အလေးချိန်(၂) ဒသမ (၃)ဂရန်ခန့်ကိုပါကို
လည်းကောင်း၊ ကျော်နိုင်သိန်းလွယ်ထားသော ဘေးလွယ်အိပ်အတွင်းမှ
Red Rudy ဆေးလိပ်ဘူးခွံ(၁)ဘူး၊ အနီရောင်ဂက်စ်မီးခြစ်(၁)လုံး၊ မီးစွဲ
လာင်ထားသော ငွေရောင်စက္ကူ အပိုင်းအစ(၂)ခုတို့ကို သိမ်းဆည်းရမိခဲ့
သည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ မူးယစ်ဆေးဝါးများ ဆက်စပ်ပစ္စည်းများနှင့်
အတူ တွေ့ရှိသူ သန်းထွန်း (ဘ)ဦးထွန်းပွင့်၊ ဟော်ယောကျေးရွာ ကဏန်း
ဒေသစိပ်၊ ဗန်းမောက်မြို့နယ်နေသူနှင့် တစ်ရွာတည်းနေ ကျော်နိုင်သိန်း
(ဘ) ဦးစံကျော်တို့နှစ်ဦးကို ပင်လုံကင်းမှူး ရဲတပ်ကြပ်ကြီး မင်းမင်းထွေးက
တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မံစီကြီးနယ်မြေရဲစခန်းက မယ(ပ) ၆/၂၀၁၄၊
မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိ
ကြောင်း သတင်းရရှိသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment