For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 25 March 2014

မိတ္ထီလာခရိုင် သာစည်မြို့နယ်စည်ပင်ကော်မတီ ရွေးချယ်မှုကိုပြန်လည်သုံးသပ်ပေးပါရန် သက်ဆိုင်ရာများသို့ တင်ပြခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိ
န် မန္တလေး
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်နှင့်
မန္တလေးတိုင်းဒေသကြီးစည်ပင်ဝန်ကြီး
ဦးအောင်မောင်းတို့ သိရှိနိုင်ပါရန်နှင့်သါစည်
မြို့နယ်စည်ပင်ကော်မတီရွေးချယ်မှုပွင့်လင်း
မြင်သာမှုမရှိခြင်း ပြည်သူများကိုငေါက်ငမ်း
ဆက်ဆံခြင်း မိမိလိုသောသူရလိုသောဆန္ဒ
ရှေ့တန်းတင်ခြင်းများကြောင့်စည်ပင်ကော်မတီရွေးချယ်မှုကိုအတည်မပြုသေးဘဲ
အောက်ပါတင်ပြချက်များကိုအရင်ဖတ်ရှု၍
ပြန်လည်သုံးသပ်ပေးနိုင်ပါရန်တင်ပြလိုပါ
သည်။
မိတ္ထီလာခရိုင် သာစည်မြို့နယ်စည်ပင်
သာယာရေကော်မတီရွေးချယ်နိုင်ရေးအ
တွက်ဆိုပြီးမြို့နယ်စည်ပင်မှတစ်မြို့လုံးကို
အကြိမ်ပေါင်းများစွာရက်ပေါင်းများစွာနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း
အထက်ပါအတိုင်း " အိမ်ထောင်စုတစ်ခု
လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသည်
တစ်အိမ်ထောင်တစ်ယောက် ၁၂-၃-၂၀၁၄
နေ့ တွင်ရပ်ကွက်များအတွင်းသတ်မှတ်ေ
ရာများတွင် မြို့နယ်စည်ပင်သာယာရေး
ကော်မီတီကိုသတ်မှတ်ထားသောစည်းကမ်း
ချက် ၁၃ ချက်နှင့်ညီသူတိုင်းမဲစနစ်ဖြင့်
ရွေးချယ်ခံပိုင်ခွင့်ရှိပါသည်။၎င်းစည်းကမ်း
ချက်များကိုသတ်မှတ်သည့်နေရာတွင်ကြည့်
ရှုနိုင်ပြီးမိမိတို့အမည်ပါ မပါကိုသတ်မှတ်
သည့်နေရာတွင်ကပ်ထားမည်ဖြစ်ပြီိးမိမိ
အမည်မပါရှိပါကသက်ဆိုင်ရာရပ်ကွက်အုပ်
ချုပ်ရေးမှူးထံတွင်သတင်းပို့ ကြပါရန် "
ဆိုပြီးအထပ်ထပ်အခါခါကျေညာသည့်အ
တွက် ကျွန်တော်တို့ ရပ်ကွက်ပြည်သူများ
အနေဖြင့် ကိုယ့်မြို့ကိုယ့်ရပ်ရွာကောင်းကျိုး
အတွက်ဝကွက်အပ်ရမည့်သူများရွေးချယ်
ပေးရတော့မည်ကိုအလွန်စိတ်ဝင်စားကြ
သလို မိမိကိုယ်တိုင်ရွေးချယ်ခံမည် သူတပါး
ကိုမဲပေးရွေးချယ်မည်ဟုစိတ်ကူးယဉ်ထားခဲ့
ကြပါသည်။ ၁၂-၃-၂၀၁၄ နေ့ တွင်မြို့နယ်
အုပ်ချုပ်ရေးမှူးဦးညွန့် ငွေ မှခေါင်းဆေါင်
၍စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ မြို့နယ်
စီမံကိန်းဦးစီးအရာရှိ မြို့နယ်ဥပဒေအရာရှိ
နှင့် ၅ ဦးပါကော်မရှင်တို့ သည်၁၂-၃'-၁၄
နေ့ တွင်ရပ်ကွက်အလိုက်ရွေးချယ်ရေးစခဲ့
ပါသည်။ရွေးချယ်ပွဲအကြောင်းမတင်ပြခင်
ရပ်ကွက်အလိုက်ခွဲတမ်းပေးထားမှုကိုစတင်
တင်ပြလိုပါသည်။သာစည်မြို့တွင်နယ်မြေ
၇ ခုရှိပါသည်။အမှတ် ၁ နယ်မြေအတွက်
၅ ဦး အမှတ် ၁ နယ်မြေတွင်ရပ်ကွက်ကြီး
၅ ခုရှိသည့်အတွက်တစ်ရပ်ကွက်တစ်ဦးနှုံး
သတ်မှတ်ပေးသလို အမှတ် ၂ နယ်မြေ
အတွက် ၁ ဦး အမှတ် ၃ အတွက် ၂ ဦး
အမှတ် ၄ အတွက် ၃ ဦး အမှတ် ၅ အတွက်
၁ ဦး အမှတ်၆ အတွက် ၁ဦး အမှတ် ၇
အတွက် ၂ဦး အားလုံး ၁၅ ဦးဖြစ်ပါသည်။
ယခင်သိထားသည်မှာ၎င်း ၁၅ ဦးမှစည်ပင်
ကော်မတီရွေးချယ်မည်ဟုသိထားပါသည်
ြိမို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သော
ရွေးချယ်ပွဲကော်မရှင်များရပ်ကွက်အတွင်း
လာရောက်ရွေးသည့်အခါယခင်ကြေညာ
ထားသည့်အတိုင်းမဟုတ်ဘဲမတ်တပ်ရပ်
အဆိုပြုစနစ်ကိုဆောင်ရွက်ပါတော့သည်။
နိုင်ငံတော်အကြီးအကဲများသည်တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးကိုနေ့ မအား
ညမနားအင်တိုက်အားတိုက်ဆောင်ရွက်နေ
ချိန်မှာမြို့နယ်ရွေးချယ်ရေးကော်မရှင်များ
အနေဖြင့်ပြည်သူများကိုအချင်းချင်းစိတ်ဝမ်း
ကွဲအောင်အချင်းချင်းမကြည့်ချင်အောင်
အုပ်စုကွဲအောင်တစ်ဦးနှင့်တစ်ဦးမုန်းတီး
အောင် ကြေညာထားသလိုလှို့ ဝှက်မဲစနစ်
မဟုတ်ဘဲမတ်တပ်ရပ်အဆိုပြုစနစ်ကို
အဘယ်ကြောင့်ကျင့်သုံးပါသလဲ? ရပ်ကွက်
တစ်ခုမှာဆိုလျှင်အမည်တစ်ဦးအဆိုတင်ခဲ့
ခြင်း နောက်တစ်ဦးမှရှေ့ကအမည်နှင့်ဆင်
တူသူကိုအဆိုတင်ခဲ့ခြင်းအပေါ်မြို့နယ်အုပ်
ချုပ်ရေးမှူးဆိုသူကယခင်အမည်ကိုထပ်တ
လဲလဲတင်ရမလားဆိုပြီးပြည်သူကိုရိုင်းပြစွာ
ငေါက်ငမ်းပြောဆိုခြင်းများအထိပင်ဆောင်
ရွက်ခဲ့ပါသည်။၁၆-၃-၂၀၁၄နေ့ တွင်
ရပ်ကွက် ၇ ရပ်ကွက်မှရွေးချယ်ခံမည့်ပုဂ္ဂိုလ်
၁၅ ဦးကိုရွေးချယ်မည့်အချိန်ကျမှမြို့နယ်
အုပ်ချုပ်ရေးမှူးမှလျာထားသော ၅ ဦးကို
လည်းရပ်ကွက်များရွေးချယ်စဉ်ကလိုပင်
ခင်မင်ရင်းစွဲရှိနေသောသူများတစ်ဦးနှင့်တစ်
ဦးမကြည့်ချင်အောင်ဖြစ်မည့်မတ်တပ်ရပ်
အဆိုပြုပြောင်ဆန္ဒပြုစနစ်ကိုကျင့်သုံးပြန်ပါ
သည်။မြို့နယ်အုပ်ချုပ်ရေးမှူးလျာထားသည့်
စာရင်းတွင်ရွေးချယ်သည့်စည်းကမ်းချက်
နှင့်မကိုက်ညီသည့်သူတစ်ဦးကိုသိသိကြီးနှင့်
ထည့်သွင်းထားပါသည်။ထိုသူမှာမိမိကိုယ်
တိုင်မိန်းခလေးတစ်ယောက်အားဖျက်လို
ဖျက်ဆီးပြုထား၍ပြဿနာအကြီးအကျယ်
တက်ထားခြင်း ထိုပုဂ္ဂိုလ်၏မိသားစုဝင်ဖြစ်
သည့်သမီးတစ်ဦးမှာမဲခေါင်းကိုင်ငွေများ
လိမ်လည်ပြီးထွက်ပြေးတိမ်းရှောင်နေခြင်း
ဖြစ်ပါသည်။သတ်မှတ်စည်းကမ်းချက် ၁၃
ချက်နှင့်ငြိစွန်းနေခြင်းကိုသိနေပါလျက်လျာ
ထားခဲ့ပါသည်။ရွေးချယ်မှုမတ်တပ်ရပ်အဆို
ပြုစနစ်သည်တစ်ဦးနှင့်တစ်ဦးမျက်နှာပျက်
စရာဖြစ်နေ၍လှူိ့ဝှက်မဲစနစ်သာကျင့်သုံး
သင့်ကြောင်းအမှတ် ၁ နယ်မြေသီရိမင်္ဂလာ
ရပ်ကွက်မှရွေးချယ်ခံကိုယ်စားလှယ်ဖြစ်သူ
ဦးလှမောင်ကတင်ပြခဲ့ပါသည်။၎င်းမှတင်ပြ
ရာတွင်ယခင်ကမြို့နယ်အုပ်ချုပ်ရေးမှူးမှ
ရွေးချယ်လျာထားစာရင်းမရှိခဲ့မသိခဲ့ပါ
ဗဟိုဦးစီးစနစ်ဆံနေပါကြောင်း ၎င်း ပုဂ္ဂိုလ်
များထဲမှ ၂ ဦးရွေးချယ်ပါကပြည်သူဘက်မှ
နစ်နာကြောင်းတင်ပြသည့်အခါ ထိုသူမှ
မန္တလေးတိုင်းစည်ပင်ဝန်ကြီးဦးအေါင်မေါင်း
၏ညွှန်ကြားချက်ဖြစ်ကြောင်းပြောလာပါ
သည်။ရွေးချယ်သည့်စနစ်ပြောင်းမပေးနိုင်
ကြောင်းငြင်းဆန်နေသည့်အတွက်တက်
ရောက်လာသူများမှလှို့ဝှက်မဲစနစ်မဟုတ်ပါ
ကမရွေးနိုင်ကြောင်းအကြိမ်ကြိမ်တင်ပြခဲ့
သည့်အတွက်နောက်ဆုံးတိုင်းစည်ပင်
ဝန်ကြီးညွှန်ကြားချက်တောင်းခံပေးရန်
ပြောမှသာမျက်စိပျက်မျက်နှာပျက်ခွင့်ပြုခဲ့
ပါသည်။မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့်
လျာထား ၅ ဦးစာရင်းတွင်သေချာပေါက်
သူလိုချင်သည့်သု ၂ ဦးရရှိရေးအတွက်
မလုပ်ချင်သောမလုပ်လိုသောတွင်ခုံ
လုပ်ငန်ရှင်တစ်ဦး ကျူရှင်ဆရာဘော်ဒါပိုင်
ရှင်တစ်ဦးနှင့်ဆေးခန်းဖွင့်ထားသေါ
ဆရာဝန်တစ်ဦးတို့ ကိုအကွက်ကျကျကြို
တင်စီမံချက်ချလျာထားခဲ့ပါသည်။ထိုသူ
များကလည်းသူတို့ ကိုမဲမပေးရန် သူတို့ 
ဒီတာဝန်ကိုမယူနိုင်ကြောင်းမဲဆန္ဒပေးမည့်
သူများကိုကြိုတင်ပြောထာသည့်အတွက်
ကော်မရှင်ကလိုချင်သောသူနှစ်ဦးမှာအပြင်
မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ရွေးချယ်စရာတောင်
မလိုဘဲအော်တိုမက်တစ်ရနိုင်ပြီဖြစ်သော်
လည်းမဲပေးရွေးချယ်ခိုင်း၍ထိုသူ ၂ ဦးပင်
ရသွားခဲ့ပါသည်။၎င်းနောက်အဖွဲ့ ဝင်စတင်
ရွေးခိုင်းပါသည် ။ရှောရှောရှူရှူနီးပါးဖြစ်ခဲ့
ပါသည်။ထို့ နောက်ဥက္ကဌနေရာရွေးချယ်
သည့်အခါမဲအများဆုံးနှစ်ဦးတူနေသော
အမှတ် ၁ ရပ်ကွက်မှ ဦးသူရနှင့်အမှတ် ၎
ရပ်ကွက်မှ ဦးတင်မောင်အေးတို့ အားမဲတူ
ညီနေ၍ပြန်လည်ရွေးချယ်ခိုင်းပါသည်။ထို
အချိန်တွင်လည်းမဲ ၄ မဲစီတူညီနေ၍ပြန်
လည်ရွေးချယ်သည့်အခါ မဲများရေတွက်၍
ကော်မရှင်ဥက္ကဌဖြစ်သူမြို့နယ်အုပ်ချုပ်ရေး
မှူးမှမဲစာရင်းကိုကြည့်၍နောက်လန်သွားပြီး
ကနေ့ ထမင်းမှစားရပါတော့မလားမသိဘူး
ဟုငြီးညူပြောနေသည်ကိုကြည့်ခြင်းအား
ဖြင့်ထပ်မံမဲတူနေပြန်သည်ကိုအားလုံးရိပ်မိ
ပါသည်။မဲပြန်ပေးရမည်ကိုသိရှိနေပါသည်။
ဆိုးရွားသည်မှာမဲစစ်ဆေးသည့်နေရာတွင်
မဲထဲ့သူများဘက်မှကိုယ်စားလှယ်မပါဘဲ
အတည်ပြုနေခြင်းပင်ဖြစ်ပါသည်။ယခုအခါ
မဲတူနေသည်ဟုအများကယူဆနေသော်
လည်း ကော်မရှင်အဖွဲ့ ချင်းခေါင်းချင်းဆိုင်
၍ တော်တော်ကြာမှအောင်ဘာလေမဲဖွင့်ပါ
တော့မယ်ဆိုပြီး အမှတ် ၄ ရပ်ကွက်မှ
ဦးတင်မောင်အေး ကမဲ ၅ မဲရရှိပြီးဥက္ကဌ
အဖြစ်ရွေးချယ်ခံရကြောင်းကြေညာသည့်
အခါ ကိုယ်စားလှယ်အားလုံးသိသိကြီးနှင့်
အလိမ်ခံလိုက်ရပြီဆိုတာသိရှိလိုက်ရသည့်
အတွက်များစွာစိတ်မချမ်းမြေ့ဖြစ်ကြရပါ
သည်။ရွေးချယ်မှုမှာပွင့်လင်းမြင်သာမှုမရှိပါ
လိုချင်သောသူရအောင်အကွက်ချစီမံလျာ
ထားပါသည်။မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦး
အနေဖြင့်ပြည်သူကိုငေါက်စရာမလိုပါစိတ်မ
ရှည်လျင်အစကတည်းကမလုပ်ပါနှင့်။ယခု
ရွေးချယ်ခံထားရသောပုဂ္ဂိုလ်မှာယခင်က
သာစည်တွင်အစိုးရဝန်ထမ်းဘဝခေတ္တနေ
ထိုင်ခဲ့သော်လည်း သာစည်မြို့ နှင့်အချိန်
အတော်ကြာကင်းကွာနေခဲ့သူဖြစ်ပါသည်
သို့ ပါ၍လူကြီမင်းတို့ အနေဖြင့်မန္တလေး
တိုင်းဒေသကြီး မိထ္ထီလာခရိုင် သာစည်မြို့
နယ်စည်ပင်ကော်မတီရွေးချယ်မှုကိုပြန်
လည်သုံးသပ်ပြီးအတည်မပြုဘဲမှန်ကန်စနစ်
ကျစွာပြန်လည်ရွေးချယ်ပေးပါရန်တောင်း
ဆိုတင်ပြအပ်ပါသည်။

အမှန်အကန်ဖြစ်လိုသူနှင့်တရားမျှတမှု
လိုလားသောပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment