For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 25 March 2014

ပညာရေး အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ သိရှိစေနိုင်ရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နေပြည်တော် တိုင်းဒေသကြီး အတွင်းရှိ ပညာရေး အသိုင်းအဝိုင်းမှ တာဝန်ရှိသူများ သိရှိစေနိုင်ရန် ဤပို့စ်လေးအား တင်ပြပေးစေလိုပါသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မူလတန်းများ/မူလတန်းလွန်များ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် Scholarship စာမေးပွဲများကို ၂၃.၃.၂၀၁၄ ရက်နေ့က ဖြေခဲ့ကြပါသည်။ သို့ရာတွင် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် ၊ ရွှေခဲအင်းကျေးရွာအုပ်စု ၊ ရွှေခဲကျေးရွာ ၊မူလတန်းလွန်ကျာင်း ( အ. လ . က ( တွဲ ) ) ၌ Scholarship ဖြေဆိုခွင့်ရသော ကိုအောင် + မညိုတို့၏ သမီး မအေးမိစံ - စတုတ္ထတန်းအောင်မြင်သူ မှာမူ
ရွှေခဲအင်းကျေးရွာ ကျောင်းအုပ်ကြီး ဒေါ်ခက်ခက်အောင်၏ တာဝန်မဲ့ ပေါ့ဆဆမှုကြာင့် Scholarship ဖြေဆိုခဲ့ရခြင်းမရှိပါ။ အဆိုပါ Scholarship ဖြေဆိုမည့် ၂၃.၃.၂၀၁၄ နေ့တွင် မအေးမိစံ ( စတုတ္ထတန်းအောင် ) သည် မိဘများနှင့်အတူ စာသင်ကျောင်းနှင့် ကျောင်းအုပ်ကြီး နေအိမ်များသို့ စာမေးပွဲဖြေဆိုရန် လာရောက်ခဲ့ပါသော်လည်း ကျောင်းအုပ်ကြီးနှင့် မတွေ့။ ဆရာ / ဆရာမများလည်း တစ်ဦးတစ်ယောက်မျှ မရှိကြပါ။ မအေးမိစံ၏ မိဘများမှာလည်း တောသူ/ တောင်သားများ ဖြစ်သည့်အတွက် မည့်သည့်ကျောင်း၌ Scholarship ဖြေရမည်ကို မသိကြ၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခက်ခက်အောင်အား ဖုန်းဖြင့်ဆက်သွယ်ပါသော်လည်း အဆက်အသွယ်မရသဖြင့် အိမ်သို့ပြန်လာခဲ့ရပါသည်။ တောသူ / တောင်သား ကျောင်းသား မိဘများမှာ သားသမီးများ Scholatsship ဖြေဆိုရန် အရည်အချင်း ရှိပါသော်လည်း ကျောင်းအုပ်ဆရာမကြီးဒေါ်ခက်ခက်ေ
အာင်၏ တာဝန်မဲ့ ပေါ့ဆမှုကြောင့် များစွာ နစ်နာရပါသည်။  အဆိုပါ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခက်ခက်အောင်မှာ သူ၏ သား အဋ္ဌမတန်းကျောင်းသား ကိုတော့ဖြင့် လယ်ဝေးမြို့ပေါ်ရှိ ကျောင်းသို့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တစ်နှစ်လုံး လုံး ပညာသင်စေပြီး မိမိတာဝန်ကျရာ ရွှေခဲအင်းကျောင်း၌ အဋ္ဌမတန်း စာမေးပွဲကို ဖြေဆိုစေခဲ့ပါသည်။ ထိုသို့ မိမိ၏ သားကိုသာ ဂရုစိုက်ပြီး တခြားကျောင်းသား/သူ များကိုမူ လျစ်လျူရှု ဂရုမစိုက်သော ရွှေခဲအင်းကျေးရွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခက်ခက်အောင်၏ တာဝန်မဲ့မှုကို နေပြည်တော် တိုင်းဒေသကြီး အတွင်းရှိ ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများ သိရှိစေရန် တင်ပြအပ်ပါသည်။
ဦးမြင့်ရှိန်းလွင်
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment