For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 26 March 2014

စစ်ကိုင်းမြို့ ရွှေတောင်ဦးမှော် ရှုခင်းသာ ကုန်းတော်ပေါ်မှ ကမာကူရ ဂျပန်ဘုရားကြီး ပုံစံတည်ထားကိုးကွယ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
       စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့
ရှိ သမိုင်းဝင်ရွှေတောင်ဦးမှော် ဧကဒဂ်
ကုန်းတော်ပေါ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့
တောင်ဘက်တွင် တည်ရှိသည့် ကမ္ဘာ
ကျော်ကမာကူရ ဂျပန်ဘုရားရုပ်ပွားတော်
ကြီးနှင့် ပုံစံတူ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်
ဆူကို ၂၀၁၃ ခုနှစ်က တည်ထားလျှက်
ရှိပြီး ယခုအခါ တည်ထားခြင်းမှ ပြီးစီး
အောင်မြင်ကြောင်း ကောလင်းမှ မန္တလေး
သို့ အံစာတုံးမှန်လုံယာဉ်ဖြင့် ရတနာပုံ
မြစ်ကူးတံတားပေါ်မှ ဖူးတွေ့ခဲ့ရလေသည်။
       ကမာကူရဂျပန်ဘုရားကြီးနှင့် ပုံစံ
တူ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ဥာဏ်တော်
(၂၄)ပေ၊ ပလ္လင်တော်အမြင့်(၇)၊ အောက်
ခံအုတ်ခံအမြင့် (၂)ပေခန့်ရှိပြီး ရွှေတောင်
ဦးမှော်ဆရာတော်ကြီး၏ ဦးဆောင်စီမံ
မှုဖြင့် ပန်းပုပညာရှင် ဦးစိုးအောင်(အိမ်
မွန်ပန်းပုစတူရီယို)က ပုံစံထုတ်လုပ် တည်
ထားခြင်းဖြစ်ကြောင်း လေ့လာသိရှိရ
သည်။ အဆိုပါ သမိုင်းဝင်ရွှေတောင်ဦး
မှော်ကွန်းတို့သည် နာမည်ကျော် ရူခင်း
သာ ဘုရားရင်ပြင်တော်ဖြစ်သည်။တစ်
ဖက်ကမ်းမှာရှိသော ရွှေကြက်ယက်၊
ရွှေကြက်ကျဘုရား နှင့်ဧရာဝတီမြစ်ပြင်
ဘုရားအလှအပများ၊ ဧရာဝတီမြစ်ကြီးကို
ဖြတ်သန်းသွယ်တန်းထားသည့် ရတနာပုံ
မြစ်ကူးတံတားကြီးနှင့်အတူ အင်းဝတံ
တားကြီးတို့၏ အလှအပများကိုလည်း
တွေ့မြင်နေရသည်။
      ထို့အပြင် စစ်ကိုင်းတောင်၊ ခါမင်းဝံ
တောင်၊ ရှင်ပင်နံကိုင်းတောင်တို့၏ တော
တောင်အလှအပများနှင့် စေတီပုထိုးများ
ကို ကြည်ညိုခံစားနိုင်သည့် နေရာနှင့်
အတူ ကမာကူရဗုဒ္ဓရုပ်ပွားတော်ကြီးကို
ဧရာဝတီမြစ်ကူး တံတား(ရတနာပုံ)ပေါ်မှ
ကြည်ညိုဖူးတွေ့နိုင်ကြောင်း တွေ့ရသည်။
        ရွှေတောင်ဦးမှော် ဧတဒဂ်ကုန်း
တော်ပေါ်တွင် ဆွမ်းခံကြွချီတော်မူနေဟန်
၊ဂေါတမဗုဒ္ဓဘုရားရှင်နှင့် တကွ ဧတဒဂ်
ရဟန်းတာအရှင်မြတ်ကြီးများ၏ ရုပ်ထု
တော်များကို ကြည်ညိုဖွယ်ထုလုပ်ပူဇော်
ထားပြီး အဆိုပါ ရုပ်ထုတော်ကြီးများအ
လယ်တွင် ကမာကူရဂျပန်ဘုရားကြီး နှင့်
ပုံစံတူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ထုလုပ်ပူ
ဇော်ထားခြင်းဖြစ်ကြောင်း ၊ရွှေတောင်ဦး
မှော်ကုန်းတော်သည် ဘုရားဖူးမြော်သူ
များ အရောက်အပေါက်များသည့် နေရာ
တစ်ခုဖြစ်ကြောင်း တွေ့မြင်ခဲ့ရသည်။
           Kawlin Media Group
            Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment