For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 13 March 2014

NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် အမှတ် ၁၁/၂၀၁၄
ရက်စွဲ။ ၁၂-၂-၂၀၁၄

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းအဖွဲ့ NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး
ရန်ကုန်မြို့သို့ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ် အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းအဖွဲ့ NCCT အဖွဲ့နှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင် ၁၂-၂-၂၀၁၄ ရက်နေ့ နံနက် ၉း၃၀ နာရီတွင်ကျင်းပပြုလုပ် ခဲ့သည်။
         ထိုဆွေးနွေးပွဲသို့ NCCT အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော ဦးနိုင်ဟံသာ ၊ဆလိုင်းလျန်မှုန်းနှင့် ဦးခွန်ဥက္ကာ၊ FDA မဟာမိတ်အဖွဲ့ဝင်ပါတီများဖြစ်ကြသော ကရင်ဒီမိုကရက်တစ်ပါတီမှ ဦးစောထွန်းအောင်မြင့်၊ ချင်းတိုးတက် ရေးပါတီမှ ဦးရှန်ထွန်းနှင့်ဒေါ်ချယ်ရီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ  ဦးအောင်သန်းတင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ  ဦးစိုးမောင်နှင့် ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်နှင့် ဦးအောင်ကြီး၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ၊ ဦးတိုးပို၊ဦးကြည်သန်း တို့ တက်ရောက်ခဲ့ကြသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးမင်းဇော်ဦးနှင့် ဒေါက်တာဆလိုင်းမွန်ကျုံးလျှန်တို့က ယနေ့ထုတ် အဲလဗဲင်းသတင်းစာပါ MPC နှင့် ပတ်သက်၍ ဖော်ပြချက်များသည် မမှန်ကန်ပါကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီးနောက် ဆွေးနွေးပွဲကို စတင်ခဲ့သည်။
NCCT အဖွဲ့မှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်နေမှုနှင့် အပစ်အခပ်ရပ်စဲရေးအတွက် လုပ်ဆောင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏  တူညီသောသဘောထားထုတ်ပြန်နိုင်ရေး လိုင်ဇာဆွေးနွေးပွဲနှင့် လော်ခီးလာဆွေးနွေးပွဲများ ပြုလုပ်ရခြင်းများ၊  အစိုးရအဖွဲ့နှင့် ဆွေးနွေးနေမှုများ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးအတွက် NCCT အဖွဲ့တွင် မပါဝင်သူများပါ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ သဘောထားတူညီချက်များ ရရှိနေပြီဆိုသည်ထက် မှန်ကန်သည့်လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဟု ပြောနိုင်ပြီဖြစ်ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးရရှိပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံ ရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။
         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ FDA အတွင်းရေးမှူးအဖွဲ့ဝင် NDF ပါတီအတွင်းရေးမှူး(၁) ဦးကြည်သန်းက  အကျဉ်းချုပ်ပြောကြားပြီး FDA ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
         ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်၊ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးအောင်သန်းတင်၊ ချင်းတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးရှန်ထွန်း၊  မြန်မာ့လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်ဇင် ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးစိုးမောင်နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့ က ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံထူထောင်ရေးကိစ္စများနှင့်ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေး နွေးခဲ့သည်။
         ထို့နောက် တွေ့ဆုံပွဲကို နေ့လည် ၁၁း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
         သတင်းမီဒီယာများ၏ မေးမြန်းချက်များကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။



>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment