For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 22 March 2014

ကောလင်းမြို့နယ်၏ မြို့နယ်ဖွံ့ဖြိုးရေးရံပုံငွေကျပ် သိန်း(၁၀၀၀)ဖြင့် ဖွံ့ဖြိုးရးလုပ်ငန်းများဆောင်ရွက်ရာတွင်(၇၅)ရာခိုင်နှုန်း ပြီးစီး ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
    စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့
နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့၏
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)
ဖြင့် ရေရရှိရေးလုပ်ငန်း(၅)ခု ကျေးလက်
လမ်းများ ပြုပြင်ခြင်းလုပ်ငန်း(၁၁)ခု၊
ကျေးလက်တံတားများ တည်ဆောက်ခြင်း
လုပ်ငန်း (၁၁)ခု၊ပညာရေးဆိုင်ရာ
ကျောင်းအဆောက်အဦး ပြုပြင်ခြင်းလုပ်
ငန်းများ(၅)ခု၊ ကျန်းမာရေးဆိုင်ရာ အ
ဆောင်အဦးပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊
ဒေသခံပြည်သူများ အမှန်တကယ်လုပ်
ငန်း (၁)ခုတို့အား ဆောင်ရွက်ပေးလျှက်ရှိ
ရာ (၇၅)ရာခိုင်နှုန်း ပြီးစီးနေကြောင်း
သိရသည်။
       ရေရရှိရေး လုပ်ငန်းများတွင် (၇)
လက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း
များအား လျှပ်စစ်မီးရှိသောနနွင်းတော
အုပ်စု၊ မင်းကုန်းကျေးရွာ ကျပ်(၂၀)သိန်း၊
လျှပ်စစ်မီးမရှိသည့် တောင်ဘို့လှအုပ်စု၊
ဥဒိသာကျေးရွာတွင် ကျပ်(၂၅)သိန်း၊
ကြို့ပင်အုပ်စု၊ သပြေသာကျေးရွာတွင်
ကျပ်(၂၅)သိန်း၊ တဂေါင်းအိုင်အုပ်စု
တဂေါင်းအိုင်ကျေးရွာတွင် ကျပ်(၂၅)သိန်း
၊တောင်ကြားအုပ်စု ၊ ကျေးအင်းကျေးရွာ
တွင် ကျပ်(၂၅)သိန်း၊စုစုပေါင်း ကျပ်သိန်း
(၁၂၀)နှင့်ဆောင်ရွက်နေလျှက်ရှိ
သည်။
     ကျေးရွာချင်းဆက်လမ်းများ မြေသား
လမ်းပြုပြင်လမ်းခင်းခြင်းလုပ်ငန်းအား
တောင်ဘို့လှအုပ်စု၊ ပွဲခံ-တောင်ဘို့လှ
လမ်း ကျပ်(၂၀)သိန်း၊မင်းချမ်းအုပ်စု၊
ဆေးမင်းခုံ-အောင်တံခွန်လမ်း ကျပ်(၁၀)
သိန်း၊ တောင်ကြားအုပ်စု၊ ဆပ်သွား
ချောင်း-ကြေးအင်းလမ်း ကျပ်(၂၀)သိန်း၊
ဥက္ကံအုပ်စု၊ ညောင်ပင်သာ-ညောင်ပင်လှ
လမ်းအား ကျပ်(၂၀)သိန်း၊ ကြာအင်း
အုပ်စု၊ကရာကုန်း-သဒွတ်ခုံလမ်း ကျပ်
(၁၀)သိန်း၊ကြို့ပင်ပင်အုပ်စု၊ မူးတိမ်-ကြို့
ပင်လမ်း ကျပ်(၅၀)သိန်း၊ အိုင်ကြီးအုပ်စု၊
ကိုင်းဝန်း-အိုင်ကြီးလမ်း ကျပ်(၁၅)သိန်း၊
ဥမှင်ကုန်းအုပ်စု၊ တောင်ပုတ်စု-ဥမှင်ကုန်း
လမ်း ကျပ်(၂၀)သိန်း၊ ကုက္ကိုကုန်းအုပ်စု၊
ပေပင်ညောင်-ကုက္ကိုကုန်းလမ်း ကျပ်
(၁၅) သိန်း၊ဂွေးတောက်တောအုပ်စု၊
ကောလင်း-ဥက္ကံလမ်းမှ ဆင်းမလမ်းခွဲ
ကျပ်(၁၀)သိန်း၊တောင်ကြားအုပ်စု
တောင်ကြားကြိုးတံတားထိပ်မှ မိုးနှံရွာထိ
ကျပ်(၇)သိန်း၊စုစုပေါင်း ကျပ်(၁၉၇)သိန်း
နှင့်ဆောင်ရွက်လျှက် ရှိသည်။
      ကျေးလက်တံတားများ တည်ဆောင်
ခြင်း လုပ်ငန်းများဖြစ်သော သပြေအိုင်
အုပ်စု ချောင်းကွေ့ရွာတွင် ကျောက်ခုံခံ
သံဘောင်တင်သစ်သားခင်းတံတား (၅၀)
သိန်း၊ဝါးရုံခုံအုပ်စု၊ ကြို့ခုံရွာတွင် ကျောက်
ခုံခံသစ်သားတံတား ကျပ်(၂၀)သိန်း၊
ကျောက်တန်းအုပ်စု ၊ပေကုန်းရွာ
ကျောက်ခုံခံသစ်သားတံတား ကျပ်(၁၀)
သိန်း၊  ဝါးရုံခုံအုပ်စု၊ ဝါးရုံခုံရွာ ကျောက်ခုံ
ခံသစ်သားတံတား ကျပ်(၂၀)သိန်း၊
တောက်မော်အုပ်စု လက်ပံခုံရွာ ကျောက်
ခုံခံသစ်သားတံတား ကျပ်(၃၀)သိန်း၊
ကြာအင်းအုပ်စု၊အောင်းကုန်းရွာ၊
ကျောက်ခုံခံ သံဘောင်တင်သစ်သား
ခင်းတံတား ကျပ်(၅၀)သိန်း၊ ကြာအင်း
အုပ်စု၊ အင်တစ်ပင်ရွာ ကျောက်ခုံခံ
သံဘောင်တင်သစ်သားတံတား ကျပ်
(၅၀)သိန်း၊ မြေနီအုပ်စု၊ အင်ပင်သာရွာ
ကျောက်ခုံခံသစ်သား တံတား ကျပ်(၁၅)
သိန်း၊ အင်ပင်သာအုပ်စု၊ ကသစ်ကုန်းရွာ
ကျောက်ခုံခံသစ်သားခင်းတံတား ကျပ်
(၅၀)သိန်း၊ ကြူတောအုပ်စု၊ကြူတောရွာ
ကျောက်ခုံခံသစ်သားတံတား ကျပ်(၂၀)
သိန်း၊မြေနီအုပ်စု၊ ညောင်ကိုင်းရွာ
ကျောက်ခုံခံသစ်သားတံတား ကျပ်(၂၀)
သိန်း စုစုပေါင်း ကျပ်(၃၃၅)ဖြင့် ဆောင်
ရွက်လျှက် ရှိသည်။
       ပညာရေးဆိုင်ရာ ကျောင်းအ
ဆောက်အဦးပြုပြင်ခြင်းလုပ်ငန်းများအား
ဝါးရုံခုံအုပ်စု၊ လှည်းပွဲ အ.မ.က(ခွဲ) (၅၀)
သိန်း၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်း
အ.မ.က (ခွဲ)ကျပ်(၅၀)သိန်း၊ နတ်ကြီးခုံ
အုပ်စု အ.မ.က နတ်ကြီးခုံ ကျပ်(၅၀)သိန်း
၊ ညောင်ပင်သာအုပ်စု ၊ ကရွတ်တာရွာ
ဘုန်းတော်ကြီးစာသင်ကျောင်း ကျပ်(၅၀)
သိန်း၊ ဖလဲအုပ်စု၊ ရွာရှည်တောင် ဘုန်း
တော်ကြီးစာသင်ကျောင်း ကျပ်(၅၀)သိန်း
စုစုပေါင်း ကျပ်(၂၅၀)သိန်းဖြင့် ဆောင်
ရွက်လျှက်ရှိသည်။
        ကျန်းမာရေးဆိုင်ရာ အဆောက်
အဦးပြုပြင်ခြင်းလုပ်ငန်းများနှင့် ဒေသခံ
ပြည်သူများ အမှန်တကယ် လိုအပ်သော
လုပ်ငန်းများဖြစ်သော ဂွေးတောက်တော
အုပ်စု၊ဂွေးတောက်တောကျေးရွာ ဆေး
ပေးခန်း ကျပ်(၉)သိန်း၊ မီးရထားရပ်ဝန်း
ကောလင်းမြို့ ရေထိန်းတံတားတည်
ဆောက်ခြင်းလုပ်ငန်း ကျပ်(၅၀)သိန်း၊
အောင်းနှောင်းဆည်မှမြို့တွင်း ရေသွင်း
မြောင်းတူးဖော်ခြင်းလုပ်ငန်း ကျပ်(၃၉)
သိန်း၊ စုစုပေါင်း ကျပ်(၈၉)သိန်းဖြင့်
ဆောင်ရွက်လျှက် ရှိပြီး အဆိုပါလုပ်ငန်း
များအား ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်
အတွင်း အချိန်မှီပြီး စီးဆောင်ရွက်နိုင်ရေး
အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း
အကောင်အထည်ဖော်ရေးအဖွဲ့နှင့်
လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေးအဖွဲ့တို့မှ
ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေ
ကြောင်း သိရသည်။
               Kawlin Media Group
             Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment