For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 29 March 2014

လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်၌ မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတည်ဆောက်သွားမည် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 
 
သီပေါ၊မတ်(၂၈)  
  ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားခိုင်မြဲစေရေးအတွက် မဟာဗုဒ္ဓ၀င်ပြတိုက် အဆောက်အအုံကြီးကို လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်အတွင်း၌ တည်ဆောက်သွားမည်ဖြစ်သည်။
လားရှိုးမြို့၌ တည်ဆောက်မည့်အဆိုပါ မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် လူငယ်မျိုးဆက်သစ်များ အနေဖြင့် ဗုဒ္ဓနှင့် ဗုဒ္ဓ၏ မဟာဝင်ဖြစ်စဉ်တို့အား စစ်မှန်စွာ သိရှိကြည်ညိုနိုင်ကြစေရေးအတွက် လည်းကောင်း၊ ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာသိရှိလိုကြသော အခြားဘာသာဝင်များ မှန်ကန်စွာ သိရှိနားလည်နိုင်စေရေး အတွက်လည်းကောင်း စနစ်တကျပြသရှင်းလင်းသွားမည် ဟုသိရသည်။
          မကြာမီပေါ်ပေါက်လာတော့မည့် လားရှိုးမြို့၊ မဟာဗုဒ္ဓ၀င်ပြတိုက်နှင့် ပတ်သတ်၍ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒက '' ဒေသခံဗုဒ္ဓဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာအကြောင်း စစ်စစ်မှန်မှန် သိလိုကြတဲ့ အခြားပုဂ္ဂိုလ်တွေအတွက်ပါ ရည်ရွယ်ပြီး ဒီမဟာဗုဒ္ဓ၀င်ပြတိုက်ကြီးကိုတည်ဆောက်သွားမှာပါ၊ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြေပုံအထောက်အထားပုံစံများ၊ ရုပ်ပုံရုပ်ထုများကို ခေတ်မီစနစ်အသုံးပြုပြီး ပြသသွားမဲ့အပြင် ဘာသာစကား အမျိုးမျိုးနဲ့ ရှင်းလင်းပြောပြနိုင်မဲ့ ပုဂ္ဂိုလ်များပါ ထားရှိသွားမှာဖြစ်ပါတယ် '' ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။ ယင်းဆရာတော်သည် ၂၀၁၃ ခုနှစ် မေလက လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတွင် နှစ်ဖက်ဒုက္ခသည်များအား လက်ခံစောင့်ရှောက် ကူညီပေးခဲ့သည့် မေတ္တာရှင်ဆရာတော်တစ်ပါးလည်းဖြစ်သည်။
အဆိုပါ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်အတွင်း၌ တည်ဆောက်သွားမည့် မဟာဗုဒ္ဓ၀င်ပြတိုက် အဆောက်အအုံသည် ခေတ်မီအဆင့်မြင့် (၂)ထပ်အဆောက်အအုံကြီးဖြစ်ပြီး ကုန်ကျမှု တန်ဖိုးမှာ ကျပ်သိန်းနှစ်ထောင်ခန့်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် အကြီးမားဆုံး မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတစ်ခုဖြစ်၍ ပါရမီရှင် ကုသိုလ်ရှင်များအနေဖြင့် ဖုန်း (၀၉-၄၇၃၁၃၁၆၁၊ ၅၂၆၂၆၇၄) (၀၈၂-၂၃၅၅၉၊ ၂၅၉၂၄)တို့သို့ ဆက်သွယ်၍ တစ်တပ်တစ်အားပါဝင်လှူဒါန်းသာသနာပြုနိုင်ကြကြောင်းသိရသည်။ 
 
သီပေါကိုလတ်
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment