စိုင်းလူမင်း....
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှုဒေါင်
ကျေးရွာ ပူးပေါင်းစစ်ဆင်ရေး ဂိတ်အတွင်း မတ်
(၁၃)ရက်နေ့ ညနေ(၀၆း၃၀)အချိန်က နယ်မြေ
ရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲအုပ် နေမျိုးထိုက်ဦး
ဆောင်သော ရဲတပ်ဖွဲ့ဝင်များက မိုးကောင်းမှ
မြစ်ကြီးနားသို့ ယာဉ်မောင်း မရစ်နော်မောင်း
နှင်လာသည့် 51/----------ပါကျဲရိုး၊ အပြာပတ်၊
(လိုင်စင်မဲ့)ယာဉ်ကို မသင်္ကာ၍ နယ်မြေရဲစခန်း
သို့ ခေါ်ယူစစ်ဆေးရာ ယာဉ်၏ ဆီတိုင်ကီအံဝှက်
အတွင်း အ၀ါရောင်တိပ်များနှင့် ထုပ်လျှက် အလေး
ချိန်(၁၃၀)ကီလို ဂရမ်ရှိ ကျောက်စိမ်းအရိုင်းတုံး
(၃၀)ကို ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ တရားမ၀င်ကျောက်
စိမ်းအရိုင်းတုံးများကို သယ်ဆောင်မောင်းနှင်လာ
သည့် မရစ်နော်၊ (ဘ)ဦးမရမ်၊တပ်ကုန်းရပ်ကွက်နေ
သူကို မြစ်ကြီးနားမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းက (ပ)
၄၀/၂၀၁၄ ကျောက်မျက်အက်ဥပဒေပုဒ်မ ၄၂(က)
အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment