For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Sunday 16 March 2014
ကောလင်း၊ပင်လည်ဘူး၊၀န်းသိုမြို့နယ် သုံးမြေစုံမှ သစ်လုပ်ငန်းအရှုပ်အထွေးများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
 ကောလင်းမြို့နယ်သည် ယခင်က သစ်လုပ်ငန်းသမားများ
 စားကျက်ကွင်းဖြစ်ခဲ့ပြီး ယခုအခါတွင် ပင်လည်ဘူးဘက်မှ
သစ်များကိုသာ အားထားရသော အခြေအနေဖြစ်ပါသည်။
ယခင်အချိန်များက ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီး
နား ကားလမ်းတစ်လျှောက် ဥတုံးပင် ၊ တောင်ပုံကျေးရွာမှ
 ဒိုးပင်ထိ လမ်းကြောတစ်လျှောက် သစ်သမားများ လှုပ်
လှုပ်ရှားရှားဖြင့် အရောင်းဝယ်စည်ကားရာ ဒေသဖြစ်ခဲ့ပြီး
 အဆင်မခြင် သစ်ပင်များ ခုတ်ယူခြင်းကြောင့် ယခုအခါတွင်
ကောလင်းအရှေ့ခြမ်း တစ်လျှောက်တွင် ကျွန်းပေပျဉ်တစ်
ချောင်း ရရန်မလွယ်ကူတော့ဘဲ အနီးနားလက်လှမ်းမှီရာ
ဖြစ်သော ၀န်းသိုမြို့နယ်ထဲမှ သစ်လုံးနဲ့ ခွဲသားများအား
 ကားလမ်းတစ်လျှောက် သယ်ယူထုတ်ရောင်းရသော
အခြေအနေဖြစ်ပေါ်နေပါသည်။
သားနှင့် တမလန်းစကွဲယားများအား ရွှေဘိုမြစ်ကြီးနား
 ကားလမ်းသို့ သယ်ယူလာပြီး ထီးချိုင့်ဘက်လို့လည်း
ကောင်း မန္တလေးဘက်သို့ လည်ကောင်း၊ ၀ယ်ယူသူ
များမှအဆင်ပြေရာဘက်သို့ သယ်ယူသွားကြပါသည်။
တရားမ၀င် သစ်လုပ်ငန်း လုပ်ကိုင်နေသူများအဖြင့်
သက်ဆိုင်ရာဝန်ထမ်းများနှင့် အဆင်ပြေစွာ ညှိနှိုင်း
သယ်ယူရသောလုပ်ငန်းဖြစ်သဖြင့် လူတိုင်းနှင့် သင့်တင့်
မျှတအောင် အဆင်ပြေစွာ ပေါင်းသင်းဆက်ဆံကြရသည့်
 လုပ်ငန်းမျိုးဖြစ်ပါသည်။ ယခုအခါတွင် ပွင့်လင်းရာသီဖြစ်
သဖြင့် ပင်လည်ဘူး မူးအနောက်ခြမ်းမှ တမလန်း စကွဲယား
များသည် ကုမ္ပဏီသစ်ထုတ်လမ်းမှ ဖောင်းပြင်သို့ရောက်
သည်အထိ ကားလမ်းမှသွားကာ ချင်းတွင်းမြစ်မှ တဆင့်
မုံရွာသို့ သယ်ယူကြပါသည်။ ပင်လည်ဘူးအရှေ့ခြမ်း
ပန်းကူး-မြေလင်း ဘက်မှ တမလန်းစကွဲယားတုံးများသည်
 မြေလင်း၊ ဒေါ်စီ၊၀န်းသို၅မိုင်၊ ဂိတ်များမှဖြတ်ပြီး ၀န်းသိုမြို့
ဘက်မှလည်းကောင်း ၊ကောလင်းမြို့ဘက်မှလည်းကောင်း၊
 ရွှေဘိုမြစ်ကြီးနား လမ်းပေါ်သို့သယ်ယူကြရပါသည်။အချို
သောကုန်သည်တို့မှာ မြတ်နိုးသူသစ်ထုတ်လမ်းတစ်လျှောက်
မှ သွားပြီး ကိုးထောင်ဘိုးမှတဆင့် ကန့်ဘလူနယ်ကိုဖြတ်၍
 တာဘောင်လမ်းမှ ရွှေဘိုသို့ ၀င်ရောက်သောလမ်းမှသွားကြ
ပါသည်။ကောလင်းမြို့နယ်တွင် သစ်များများမရနိုင်တော့ပဲ
ကားလမ်း၊ရထားလမ်းရှိ၍ သစ်များလျှင်မြန်စွာ ကုန်သွားပြီ
ဖြစ်ပါသည်။
        ကိုးထောင်ဘို့၊ ကောလင်း၊၀န်းသို တွဲတင်ရာဌာနများ
တွင် တရားဝင်သစ်စက်များမှ တရားဝင်သစ်ခွဲသားများကိုသာ
 တင်ဆောင်ခြင်းမဟုတ်ဘဲ သစ်တောထဲရှိတရားမ၀င်သစ်စက်
များမှ သယ်ဆောင်ယူလာသော သစ်ခွဲသားများကို ၀ယ်ယူပြီး
 ကြားညှပ်၍ သော်လည်း အဆင်ပြေလျှင်ပြေသလို သီးသန့်
သော်လည်းကောင်းတင်ပို့ရောင်းချနေသော လုပ်ငန်းမျိုး
ဖြစ်ပါသည်။ထိုကဲ့သို့ တရားမ၀င်လုပ်ငန်းများကို အခြေခံ၍
အကျင့်ပျက်ဝန်ထမ်းများနှင့် တောင်းရမ်းငွေညစ်နေသော
အဖွဲ့များလည်း ပေါများပါသည်။ သက်ဆိုင်ဝန်ထမ်းများအား
 ကားတစ်ကား၁၀၀၀၀ိ/- နှုန်း ပေး၍ ရသော်လည်း တိုင်တော
တောင်ရမ်း ငွေညစ်နေသူများကိုမူ ၁၀၀၀၀ိ/-ကျပ်နှင့်မရဘဲ
 ၅၀၀၀၀၊၁၀၀၀၀၀ိ/-ပေးကြရပါသည်။ မပေးဘဲနေသူများ
ရှိလျှင် တိုင်ခံရသောကြောင့် ရဲတပ်ဖွဲ့နှင့် သစ်တောဌာနမှ
လာရောက်၍  မိမိပျဉ်များအား ဖမ်းဆီးမည်ဖြစ်ပါသည်။
 ထိုအခါတွင် ပျဉ်ပိုင်ရှင်မှာ ပစ္စည်း လည်းဆုံးပြီး ရုံးရောက်
ဂတ်ရောက်ဖြင့် ငွေကုန်လူပမ်း ဖြစ်မည်ကိုကြောက်သဖြင့်
တောင်ပန်ပြီး ငွေကြေးပေးကမ်းမှ ပြဿနာငြိမ်းမည်ဖြစ်ပါ
သည်။ သတင်းစာ၊ဂျာနယ်၊အင်တာနက် ထဲတွင် မကြာခဏ
တိုင်နေသူများမှာ တိုင်ပြည်၏ သယံဇာတများ ပြုန်းတီးမည်
ကိုစိုးရိမ်၍ မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက် တရားမ၀င်
လုပ်ကိုင် နေကြသည်ကို အခွင့်ကောင်းယူပြီး အသံကောင်း
ဟစ်နေကြသူများဖြစ်ပါသည်။မကြာသေးမီက မြေနီအနီးရှိ
တမလန်းတုံးများအား ဖမ်းဆည်းရာတွင်  မတိုင်မီ
၃/၄ရက်လောက်က သက်ဆိုင်သူဖြစ်သော ကျောက်တန်း
မှ ပွဲစားနှင့် သွားရောက် ညှိနိုင်းရာတွင် အပေးယူမတည့်ခ
ဲ့ပါ ထီးချိုင့်ဇတ်ဆိပ်တွင် ဖမ်းမိသော တမလန်းတုံး
များသည်လည်း ၀န်းသိုမြို့နယ်ထဲမှ သယ်ယူသွားပြီ
မြို့နယ်ဌာန ဆိုင်ရာ လူကြီးတစ်ဦးအား သိန်း၁၅၀ ဖြင့်
 ကယ်ရီငှားရမ်းရာတွင် မည်သူမှ ခွဲဝေမပေးသဖြင့်
အဝေမတည့်ပြီး ဖမ်းခံရကြောင်းသိရပါသည်။ အင်တာနက်
စာမျက်များတွင် မီဒီယာသမားများ ရေးသော တိုင်ကြားသူ
များအား တုတ်၊ဓားဖြင့် ရိုက်နှက်ရန်ပြုသည်ဟု ရေးသားရာ
တွင် အမှန်မှာ ထိုသစ်စက်အား ငွေတောင်းရာတွင်မပေး
သဖြင့် တိုင်ကြားခြင်းဖြစ်သည်ဟု သိရပါသည်။ ဦးဂေါ်ရာ
ဆိုသူမှ သစ်ကယ်ရီလုပ်နေသည်ဟု တိုင်ကြားရာတွင်
 ခွဲတမ်းမရသဖြင့်ဖြစ်ပါသည်။
      သစ်လုပ်ငန်းအားတိုင်ကြားနေသူများမှာ သစ်လုပ်ငန်း
နှင့် ကင်းရှင်းမှုမရှိဘဲ အခြားသူများမလုပ်စေရန်နှင့် မိမိသာ
လုပ်မည်ဆိုသည့် အတွေးမျိုးဖြင့် တိုင်နေကြခြင်းဖြစ်ပါ
သည်။မြို့နယ်လိုအပ်ချက်အရ လမ်းတံတား ၊ကျောင်း
အဆောက်အဦး၊ ဆောက်လုပ်ရန်သယ်ဆောင်လာပါက
တရားဝင်လုပ်ငန်း မဟုတ်သဖြင့် တိုင်ခံရပြီး အမှန်တကယ်
မြို့နယ်ဖွံ့ဖြိုးရေး လုပ်နေသူများ အနေဖြင့်ခက်ခဲကြန့်
ကြာမှုများနှင့် ကြုံတွေ့ကြရပါသည်။ ထိုသူတို့မှာ စာရွက်
စာတမ်းအတုများ ဖန်တီးပြီး  ဘယ်ဌာနဆိုင်ရာ ဘယ်ဝန်
ကြီးမှ ထုတ်ပေးသည်ဆိုကာ ပြောင်ပြောင်တင်းတင်း
 သစ်များသယ်ယူ ရောင်းချနေကြပါသည်။ သက်ဆိုင်ရာ
ဌာနများအနေဖြင့်လည်း မိမိတို့အား မရှုပ်လျှင်ပြီးရော
ဆိုသည့်သဘောဖြင့် လျစ်လျူရူနေကြသည်ကို တွေ့မြင်
ရပြီး အချို့ဝင်ထမ်းများမှာ ထိုသူများနှင့် ပူးပေါင်းလုပ်ကိုင်
မှ ဘေးကင်းမည်ဆိုသော အတွေးဖြင်ပူးပေါင်းလုပ်ကိုင်
ဆောင်ရွက်နေကြပါသည်။
       ထိုသို့သောအခြေများမှာ မိမိတို့တိုင်းပြည်အနာဂတ်
နှင့် မိမိတို့မြို့နယ်ဌာနများအတွက် ရုပ်ဆိုးအကျည်းတန်
သော ဖြစ်ရပ်များ ဖြစ်ပါသည်။ သက်ဆိုင်ရာဌာနများ
အနေဖြင့် ဆင်ခြင်သတိပြုနိုင်ရန် အကြံပေးတင်ပြ
အပ်ပါသည်။
                                                               နိုင်းမရ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment