For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 27 March 2014

လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေရေးဆွဲခြင်းဆိုင်ရာ အရက်ဘက်လူမှုအဖွဲ့အစည်းများဆွေးနွေးပွဲ ဖိတ်ကြားခြင်း။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

လေးစားအပ်ပါသော အရပ်ဘက်အဖွဲ့စည်းအသီးသီးမှ မိတ်ဆွေများခင်ဗျာ။
လွတ်လပ်စွာသင်းပင်းအဖွဲ့စည်းခွ
င့်၊ စုဝေးခွင့်နှင့် ထုတ်ဖော်ခွင့် ဥပဒေများနှင့် စပ်လျဉ်း၍ လတ်တလောဥပဒေရေးရာအခြေအနေများကို အသိပေးတင်ပြမည့် အစည်းအဝေးတစ်ခုကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) မှစီစဉ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ အစည်းအဝေးတွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းမူကြမ်း၊ ငြိမ်းချမ်းစွာစုစည်း စီတန်းလှည့်လည်
ဆန္ဒဖော်ထုတ်ခွင့် ဥပဒေ နှင့် စာနယ်ဇင်း ဥပဒေများ၏ လတ်တလောဥပဒေရေးရာ အခြေအနေများကို  ရှင်းလင်းတင်ပြ၍ ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဥပဒေရေးရာ အကြံပေးပုဂိုလ်တစ်ဦးဖြစ်သည့် International Centre for Non-for-Profit Law (ICNL) မှ Mr. David Moore ကိုလည်းပါဝင်ဆွေးနွေးပေးရန် ဖိတ်ကြားထားပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့အဖွဲ့အစည်းအနြေ
ဖင့် ပါဝင်ဆွေးနွေးပေးပါရန် လေးစားမှုဖြင့်ဖိတ်ကြားအပ်ပါသည်။

 ဆွေးနွေးပွဲအစီအစဉ်အား ပူးတွဲပေးပို့ပါသည်။
အစီအစဉ်
- လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စုစည်းခွင့် နှင့် သင်းပင်းဖွဲ့စည်း မှတ်ပုံတင်ခြင်း ဥပဒေများနှင့် ပတ်သတ်သည့် လတ်တလော အခြေအနေများအား ရှင်းလင်းတင်ပြခြင်း။
- အရပ်ဘက်လူ့အဖွဲ့အစည်းအနေဖြင့် လက်ရှိ အက်ဒ်ဗိုကေစီ လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခြင်း။
- လတ်တလော ကြုံတွေ့ခဲ့ရသည့် ဥပဒေရေးဆွဲရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များမှ ရရှိခဲ့သည့် အတွေ့အကြုံများ အားဝေမျှခြင်း
- ပြောင်းလဲရေးကာလတွင်ရှိနေသော အခြားနိုင်ငံများ၏ အတွေ့အကြုံများ နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား လေ့လာခြင်း။
- ဆွေးနွေးပွဲတွင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဘာသာပြန်ထားရှိပေးပါမည်။


နေ့ရက်။              ။မတ်လ ၂၉ ရက် (စနေနေ့)
အချိန်။               ။ ညနေ ၂ နာရီမှ ၅နာရီအထိ
နေရာ။           ။ အစည်းအဝေးခန်းမ (၁)၊ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre)

--
Naw Aye Mya Nyein @ Gu Gu
Information and Communication Officer
Ph: 09 731 810 41
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့
Local Resource Centre
224 (A), 3rd Floor, Salomon Tower, Uwisara Road, Bahan Township, Yangon, Myanmar
Tel : + 95 1 536428
Email : lrcyangon@lrcmyanmar.org,
Website: www.lrcmyanmar.org

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment