စိုင်းလူမင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသိုမြို့နယ်တွင် မတ်လ(၁၁)
ရက်နေ့ ညနေ(၄း၃၀) နာရီအချိန်က ၀န်းသိုမြို့မ ရဲစခန်းမှ
ဒုတိယရဲအုပ် ခံလှ ဦးစီးသော အဖွဲ့သည် ပိန်းကန်ကျေးရွာတွင်
မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ပိန်းကန်ကျေးရွာနေ
ငမျောက်(ခ) သန်းအေး (ဘ)ဦးစံမောင်(၂၃/၁၄)နှစ် နေအိမ်တွင်
ဗလာစာရွက် စက္ကူဖြင့် ထုတ်လုပ်သော ဘိန်းဖြူဟု ယူဆရသော
အဖြူရောင်အမှုန့် (၀) ဒသမ (၀၄)ဂရမ်ပါ (၁)ထုပ် CLASSOME
တံဆိပ် အစိမ်းရောင်အတွင်းမှ ပင်နယ်စလင်ပုလင်းဖြင့် ထည့်လျှက်
ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် (၀) ဒသမ (၁၂)ဂရမ်ပါ
(၁)လုံးတို့အား တွေ့ရှိ သိမ်းဆည်းခဲ့ပြီး ၀န်းသိုမြို့မရဲစခန်းမှ
ငမျောက်(ခ) သန်းအေးအား မယ(ပ) ၅/၂၀၁၄ ၊ မူး/စိတ်ပုဒ်မ
၁၅/၁၅(ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment