For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 27 March 2014

နမ့်လန်တပေါင်းပွဲတော် စည်ကားစွာကျင်းပ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နမ့်လန်တပေါင်းပွဲတော်စည်ကားစွာကျင်းပ
 

နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရားကြီး၏ (၁၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် တပေါင်းပွဲတော်ကြီးကို နမ့်လန်ဆရာတော်/သံဃာတော်များ၏သြ၀ါဒခံယူ၍ ၂၀၁၄ခုနှစ်၊ မတ်လ (၂၃)မှ (၂၅)ရက် (တပေါင်းလပြည့်ကျော် ၈၊ ၉၊ ၁၀ရက်)အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
သီပေါမြို့မှ ၃၈ မိုင်ရှိ ယခုနှစ် နမ့်လန်တပေါင်းပွဲတော်သို့ နမ့်လန်ကျေးရွာအုပ်စု ရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာ (၅)ရွာတို့မှ ဒေသခံတိုင်းရင်းသားများ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မိုင်းကိုင်မြို့နယ်များနှင့် ရပ်ဝေးရပ်နီးတို့မှ ကုန်ရောင်းကုန်ဝယ် ဈေးသည်များ လာရောက်ကြပြီး နာမည်ကျော် ရှမ်းတိုင်းရင်းသားတေးသံရှင်များပါဝင်သည့် စင်တင်တေးဂီတပွဲ၊ ရှမ်းယဉ်ကျေးမှု ဇာတ်သဘင်နှင့်ကြည့်ချင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပြခန်းများဖြင့် စည်ကားစွာကျင်းပခဲ့ကြသည်။ ၄င်းအပြင် နမ့်လန်ဒေသထွက်ကုန်များ ကိုလည်း ပွဲဈေးဆိုင်ခန်းဖွင့်လှစ်ခင်းကျင်းရောင်းဝယ်ခဲ့ကြသဖြင့် အထူးစည်ကားသော ကဏ္ဍစုံလင်သည့်တပေါင်းပွဲတော်ကြီးတစ်ခု ဖြစ်ခဲ့သည်။
'' ကျွန်တော်တို့ နမ့်လန်ဒေသမှာ ဒီတပေါင်းပွဲတော်ကြီးကို ဘိုးဘွားများလက်ထက်ကစလို့ နှစ်စဉ်မပျက်ကျင်းပလာခဲ့တာ (၁၀၈)နှစ်ရှိပါပြီ။ ပွဲတော်ကို တပေါင်းလပြည့်ကျော် (၈၊ ၉၊ ၁၀)ရက်တွေမှာ စီစဉ်ကာကျင်းပခဲ့တာကတော့ တပေါင်းလပြည့်ရက်တွေမှာ အနီးပတ်ဝန်းကျင်က ဘော်ကြိုတပေါင်းပွဲ၊ မိုင်းကိုင်တပေါင်းပွဲ၊ သိန္နီတပေါင်းပွဲ၊ လားရှိုးမန်ဆူတပေါင်းပွဲစတဲ့ ပွဲတော်တွေနဲ့တိုက်နေလို့ဖြစ် ပါတယ်။ အဲဒီအတွက် ရှေးလူကြီးတွေက အဲဒီတပေါင်းပွဲတော်ကြီးတွေပြီးမှ နမ့်လန်တပေါင်းပွဲကို လွတ်လွတ်ကျွတ်ကျွတ်စီစဉ်ကျင်းပ ခဲ့ကြတာပါ။ ဒါကြောင့်လည်း နမ့်လန်တပေါင်းပွဲတော်ဟာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ အထူးစည်ကားပြီး ပျော်ရွှင်ငြိမ်းချမ်းစွာ ကျင်းပလာနိုင်ခဲ့ခြင်းဖြစ်ပါတယ် '' ဟု နမ့်လန်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်စိန်က ပြောပြသည်။
 
 သီပေါကိုလတ်
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment