စိုင်းလူမင်း.....
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသိုမြို့ရှိ မြို့မ
သုဿာန်တွင် အခမဲ့ မီးသဂြိုလ်စက်တည်ဆောက်
ရေးကို ကလျာဏ မိတ္တသုခသာမဂ္ဂီ လူမှုကူညီရေး
အသင်းက ကြီးမှူး၍ ၂၀၁၂ခုနှစ် ၊ မေလက စတင်
တည်ဆောက်ခြင်း၊ ငွေောကးအလှူခံခြင်းများကို
လူငယ်(၅၀)ဦးမှ ကမကထပြုလုပ်၍ ၂၀၁၄ခုနှစ်၊
ဇန်န၀ါရီလတွင် အုတ်မြစ်ချ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ဝန်းသိုမြို့၊ ခန္တီးစာသင်တိုက် စာချဆရာတော်
အရှင်ပညာစက္ကနှင့် အသင်းဥက္ကဌ ဦးသိန်းဝင်းတို့
က ဆင်းရဲနွမ်းပါးနေသူအတွက် အခက်ခဲကြုံတွေ့
နေရသော မီးသဂြိုလ်ရေးကို အထောက်အကူပြုစေ
ရန်အတွက် မီးသဂြိုလ်စက်တည်ဆောက်ရေးကို မြို့ခံအလှူရှင်ပြည်သူများ၏ မတည်ထည့်ဝင်ငွေ
ကျပ်သိန်း (၁၀၀)နှင့် ဆောင်ရွက်နေလျှက် ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ထပ်မံကုန်ကျမည့်
ကျပ်သိန်း(၁၀၀)လို အပ်နေသဖြင့် ရပ်နီးရပ်ဝေးမှ
စေသနာရှင် ၊ ကုသိုလ်ရှင်များအနေဖြင့် အလှူငွေများ
ထည့်ဝင်လိုပါက အရှင် ပညာစက္က ဖုန်း ၀၉-၄၇၀၇၆၄၂၇
နှင့် အသင်းဥက္ကဌ ဦးသိန်းဝင်း ဖုန်း ၀၉-၂၅၆၀၄၉၀၂၉
တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိ
ရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment