For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Saturday 29 March 2014
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ က သက်တမ်း၉၀ ပြည့်သီပေါဟော် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကမ္ဘာလှည့် နိုင်ငံခြားခရီးသွားများ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  သီပေါမြို့သို့အဆက်မပြတ်လာရော
က်လျက်ရှိကြသည်။နိုင်ငံပေါင်းစုံမှပြည်ပ  ဧည့်သည်များသည် မန္တလေး-ပြင်ဦးလွင်မှ တစ်ဆင့်သီပေါသို့မော်တော်  ယာဉ်ဖြင့် လည်းကောင်း၊ မန္တလေး-လားရှိုး လူစီးရထားဖြင့်လည်းကောင်း လာရောက်ကြသည်။ အချို့က  မန္တလေးမှ စင်းလုံးဌား မော်တော်ယာဉ်  ဖြင့်လည်းလာရောက်တတ်ကြသည်။ မန္တလေးမှ သီပေါသို့(၁၃၀)မိုင်ရှိသည်။ ယခင်က လမ်းခရီးမှာ ခတ်ထန် ကြမ်းတမ်းခဲ့သည်။ယခုတော့ပန်းခင်း  သောလမ်းဖြစ်ပြီး နေ့ချင်းပြန်ပင်သွားနိုင်သည်။
     လမ်းခရီးစဉ်၌ နောင်ချိုမြို့အလွန်မှ လှပသော ဂုတ်တွင်းကားလမ်း အတက်အဆင်းရှုးခင်းများကို ခံစားနိုင်ကြသည်။ရထားလမ်းမှဆိုလျှင် အ
 မြင့်ပေ (၁၁၀၀)၊အလျားပေ (၂၂၆၀)ရှိ ကမ္ဘာဒုတိယအမြင့်ဆုံး နာမည်ကျော် ဂုတ်ထိပ်တံတားကြီးကိုဖြတ်သန်းရှုစားကြရသည်။ ကျေက်မဲလွန်၍  သီပေါသို့ရောက်ခါနီးလျှင် ထင်ရှားကျော်ကြားသော သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီးအားကြည်ညိုဖွယ်ရာ ဖူးမြင်တွေ့ရမည်။သီပေါသို့
 ရောက်လျှင် အသင့် တည်းခိုနိုင်သောလိုင်စင်ရအဆင့်မြင့် မိုတယ်၊ ဟိုတယ် (၈)လုံးရှိသည်။ ဧည့်လမ်းညွန်များလည်းရှိသည်။ ဒုဌ၀တီမြစ်အစ  ချောင်းဆုံဒေသနှင့်သာယာလှပသော နေရာများစွာရှိသည်။ ရှမ်းယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ရှမ်းအကရှမ်းအလှ ရှမ်းသဘာဝတို့ကို ကြည်နူးဖွယ်  ဆုံတွေ့ရမည်။သီပေါအရှေ့ဘက် သိမ်တောင်ပေါ်မှ ညနေခင်းဆည်းဆာအလှကလည်း ဒုဋ္ဌ၀တီမြစ်နှင့် အပြိုင်ဆွဲဆောင်လျက်ရှိသည်။
      သီပေါရောက် ကမ္ဘာလှည့် နိုင်ငံခြားသား ဧည့်သည်များတစ်ဦးမကျန် သွားရောက်လေ့လာရာနေရာတစ်ခုကား သီပေါဟော်အဆောက်  အအုံ ဖြစ်သည်။ ၎င်းသီပေါဟော်ကို လွန်ခဲ့သော (၁၉၂၄)ခုနှစ်၊ မတ်လက (၈၇)ဆက်မြောက် သီပေါစော်ဘွားကြီး စောအုံကြာ
 (MA ၊ဘာနိုစီလိုကောလိပ်၊ အောက်စဖို့)ကျမိုင်းဘ၀တွင် ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားခြင်းဖြစ်သည်။၂၀၁၄ခုနှစ်တွင် သက်တမ်း
 နှစ်(၉၀)ပြည့်ပြီဖြစ်သည်။
      အဆိုပါ သီပေါဟော်အဆောက်အအုံမှာ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေးဒဏ်မှ လွတ်ကင်းခဲ့ပြီး ယနေ့ထိတည်ရှိနေခြင်းဖြစ်သည်။နောက်ဆုံ
 သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် မဟာဒေ၀ီ စ၀်သုစန္ဒီ (အနောက်တိုင်းသူ မစီအင်ဂျီအဲဗားဆိုင်)မိသားစု (၁၉၆၂)ခုနှစ်အထိ နေထိုင်သွားခဲ့သော
 ဟော်အဆောက်အအုံလည်းဖြစ်သည်။ သီပေါမြို့နယ်၏ ကျက်သရေဆောင်အလှတစ်ပါးပမာ တင်စားလိုသည်။
       လက်ရှိ သီပေါဟော်အဆောက်အအုံကို သီပေါနောက်ဆုံးစော်ဘွား စ၀်ကြာဆိုင်၏ တူအရင်းတော်စပ်တူ စ၀်ဦးကြာ ဇနီးဒေါ်စ၀်စမ်ဖုန်းနှင့်
 မိသားစု ထိန်သိမ်းစောင့်ရှောက်ပြီး ယနေ့တိုင်နေထိုင်လျက်ရှိကြသည်။ မြန်မာ့ခရီးသွား လုပ်ငန်းအထောက်အကူဖြစ်စေရန် ရည်ရွယ်လျက်        ဟော်တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတို့၏ မေတ္တာရပ်ခံချက်အရ ပြည်တွင်းပြည်ပ ဧည့်သည်များကို နေ့စဉ်(၂)ချိန် ဖွင့်လှစ်လက်  ခံပေးလျက်ရှိသည်။လာရောက် လေ့လာသမျှဧည့်သည်များ၏ သိလိုသမျှကိုလည်း ဒေါ်စ၀်စမ်ဖုန်းနှင့် မြေးဖြစ်သူ  စ၀်မွမ်းဆိုင်ဆင့်တို့က ဖော်ရွှေစွာ
 ရှင်းလင်းပြောပြကြသည်။ဒေါ်စ၀်စမ်ဖုန်းက “ယခုသီပေါဟော်က စော်ဘွားနေထိုင်တဲ့ ဟော်နန်း မဟုတ်တော့ပါဘူး၊ လက်ရှိကျွန်မတို့မိသားစုတရား
 (၁၂)နာရီထိ တစ်ကြိမ်၊ ညနေပိုင်း (၃)နာရီမှ (၆)နာရီထိတစ်ကြိမ် နှစ်ကြိမ် ဖွင့်လှစ်လက်ခံပေးပါတယ်၊ နေရပ်ဒေသမရွေး လူမျိုးဘာသာ  
 မခွဲခြားဘဲ အားလုံးကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တစ်ချို့ဒေသခံလူငယ်တွေက ပြင်ပ အပျော်ပန်းခြံတွေလိုမှတ်ပြီး အဖွဲ့လိုက်အော်ဟစ်ဆူညံကြ၊ မင်္ဂလာ
 ဆောင်ဗီဒီယို လာရိုက်ကြ၊ အတွဲလာချိန်းကြ လုပ်တာတွေက မသင့်တော်ပါဘူး။ မိုင်ပေါင်းများစွာက လာတဲ့ ပြည်ပဧည့်သည်တွေကတောင် အလေး
 ထားပြီး စည်းကမ်းရှိရှိလာရောက်လေ့လာနေကြတာပါ။ တန်ဖိုးထားလေးစားရမဲ့ သမိုင်းဝင်နေရာတစ်ခုလိုပါပဲ။ ဒေသခံလူငယ်အချို့ကိုနားလည်ဆင်ခြင်
 ပေးဖို့ မီဒီယာက တစ်ဆင့် ကျွန်မတို့မေတ္တာရပ်ခံပြောကြားလိုပါတယ်”ဟုရှင်းလင်းပြောပြခဲ့သည်။ 
        သို့ဖြစ်ပါ၍ ကမ္ဘာကပင် စိတ်ဝင်တစားရှိစွာ နေ့စဉ်လာရောက်နေသော သီပေါမြို့၏ ဂုဏ်သိက္ခာအတွက်အလေးထားအထူးထိန်းသိမ်းရပေ
 မည်။ မြို့၏ သန့်ရှင်းသာယာလှပရေးကိုလည်း ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်။ ထိုနှင့်အတူ အေးမြသောမေတ္တာတရား၊ မြတ်နိုးဖွယ်ရာ ငြိမ်း
 ချမ်းရေးနှလုံးသား၊ ဖြူစင်ရိုးရှင်းသည့် အပြုံးတို့ဖြင့် ပျူဌာနွေးထွေးစွာ လက်ခံကြိုဆိုပေးနေသော သီပေါဟော်၏ အလှတရားကိုလည်းအားလုံးက ကာ
 ကွယ်စောင့်ထိန်းသွားကြရမည် ဖြစ်ပါသည်။ လှပသော သီပေါသို့ရောက်လျှင် ခံ့ညားသော သီပေါဟော်ကိုလည်းလေ့လာကြည့်ရှုပါ။ သမိုင်း၏ကောင်း
 မွေများကိုဆက်ခံထိန်းသိမ်းပြီး၊ သမိုင်းသင်ခန်းစာများကိုလည်းအတူရယူကာ ငြိမ်းချမ်းသာယာရေးအတွက် တည်ဆောက်သွားကြပါစို့ ဟူ၍ဆန္ဒပြုအပ်ပါ
 သည်။ ။  
 သီပေါကိုလတ်
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment