For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 13 March 2014

ဝန်းသိုမြို့နယ်အတွင်း ညအချိန်များတွင် ကျွဲ၊ နွားမှောင်ခို သယ်ယူပို့ဆောင်ခြင်းများရှိလာ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း....
သက်ဆိုင်ရာတာဝန်ရှိသူများက ကျွဲ၊နွားများသယ်ယူပို့ဆောင်ခြင်းကို
ကြီးကြပ်ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသော်လည်း စစ်ကိုင်း
တိုင်းဒေသကြီး၊ ၀န်းသိုမြို့နယ်၊ လွင်ကြီးအုပ်စု၊ ရွှေတောင်ကုန်း၊ ကျုံးကြီး
ကျေးရွာတို့တွင် ညအချိန်အဖွဲ့အလိုက် သယ်ယူပြီး ကာသာမြို့နယ်၊ သံပုရာ
ခုံကျေးရွာသို့ သယ်ယူလေ့ရှိကြောင်း ဒေသခံအချို့ပြောပြချက်အရ
သိရသည်။
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသုံး အသေးစား၊ အလတ်စား
ထွန်စက်များကို ပြည်တွင်း၌ လယ်ယာသုံး ထွန်စက်အမျိုးမျိုး အသွင်ဖြင့်
တင်သွင်းလာသည့်နောက်ပိုင်း လယ်ယာလုပ်ငန်းသုံး ခိုင်းကျွဲ ၊နွားများ
အရောင်းအ၀ယ်လုပ်ငန်း ပိုမိုဖြစ်ထွန်းလာကြောင်း သိရသည်။
သို့သော် ရှေးဘိုးဘွားအစဉ်အလာကတည်းကစတင်ပြီး ကျွဲ၊
နွားများ၏ အခြေခံရပိုင်ခွင့် အခွင့်လမ်းများနှင့် ပတ်သတ်၍ ဥပဒေတစ်ရပ်
ပြဌာန်းသတ်မှတ်ပေးခဲ့ရာ လယ်ယာသုံး ကျွဲ၊ နွားများကို မကျိုး ၊မကန်း
ဘဲ သတ်ဖြတ် ရောင်းချခြင်းကို ကန့်သန့်တားမြစ်ခဲ့ပြီး နယ်ကျော်၍
ကျွဲ၊နွားများ သယ်ယူပိုဆောင်ခြင်း လုပ်ငန်းကိုလည်း ကြီးကြပ်ကန့်သတ်
ပစ္စည်း များအဖြစ် သတ်မှတ်ပြဌာန်းပေးခဲ့ကြောင်း သိရသည်။
တစ်နှစ်ထက်တစ်နှစ် တရုတ်ဈေးကွက်တွင် ပို့ကုန်တစ်ရပ်အဖြစ်
ကျွဲ၊နွားများကို နယ်စပ်ဖြတ်ကျော် တရားမ၀င် တင်ပို့ရောင်းချခြင်း
လုပ်ငန်းများ အတင့်ရဲ တွင်ကျယ်စွာ ပိုမိုလုပ်ကိုင်လာသည့်အတွက် သက်ဆိုင်
ရာမှ ကျွဲ၊ နွားသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ပိတ်ဆို့ထားမြစ်၍
အရေးယူဆောင်ရွက်လျှက်ရှိရာ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသည့်
ကျွဲ ၊နွားများကို ပြည်သူလူထုထံ သင့်လျော်သောဈေးနှုန်းဖြင့် လေလံတင်
ပြန်လည်ရောင်းချပေးနေသည်ကိုလည်း သိရှိရသည်။
တရားမ၀င်ကျွဲ ၊နွားများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို
သက်ဆိုင်ရာမှ တင်းကြပ်စွာ တားမြစ်ပိတ်ဆို့ အရေးယူ ဆောင်ရွက်နေ
သော်လည်း ညအချိန်များတွင် သယ်ယူပို့ဆောင်လျှက်ရှိသည့်အတွက်
တိုင်းဒေသကြီး၏ အခွန်ဘဏ္ဍာများကို များစွာ ထိခိုက်နစ်နာ နေလျှက်
ရှိသည်။
Kawlin Media Group
Sailumin35@gmail.com

No comments:

Post a Comment