စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ် ၊
ကြို့ပင်ကျေးရွာတွင် နေအိမ်တစ်အိမ်အား မေ(၂၇)
ရက်နေ့(၁၆၀၅) အချိန် လောင်းကစားနေအိမ်သို့
ဝင်ရောက်ရှာဖွေ ဖမ်းဆီးရမိရာ လောင်းကစားပစ္စည်း
နှင့် မူးယစ်ဆေးဝါးတွေ့ရှိခဲ့၍ ဖမ်းဆီးအရေးယူခဲ့ကြောင်း
သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကသာခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး
များ အရှိန်အဟုန်မြှင့် မဖ်းဆီးရေး ညွှန်ကြားချက်အရ
မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ညျွန်ကြားမှုဖြင့် ချောင်း
နားရဲကင်းစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့် အဖွဲ့သည် သက်
သေများနှင့်အတူ ကောလင်းမြို့နယ် ၊ကြို့ပင်ကျေးရွာနေ
ငနိုင်၏ နေအိမ်တွင် (၄)ကောင်ဂျင်ကစားဝိုင်း ပြုလုပ်နေ
ကြကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်း
ကစား နေအိမ်သို့ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ်
(၃/၂၀၁၄) ၊မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်း
အမှတ်(၉/၁၄)
တို့ဖြင့် ၀င်ရောက်ရှာဖွေရာ ငနိုင်၏ ငနိုင်၏နေအိမ်၌ ငနိုင်
နှင့် ဌေးဝင်း (ခ)ဖိုးဌေး တို့အားရှိပြီး (၄)ကောင်ဂျင်လောင်း
ကစားဝိုင်းပြုလုပ်နေသည်ကို မတွေ့ရှိရသော်လည်း နေအိမ်
အား သက်သေများရှေ့ရှာဖွေရာ ငနိုင်တို့လင်မယားအိပ်သည့်
အိပ်ခန်းဝင်ပေါက် အပေါ် ယာဘက်တန်းပေါ်တွင် ထောင်
လျှက်ထားရှိသည့် အညိုရောင်ပလပ်စတစ်ဘူးငယ်ဖြင့် ပြုလုပ်
ထားသည့် ဘိန်းမဲရှုရာတွင် အသုံးပြုသည့် အရည်အနည်း
ငယ်ပါ ဘူး(၁)ဘူးနှင့် အိပ်ခန်းတွင်းရှိ သေတ္တာနှင့် ထရံကြားမှ
လိပ်လျှက်ထားသော အလျား (၁၃)ပေ (၄)လက်မ ၊ အနံ(၃)
ပေ (၉)လက်မခန့်ရှိ ကြက်၊ ၀က်၊ငါးရှဥ့်၊ ဖားရုပ်ပုံများပါ (၄)
ကောင်ဂျင်လောင်းကစားဝိုင်း ပြုလုပ်ရာတွင် အသုံးပြုသော
ဗီနိုင်းဖြင့် ပြုလုပ်ထားသည့် ဇယား(၁)ခု၊ နေအိမ်မီးဖိုခန်းအတွင်း
မှ YADANABON BE တံဆိပ်ပါ အဖြူရောင် ပလပ်စတစ်ဘူးဖြင့်
ပြုလုပ်ထားသည့် ဘိန်းမဲရှုရာတွင် အသုံးပြုသည့် အရည်အနည်း
ငယ်ပါ ဘူး(၁)ဘူးတို့အား သက်သေများနှင့် အတူ ရှာဖွေတွေ့ရှိ
သဖြင့် သက်သေခံပစ္စည်းများအား ငနိုင်နှင့် ဌေးဝင်း(ခ)ဖိုးဌေးတို့
ထံမှ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်း
ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ ကောလင်းမြို့မရဲစခန်းမှ ငနိုင်(ဘ)
ဦးအို ၊ အသက်(၃၉/၁၄)နှစ်၊ ရေလုပ်ငန်း၊ ကြို့ပင်ကျေးရွာနေသူနှင့်
ဌေးဝင်း(ခ)ဖိုးဌေး(ဘ)ဦးလူအေး၊ အသက်၃၆/၁၄နှစ် ၊ ကျောင်းကုန်း
ကျေးရွာ ကြို့ပင်အုပ်စု နေသူတို့အား မယ(ပ)၁၆/၂၀၁၄ ၊ မူး/စိတ်
၁၅/၁၆(ဂ)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရေးသားပေးပို့ထားသောသတင်းနှင့် ပတ်သတ်၍ မည်သည့်
သတင်းစာ၊ ဂျာနယ်တိုက်များသို့ ပေးပို့ထားခြင်းမရှိပါကြောင်း
ဝန်ခံပါသည်။
စိုင်းလူမင်း၊ မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment