ရန်ကုန်မြို့ လသာ နှင့်လမ်းမတော်ရပ်ကွက် ရှိ လမ်းတိုများ တွင်
ကိုယ်ကျိုးရှာ စီးပွားရေးသမား များကြောင့် လမ်းဘေး ၀ဲယာ တွင် ပန်းအိုးများ
ကွန်ကရစ်တုံးများ သစ်သားတန်းများ ဖြင့် တားဆီးက မိမိ အိမ်ပိုင်ကားလာမှ သာ
ဖွင့်ပေးပါသည်။
လမ်းမတော်မြို့နယ်တွင် ညောင်ပင်လေးဈေးရှိသောကြောင့် လမ်းကြားများထဲတွင် ပင် ကားဂိတ်များ လာရောက်ဖွင့် လှစ်ကာ သူတို့ ကားများ ကိုပင် ရပ်စေပါသည်။ လမ်းထဲမှ တိုက်ခန်းနေသူများ မှာ ရပ်စရာနေရာပင်မရှိတော့ချေ။ ၁၅လမ်း ၁၄လမ်းများ အထိပင် တိုးချဲ့ ထားပါသည်။
ကိုယ်ကျိုးရှာစီးပွားရေးသမားများကလည်း
>>>>>>>>>>>>>>>>>>>>>

ရပ်ကွက် လူကြီး လမ်းလူကြီးများ
နှင့်ပေါင်း သင်းကာ သူတို့ အမှန် လုပ် သရုပ်ဆောင်ကာ တခြားသူကားများကို
ဟိန်းဟောက်ခြင်း အလုပ်သမားများ လွှတ်ကာ အော် ငေါက် ခိုင်းခြင်းများ
ပြုလုပ်နေပါသည်။ သို့ပါသောကြောင့် တာဝန်ရှိသူ ရန်ကုန်စည်ပင်သာယာရေးကော်မတီ မှ လူကြီးများ နှင့် နိုင်ငံ့ခေါင်းဆောင်များ မှ ထို တကိုယ်ကောင်းဆန်သော စီးပွားရေးသမားများ နှင့် ကြံရာပါ ရပ်ကွက်လူကြီး များ အား ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။ |
No comments:
Post a Comment