For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 24 May 2014

ဗန်းမောက်မြို့နယ်အတွင်းရှိ လေဘေးအန္တရာယ်ကျရောက်သည့် ကျေးရွာများသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌက ကွင်းဆင်းဆောင်ရွက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ငြိမ်းငြိမ်း(ကသာ)
       စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်
 မြို့နယ်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှု
း ရုံးခန်းမ၌ မေ
( ၁၇) ရက်နေ့ ၊ ညနေ(၁၆း၀၀) အချိန် ခရိုင်စီမံခန့်ခွဲမှု
ကော်မတီဗန်းမောက်မြို့နယ် ဥက္ကဌနှင့် မြို့နယ်စီမံခန့်ခွဲမှု
 ကော်မတီဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူ
ပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဝင်များ၊ ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို
 ကျင်းပရာ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်ကျော်
အုန်းက မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေး
ဝါးကင်းစင်ပပျောက်ရေး ၊ သစ်မှောင်ခိုမှုပပျောက်ရေး၊
မြို့နယ်သန့်ရှင်းသာယာရေး၊ ပြည်သူများအလုပ်အကိုင်
အခွင့်အလမ်းရရှိရေး လုပ်ငန်းများကို အဓိကထား ဆောင်
ရွက်ကြရန်နှင့် နိုင်ငံတော်က လက်ရှိဆောင်ရွက်နေသည့်
လုပ်ငန်းစဉ်များကို အကျယ်တ၀င့် ရှင်းလင်းပြောကြားသည်။
      ဆက်လက်၍  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ
 ဦးပြည့်ဖြိုးငြိမ်းက မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်
ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်အထောက်
အကူပြုကော်မတီအဖွဲ့ဝင် ဦးရဲညွှန့်က မြို့နယ်အတွင်းလိုအပ်
ချက်များလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ
ဥက္ကဌ ဦးအောင်စိုးမင်းက လပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့်
ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို
လည်းကောင်း၊ ဌာနဆိုင်ရာများပါဝင်သည့် ကော်မတီ(၆)ရပ်မှ
လုပ်ငန်းဆောင်ရွက်ထားမှု များကို တင်ပြသည်။
       မေ(၁၈)ရက်နေ့ နံနက်(၀၇း၀၀)နာရီအချိန်တွင် ခရိုင်စီမ
ံခန့်ခွဲကော်မတီဥက္ကဌ ဦးကျော်ကျော်အုန်း၊ ပြည်သူလွှတ်တော်
ကိုယ်စလှယ် ဦးကျော်ကျော်သန်း၊ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စလှယ် ဦးအောင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ
ဦးပြည်ဖြိုးငြိမ်းနှင့် ဌာနဆိုင်ရာများသည် မြို့မဘုန်းတော်ကြီး
ကျောင်းသို့ သွားရောက်၍ မြို့နယ်သံဃာ့နာယကဆရာတော်
အား လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကာ သာသနာ
ရေးဆိုင်ရာများကို လျှောက်ထားသည်။
       ထို့နောက် ကနန်းဒေသ၊ နန်းစားကျေးရွာ၊ အခြေပညာ
မူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး မေ(၉)ရက်နေ့က လေ
ဘေးအန္တရာယ်ကျရောက်၍ လေလှန်ပျက်စီးသွားသော စာသင်
ကျောင်းဆောင်အတွက် သွပ်အချပ်(၁၀၀)နှင့် လေဘေးသင့်
ဒေသခံပြည်သူများအတွက် သွပ်အချပ်(၁၀၀)ကို ခရိုင်စီမံခန့်
ခွဲမှုကော်မတီဥက္ကဌတို့က တာဝန်ရှိသူများအား ထောက်ပံ့ပေး
အပ်ပြီး ဟော်ယောကျေးရွာကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်
များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
                                      စိုင်းလူမင်း-မီဒီယာဂရု
                                        Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment