For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 23 May 2014

NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပနကိစ္စ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ၁၈-၂၀၁၄
ရက်စွဲ။ ၂၂-၅-၂၀၁၄
                NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ဈာပနကိစ္စ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းသည် ၂၁-၅-၂၀၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပင်လုံဆေးရုံကြီးတွင်  အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီးဖြစ် ပါသည်။ ပါတီနှင့် နိုင်ငံတော်အတွက် ကြီးမားသော ရှုံးဆုံးမှုကြီးတစ်ရပ်အဖြစ် ပါတီအနေဖြင့် ရှုမြင်ပါသည်။
         ဒေါက်တာသန်းငြိမ်း၏ ဈာပနကို ၂၃-၅-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ရေဝေးသုဿန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
         ဒေါက်တာသန်းငြိမ်း၏ ဈာပနအတွက် လားရှိုးမြို့သို့ ရောက်ရှိနေသော ပါတီဥက္ကဌ ဦးခင်မောင်ဆွေ အနေဖြင့် လိုအပ်သည့်ကိစ္စရပ်အ၀၀ကို စီမံညွှန်ကြားဆောင်ရွက်နေသော်လည်း နှလုံးအောင့်ရောဂါ ကုသနေသည့်အတွက် ကျန်းမာရေးအရ  ဈာပနသို့ကိုယ်တိုင်တက်ရောက်နိုင်မည် မဟုတ်ကြောင်း သတင်း ရရှိပါသည်။
         မန္တလေးမြို့သို့  လယ်သမားများနှင့်တွေ့ဆုံရေးအတွက် ရောက်ရှိနေကြသော ပါတီခေါင်းဆောင်များ ဖြစ်ကြသည့် ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်နှင့် စီအီးစီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်တို့  ဈာပနအမှီ ပြန်လည်ရောက် တက်ရောက်မည် ဖြစ်သည်။
         ပြည်နယ်နှင့်တိုင်းများမှ တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များလည်း ဈာပနသို့ လာရောက်ပို့ဆောင်ကြမည်ဖြစ်ပြီး ပါတီဌာနချုပ်ရုံးတွင် နံနက် ၁၁း၀၀နာရီတွင် ဈာပနသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment