For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ဥပဒေရဲ့နောက်ကွယ်မှာ (အပိုင်း-10 ) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ပြီးခဲ့တဲ့မေလ(၁)ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးက
 အလုပ်သမားကြီးများအတွက် အလုပ်သမားနေ့ သ၀ဏ်လွှာ
ကို ပေးပို့ခဲ့တယ်ဆိုတော့ စာေ၇းသူလည်း အလုပ်သမားတေ
 အကြောင်းတော့သွားပြီး လေံလာဦးမှာဘဲဆိုပြီး စာရေးသူ
တို့မှာ နေ့ဘက်အလုပ်သမားတွေရှိတဲ့ ဘူတာဘက်ကိုလျှောက်
ပြီး စာရေးသူရဲ့ အသိတစ်ယောက်တစ်လေများရှိမလးဆြို
ပီး
သွားရှာခဲ့ပါတယ်
        ကံအားလျှော်စွာနဲ့ဘဲ စာရေးသူနဲ့ အနည်းငယ်မျက်မှန်း
တန်းမိတဲ့ အလုပ်သမားတစ်ယောက်ကို သွားတွေ့မိပါတယ် ။
ဒါနဲ့ပဲ စာရေးသူလဲသိချင်တာလေးတွေမေးဖို့ နီးစပ်ရာလက်
ဖက်ရည်ဆိုင်သို့ ခေါ်သွားပြီးမှ ဌာနကနေအုပ်ချုပ်ကြောင်းနဲ့
 ဗဟိုပြည်တွင်းကုန်တင်ကုန်ချဟုခေါ်ကြောင်း ဒီမြို့မှာတော့
 ဌာနခွဲအနေနဲ့ ၂ခုရှိပြီး  သူတို့အဖွဲ့က ကုန်တင်ကုန်ချကို
လုပ်ကိုင်ပြီး နောက်တစ်ဖွဲ့ကတော့  အိမ်၊ဆိုင်တွေကိုရောက်
ပို့ပေးတဲ့လုပ်ငန်းကို လုပ်ကိုင်တယ်လို့ သိရပါတယ် ။သူတို့
အလုပ်သမားအဖွဲ့မှာ  ဖူလုံရေးကြေားထည့်ဝင်ငွေဆိုတာရှိပြီး
 အလုပ်ထဲက လုပ်သားတစ်ဦးဆုံးလျှင် ဖူလုံရေးမှလည်း
ထောက်ပံ့ကြေးငွေနဲ့သူတို့ အလုပ်သမားရုံးမှလည်းကောင်း
ထောက်ပံ့သဂြိုလ် စရိတ်ဆိုတာ ထုတ်ပေးကြောင်းကိုလဲ
ပြောပြပါတယ်။
        သူအလုပ်ဆင်းနေတဲ့ ဌာနခွဲ(၁)မှာဆိုရင် အရက်သမား
တွေ အရက်ဖြတ်ရင်တောင် မန္တလေး က အလုပ်သမားဆေးရ
ုံကြီးမှာ သွားရောက်ကုသခွင့်ရှိလို့ သူတို့အလုပ်သမားတွေ
အဆင်ပြေကြောင်းသိရပါတယ် လုပ်သား(၅)နှစ်ပြည့်ပြီးသူတွေ
နုတ်ထွက်ရင်(သို့မဟုတ်) သက်ပြည့်၆၀ ရှိလျှင် အလုပ်သမား
စုဆောင်းငွေထဲမှ အချိုးကျကို ထုတ်ယူခံစားခွင့်ရှိကြောင်း
 ပြောပါတယ် ဒါဖြင့် အဆင်မပြေတာကောရှိလားရှိသလားလို့
 စာရေးသူမေးတော့ ထိုသူက သက်ပြင်းလေးချပြီး ဆက်ပြော
ပြရှာပါတယ် ကျွန်တော်တို့ ဌာနခွဲ(၁)မှာလဲ သူ့အခက်ခဲနဲ့
သူရှိသလို ဌာနခွဲ(၂)မှာလဲ သူအခက်ခဲနဲ့သူတော့ရှိတာပေါ့လို့
 ပြောရှာပါတယ်။သူအလုပ်လုပ်နေတဲ့ဌာနမှာဆိုရင် လုပ်သား
မှူးတွေကဘဲ အဆင်ပြေနေကြပြီး သူတို့ကပဲ လှည်းခေါင်း
လုပ်ကြတာဆိုတော့ ရွှေမရှား/ငွေမရှားပေါ့ ကျွန်တော့်တို့လို
လုပ်သားတွေကတော့ တစ်ရက် ၃၀၀၀ိ/ -၀န်းကျင်ပဲဆိုတော့
 စားရရုံပေါ့ဗျာ " ပြောပြပါတယ်။
            ဒါနဲ့စာရေးသူလဲဆက်မေးတာပေါ့ဌာနခွဲ(၂)အကြောင်း
လေးကောသိရင်ပြောပြပါဦးလို့လို့မေးတော့ " သူကငြီးတွား
စွာပြောပြပါတယ်။အဲ့ဒီဌာနခွဲ(၂)ကမကြာပါဘူး ပျက်မှာပါလို့
ပြောပါတယ် ဘာဖြစ်လို့လဲလို့စာရေးသူကပြန်မေးတော့
သူတို့လုပ်သားတွေက တစ်ရက်မှ၁၀၀၀ိ/- လောက်ရတာဆို
တော့ ရေရှည်မှာ မစားလောက်တော့ ထွက်ကုန်ကြပြီလေ ၊
ထွက်သွားတဲ့သူတွေကလဲ ခံစားခွင့်လေးများအကျိုးခံစားရ
မယ်လို့မထင်နဲ့ ..တစ်ယောက်မှရတယ်လို့မကြားမိဘူး"
လို့ပြောပါတယ်။
         တစ်ရက်ရငွေနည်းနေတာက ဘာဖြစ်လို့လဲ မေးတော
့ အဲ့ဒီအဖွဲ့က အလုပ်မှမရှိတာ ကုန်သည်အ၀ယ်တော်တွေက
 သူတို့ကို မခိုင်းဘူး အပြင်လူနဲ့ဘဲ အလုပ်လုပ်တယ်လေ
 ဒါကိုမကျေနပ်လို့ အလုပ်သမား ဦးစီးအရာရှိ ကိုယ်တိုင်
ခဏခဏဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး အစည်းအဝေးခေါ်ပြီး
 လုပ်တာလဲ ဘာမှမထူးခြားပါဘူး ။မေလ (၁)ရက်နေ့ကလည်း
လုပ်ငန်းတေါက်ု ဌာနခွဲ(၂)က ပြန်လည်လုပ်ကိုင်မယ်လို့ဆိုပြီး
ညှိနှိုင်းအစည်းအဝေးတောင် လုပ်သေးတယ် သူတို့တစ်တွေက
လည်း အလုပ်ရပါစေတော့ဆိုပြီး ၂၀၀၅က လုပ်အားခငွေပဲ
ရှင်းပေးနိုင်မယ်ဆိုတော့ အစည်းအဝေးတက်တဲ့ လူကြီးတွေ
ဆုံးဖြတ်တဲ့အတိုင်းလုပ်ပါ့မယ်ဆိုပြီး မတန်တဆ ခိုင်းတာလဲ
ဘာမှမတတ်နိုင်ဘူးလေ ရရာငွေလေးနဲ့တော့ လူတွေလဲမရှိ
တော့ဘူးပျက်ပြီးပေါ့"  လို့ ပြောပြီး  ထိုသူလဲ နောက်မှဆက်
ပြောတာပေါ့ အလုပ်ရှိသေးလို့သွားလိုက်ဦးမယ်ဆိုပြီး ထ
သွားပါတယ်။
       စာရေးသူလဲ ဘာထပ်မေးရမယ်မှန်း မသိတော့ပါဘူး
နိုင်ငံတော်က ဆင်းရဲသူပပျောက်/လျော့ချရေးတွေလုပ်ပေး
နေခဲ့ပေမဲ့လည်း နင်းပြားကတော့ နင်းပြားပါပဲလို့ တွေးရင်းနဲ့
ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားကြီးများအား ဤဆောင်း
ပါးဖြင့် ဂုဏ်ပြုလိုက်ပါသည်။
                                               နိုင်းမရ (ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment