For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 17 May 2014

ရွာငံမြို့နယ်၏ အဂတိလိုက်စားမှုများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ရွာငံမြို့နယ်၏ သိကောင်းစရာများ
     ရွာငံမြို့တွင်  အကျင့်ပျက်ချစားခြင်း
လောင်းကစားလုပ်ကိုင်ခြင်းများ   လာဘ်ပေးလာဘ်ယူခြင်းများ  နှင့် တရားမဝင်သည့်  လုပ်ငန်းများစွာကို   တရားဝင်လိုင်စင်  ရယူထားသလို ပေါ်ပေါ်ထင်ထင် ဆောင်ရွက်နေမှုများကို    တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးတဲ့  အကြီးအကဲများ  အရေးယူဆောင်ရွက်ပေး  နိုင်တဲ့  အကြီးအကဲများ သိရှိအောင်  တင်ပြ   ပေးစေလိုပါတယ်။
   ရွာငံမြို့နယ်မှာ  ချဲထီရောင်းချသူ  များတနေ့တခြား  ပိုမိုများပြားလာပြီး  စုစုပေါင်း  ချဲထီရောင်းကြေး (၃)သိန်းကျော်   ရှိပြီး  ရောင်းကြေး(၁)ထောင်ကျပ်ကို  ဘတ်ကြေး  ၃ သောင်းပေးဆောင်ပြီး
 ရောင်းချနေပါတယ်။
  ချဲရောင်းသူနဲ့  ထိုးသူအားလုံး  ဆင်းရဲတွင်း
နက်နေပြီး  ဘတ်ဒိုင်နဲ့ ဘတ်ကြေးရယူသူများသာ  တိုက်ဆောက်
ကားစီးပြီး  ချမ်းသာနေကြတာ  တွေ့မြင်နေ
ရပါတယ်
ချဲထိုးပြီး ငွေကြေးဆုံးရှုံးနေသလို  ပက်မြန်မာအဖွဲ့ချေးငွေ  ဆင်းရဲသားလျော့
ချရေးချေးငွေ   စတဲ့ အတိုးများနဲ့  ဝန်ပိနေ
တာတွေ့နေရပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းကရတဲ့  အမြတ်အစွန်း  ကလဲ  ဈေးနှုန်းမမှန်လို့ ရှုံးလိုက်  ချေးလိုက်  အရင်းပြုတ်လိုက်ဖြစ်နေပါတယ်။
တောင်သူတွေမှာ  လှည်းနွားမဝယ်နိုင်သူ  တွေများလာပါတယ်။
မြစ်သား  ကူမဲ ဆူးလေကုန်းမှ  ကုလားများ
နွားကိုကားနဲ့တင်ပြီး  ရွာငံလမ်းက သယ်နေ
တာလည်းကြာလှပါပြီ။  ကားတစ်စီးကို နွား
အကောင် ၂၀ နဲ့ အထက်ပါပါတယ်။  ကားနဲ့
တင်လာတဲ့နွားကို မြို့နယ်အထွက်ရဖို့
နွားပွဲဈေးဒိုင်ကို  တစ်ကောင် ၆ ထောင်ကျပ်
ပေးပြီးလက်မှတ် ဖြတ်ရကြောင်းနဲ့ ကားတစ်စီးထွက်တိုင်း မြို့နယ်အာဏာပိုင်
များအတွက် ဂိတ်ကြေး ၃  သိန်းပေးဆောင်
ပြီးသယ်ဆောင်နေတဲ့အတွက်  နွားတစ်
ကောင်ကို ကျပ် ၁၀ သိန်းကနေ  ၁၉ သိန်း
အထိဈေးမြင့်တက်နေပါတယ်။  နွားကား
တွေ နွေရာသီက တစ်ညကို ၁၀စီးကနေ
၂၀ စီးအထိသယ်ဆောင်ပြီး အခုတော့ တစ်ရက်ကို ၃စီးကနေ ၅ စီးလောက်သာ
သွားတာတွေ့ရပါတယ်။  ဒီကိစ္စကို ပြည်နယ်
ကစစ်ဆေးမှုတွေပြုလုပ်တယ်လို့ ကြားခဲ့ရ
ပြီး ဘာမှ အရေးယူ ဆောင်ရွက်တာတော့
မတွေ့ရပါဘူး။  နွားကားတွေလေးကျိုး
တန်းကျိုးလို့ နွားတွေ  မောင်းချတဲ့အချိန်
ခေါ်ပြပေးရမယ်ထင်ပါတယ်။  သူတစ်ပါး
အကျိုးစီးပွါးထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မရှိ
ပါဘူး။  တောင်သူတွေ   နွားရောင်းပြီး နွား
မဝယ်နိုင်ဘဲ လက်ပြုတ်ကုန်ကျပါပြီ။
တစ်ညကို  သိန်း၁၀  ဂဏန်းရသူတွေက                 တော  ငွေမည်းကို  ဘယ်လိုငွေဖြူလုပ်ရ
မလဲ။   လမ်းကြောင်းတွေရွေ့နေကြပါပြီ။
ပြောရမယ်ဆိုရင်လဲ  အများကြီးပါဘဲ။
တရားမဝင်သစ်ထုတ်တယ် တရားမဝင်
သယ်တယ် ။ သစ်စက်တစ်လုံးကို လစဉ်
ကြေး ၂သိန်းခွဲ  ပေးရတယ်။ ချိန်းဆော
တစ်လက်ကို ၇ သောင်းပေးရတယ်။ အရေ
အတွက်နဲ့ဆိုရင်တော့ လစဉ်အများအပြား
ရနိုင်တာပေါ့။  တရားမဝင် သတ္တုခိုးတူးတယ်
ဗြောင်တူးတယ်။ တရားမဝင်အရက်/ဘီယာ
ရောင်းတယ်။ ဒါတွေကို သက်ဆိုင်ရာ အဆင့်ဆင့်သော ဌာနတွေကမသိရှိဘဲနဲ့
ပြည်သူတွေရဲ့ နားမှာလျှံနေရတာလဲ။
စဉ်းစားရကြပ်ပါတယ်။ အဂတိလိုက်စားမှု
တိုက်ဖျက်ရေးဥပဒေကိုလည်း မကြောက်
ဘူးထင်ပါတယ်။ လစာဝင်ငွေနဲ့ သမာအာ
ဇီဝ ကျကျနေရမယ်ဆိုရင်  ဝန်ထမ်းလုပ်မယ့်
ပုံမပေါ်ပါဘူး။ ဥပဒေကိုမကြောက်ရင်လဲ
သံသရာကိုတော့ ကြောက်တတ်မယ်ဆိုရင်
သတိတရား ထားကြဖို့ ပန်ကြားချင်ပါ
တယ်။  လွှတ်တော်ကိုယ်စားလှယ်ကြီးများ
ကိုလည်း ဌာနဆိုင်ရာတွေမှာ ပြန်တမ်းဝင်
အရာရှိများအဖြစ် တာဝန်ထမ်းဆောင်မဲ့
သူများရဲ့ပိုင်ဆိုင်မှုစာရင်း မှတ်ပုံတင်ရေး
သွင်းပြီး  တင်ပြထားရှိနိုင်ရေး ဥပဒေပြုနိုင်
ဖို့တင်ပြလိုပါတယ်။  ဒါမှလည်း လစာရဲ့
တန်ဖိုးကို နားလည်နိုင်ပြီး စိတ်ရင်းစေတနာ
အမှန်နဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်မယ့်သူတွေ ပေါ်ပေါက်လာမှာ
ဖြစ်ကြောင်းတင်ပြရင်းနဲ့ဘဲ။
မျက်စိနဲ့ နားများကို  ဖွင့်မိ  စွင့်မိလိုက်တဲ့။
ရွာငံ(ရေငံ)သား

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment