For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 23 May 2014

မလှိုင်မြို့ မြို့မစည်ပင်သာယာ ဘာတွေလုပ်???????? ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မလှိုင်မြို့ ရပ်ကွက်ကြီး၁ အမှတ် ၇ ရပ်ကွက်နေ  ဦးဝင်းမြင့်၏ အိမ်ဝိုင်းအတွင်းရှိ ကြက်ခြံ ၂ ခြံမှ ကြက်ချေးများအားဝိုင်းအတွင်းစု
ပုံထား သည်မှာ တောင်ပူစာတစ်ခုမျှရှိ ကြောင်း ထိုအနံအသက်များမှာ ပါတ်ဝန်းကျင်အနံဆိုးများ ဖြစ်ပေါ်နေကြောင်း ထိုကြက်ခြံသည်ကုန်းမြင့်တွင်ရှိသဖြင့် အနိမ့်ပိုင်းရှိအိမ်များမှာ မိုးရွာသွန်းသည့်အခါ ကြက်ချေးနှင့် ရေများဖြတ်သန်းစီးဆင်းခံရသဖြင့် ပိုမိုဆိုးရွားသည့်အနံ့အသက်များ ခံစားနေရကြောင်းကို မလှိုင်မြို့မစည်ပင်သာယာသို့ အကြောင်းကြားတိုင်ကြားခဲ့ပါသည်။
ထိုအပြင် အနံ့ဆိုးများနေ့စဉ်ရှူရှိုက်နေရသဖြင့် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်လာနိုင်ကြောင်း ကူစက်မြန် ကြက်ငှက်တုပ်ကွေးရောဂါကျရောက်နိုင်ခြင်း မိုးရွာသည့်အခါအညစ်အကြေးများ တပါးသူအိမ်အတွင်းဖြတ်သန်းစီးဆင်း နံစော်ညစ်ပတ်စေခြင်းတို့ကြောင့် ရပ်ကွက်လူနေအိမ်အတွင်း ကြက်ခြံမွေးမြူရေး လုပ်ငန်းအားဖယ်ရှားပေးရန် 
၁=ဒေါ်အေးမြင့်သန်း
၂=ဦးတင်ကို
၃=ဦးဘိုထွန်း
၎=ဦးစန်းမောင်
အမှတ် ၇ ရပ်ကွက် ရပ်ကွက်ကြီး ၁ မလှိုင်မြို့တွင်နေထိုင်သူ ၄ ဦးတို့ စုပေါင်း၍ လက်မှတ်ထိုးကာ၂၀၁၄ခု ၄ လပိုင်း ၇ ရက်နေ့တွင် ပထမအကြိမ်တင်ပြခဲ့ရာ ၁၀ ရက် ၁၅ ရက်ခန့် ကြက်မွေးမြူရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့သော်လည်း ကြက်ချေးနှင့်အနံ့အသက်များမဖယ်ရှားခဲ့ပါ။ ယခုပြန်လည်မွေးမြူနေသည်မှာ ၉ ရက်ခန့်ရှိပါပြီ။ ၂၀၁၄ ခု ၅ လပိုင်း ၁၇ ရက်နေ့တွင် မြို့မစည်ပင်သာယာသို့ထပ်မှန်အကြောင်းကြားတိုင်ကြားခဲ့ရာ မည်သည့်ဆောင်ရွက်မှုမျှမရှိပါသဖြင့် သက်ဆိုင်ရာ အထက်လူကြီးများမှ ညွှန်ကြားဆောင်ရွက်စေလိုပါသည်။
ဒေါ်အေးမြင့်သန်း
အမှတ် ၇ ရပ်ကွက်
ရပ်ကွက်ကြီး ၁
မလှိုင်မြို့
ကျွန်တော်တို့စည်ပင်သာယာသို့တင်ခဲ့သော တိုင်စာမိတ္တူ လက်ခံအားပုံနှင့်တကွတင်ပေးလိုက်ပါသည်။
မလှိုင်မြို့

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment